~5.1~

550 117 18
                                    

Unicode

Livestream ပြီးသွားသည်နှင့် ချီဆွေ့သည် ဒုတိယထပ်၏နားနေခန်းထဲသို့ အမြန်ပြေး၍လှန်လှောရှာဖွေ လေသည်။ သူထင်ထားသည့်အတိုင်းပင်။သူတို့ရုံးခန််း၏ဆေးအိတ်ထဲ၌ အဖျားပျောက်ဆေးကဲ့သို့သော အချို့အသုံးများသည့် ဆေးများသာရှိပြီးအနာလိမ်းဆေးမှာမရှိပေ ။

ကံကောင်းစွာပင် သူတို့ရုံးခန်းနှင့်မနီးမ၀ေး၌ ၂၄ နာရီဖွင့်သောဆေးဆိုင်ရှိနေသည်။ ချီဆွေ့သည်အခြားသူများကိုပြောမနေပဲ လိမ်းဆေးဘူးကို၀ယ်ရန် ကားမောင်းထွက်သွားပြီးနောက်ပြန်လာလိုက်သည် ။

မန်နေဂျာကဒီမနက်ခင်းကပင် ကလေးတွေကိုမလှန့်ရန်သူ့ကိုသတိပေးထားသည့်အတွက် ချီဆွေ့သည် ပထမထပ်၏ထရိန်နင်အခန်းထဲသို့၀င်ရမည်ကိုတွန့်ဆုတ်နေသည်။

သို့သော် အမှတ်မထင်စွာပင် သူစောင့်ပြီးသိပ်မကြာခင်မှာ ယွီရန်ထွက်လာလေသည်။

ချီဆွေ့သည်ခေါင်းကိုနည်းနည်းငုံ့ပြီး ယွီရန်၏ညာဘက်လက် အလယ်တည့်တည့်တွင်ရှိနေသော ပြည်တည်ပြီး ရဲနေသည့်အရာကိုသေချာကြည့်နေသည်။

"ဒါကမနာဘူးလား?"

ယွီရန်သည် ချီဆွေ့ကိုကြည့်နေရင်းမှ ရင်ဘတ်ထဲ၌အောင့်လာပြီး မျက်လုံးများမှာတဖြည်းဖြည်းရဲတက်လာသည်။ နှလုံးသားထဲ၌ တစ်နှစ်ကျော်လောက်ပြောရန်စုထားသော မရေမတွက်နိုင်သည့်စကားများမှာ တစ်လုံးနှင့်တစ်လုံးအလုအယက်ထွက်ရန်ပြင်နေသောကြောင့် သိပ်မကြာခင်မှာ သူ့ရင်ဘတ်တစ်ခုလုံးပေါက်ထွက်တော့မလိုပင်။

သူစကားပြောရန်နှုတ်ခမ်းများကိုလှုပ်လိုက်သော်လည်း တစ်လုံးမှမပြောရသေးခင်မှာပင် ရုတ်ချည်းဆိုသလို မျက်ရည်များမှာစတင်ကျဆင်းလာသည်။

ယွီရန်သည်ရှိုက်သံထွက်လာမည်စိုး၍ ကိုယ့်ကိုကိုယ်ပြန်ထိန်းချုပ်ရန် ခေါင်းကိုတစ်ဖက်လှည့်ပြီးအံကိုတင်းတင်းကြိတ်ထားသည်။

ချီဆွေ့သည် တိတ်တိတ်ကလေးပင်ယွီရန်ကိုအကဲခတ်ကြည့်နေသည်။

အကယ်၍ ယွီရန်အခုလိုလုပ်နေခြင်းမှာ သရုပ်ဆောင်နေသည်သာဖြစ်ပါက ပရော်ဖက်ရှင်ကျကျ ဂိမ်းလာကစားခြင်းသည်တကယ်နှမြောဖို့ကောင်းပေ၏။ အဲ့ဒီအစား တံခါးအပြင်ကိုထွက်၍ ဘယ်ဘက်ကိုချိုးပြီး Beijing Film Academy သို့အမည်စာရင်းသွားသွင်းခြင်းသည် သူ့အနာဂတ်အသက်မွေးလမ်းကြောင်းကို ပိုပြီးအောင်မြင်စေလိမ့်မည်။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now