~4.2~

541 140 26
                                    

Unicode

ချီဆွေ့သည်ချောင်းဆိုးလိုက်ပြီးနောက်လက်ကိုမြှောက်၍နားကြပ်ကိုပြန်ညှိတပ်လိုက်သည်။သူမြေပုံကိုဖွင့်ကာအနီစပ်ကိုမှတ်လိုက်သည်။သူ၏အသံ၌ပြုံးနေသည့်အရိပ်အယောင်မှာတစ်စွန်းတစ်စပါဝင်လျက်။

"Dort,das rote Zeichen"
(ဒီမှာနေရာကိုအနီနဲ့ပြထားတယ်)

ဂျာမန်အဖွဲ့သားမှာယဥ်ကျေးစွာပင်တုံ့ပြန်လေသည်။အခုထိမိုက်ခ်ကိုမဖွင့်ရသေးသောအခြားအဖွဲ့သားမှာကားကိုရှာတွေ့၍အခြားသုံးယောက်ကိုပါတင်လိုက်သည်။လေးယောက်လုံးသည်အဆိပ်မမိစေရန်*ကားကိုမောင်း၍ထိုနေရာမှထွက်လိုက်သည်။သူတို့ပစ္စည်းတွေကိုမဖြန့်ခင်လုံခြုံရေးနယ်မြေအတွင်းရှိချီဆွေ့ပြထားသောနေရာသို့ရောက်အောင်မောင်းသွားသည်။

ချီဆွေ့သည်ပုံမှန်ကိုင်နေကျစနိုက်ပါရိုင်ဖယ်ကိုယူလိုက်သည်။သူရွေးလိုက်သည့်နေရာမှာအကောင်းဆုံးနေရာဖြစ်သောကြောင့်ဒုတိယစက်ဝိုင်းသည်ထိုနေရာ၌ပင်ဖြစ်ပေါ်လာသည်။သူတို့သည်အဆိပ်မမိစေရန်ထွက်ပြေးဖို့မလိုသောကြောင့်ဝပ်လျက်လုံခြုံရေးနည်းမြေကိုသာဆက်ပြီးစောင့်ကြည့်နေသည်။ထိုလေးယောက်စလုံးသည်ဦးတည်ချက်တစ်ခုစီယူပြီးအဆိပ်စက်ဝိုင်းကိုဖြတ်ကာထိုလမ်းကြောင်းမှထွက်ပြေးလာသူများ၏ပစ္စည်းကိုလုယူရန်စောင့်နေကြသည်။

ချီဆွေ့သည်အချိန်ခဏကြာသည်အထိဒုတိယထပ်၌မတ်တပ်ရပ်ပြီးမှန်ပြောင်းမှတစ်ဆင့်အခြေအနေကို စောင့်ကြည့်နေသည်။ထို့နောက်မျက်လုံးထောင့်မှတဆင့် သူ့ဘေးနား၌ရပ်နေသောယွီရန်၏ပုံရိပ်ကိုတွေ့လိုက်သည်။

ယွီရန်၏ဂိမ်းဇာတ်ကောင်မှာတွန့်ဆုတ်တွန့်ဆုတ်နှင့်ချီဆွေ့ဘေးနားသို့ရောက်လာပြီးနောက်သူ့ခြေရင်း၌ဆေးအိတ်ကိုချပေးလေသည်။

ဆေးအိတ်သည်ဂိမ်းထဲ၌ပါဝါ(ကျန်းမာရေး) ကို100%အထိထိန်းပေးနိုင်သောတစ်ခုတည်းသောပစ္စည်းဖြစ်ပြီးရရန်ခဲယဥ်းသည်လို့ယူဆ၍ရသည်။

လွန်ခဲ့သောတစ်နှစ်အကြာကလဲ ယွီရန်မှာဒီပုံစံအတိုင်းပင်။ပွဲစီစဥ်သူများကကျွေးသောရေခဲမုန့်ကိုယူလာပြီးနေ့တိုင်းသူ့ကိုလက်ဆောင်ပေးသည်။
ပြောရလျှင်ချီဆွေ့သည်ရေခဲမှန့်စားရတာကိုမနှစ်သက်ပေ။ထို့အပြင်သူ့စိတ်ထဲ၌ Hagen-Daazရေခဲမုန့်မှာအဲ့လောက်ထူးခြားသည်ဟုမထင်။

AWM:PUBG||Myanmar Translation[Dropped]Donde viven las historias. Descúbrelo ahora