~3~

610 132 47
                                    

Unicode

အစက နာမည်ကို"ချီဆွေ"ဆိုပြီးပြန်ထားမိတယ်ထင်တယ်။ နောက်မှ audio သွားနားထောင်ကြည့်တာ "ချီဆွေ့" လားလို့။ အဲ့ဒါကြောင့်ဒီအပိုင်းကစပြီး"ချီဆွေ့"လို့ပဲသုံးသွားပါ့မယ်။

========

လေ့ကျင့်သည့်ကစားပွဲများမှာညနေ၃နာရီမှည၉နာရီအထိကြာမြင့်ခဲ့သည်။အခြားသောထိခိုက်မှုအနည်းအကျဥ်းတောင်မရှိဘဲချီဆွေ့၏အဖွဲ့မှာပထမနေရာကိုရရှိခဲ့သည်။သို့သော်ပထမအချီတွင် ချီဆွေ့သည် သတိထားမိစေလောက်သောအမှားသေးတစ်ခုကိုကျူးလွန်ခဲ့မိပြီး နောက်ပိုင်းအချီများတွင်မူ ယွီချန်းရှီ၏အခြေအနေမှာဆက်ပြီးမကြည့်နိုင်လောက်သည်အထိဆိုးရွားသွားခဲ့သည်။ လေ့ကျင့်ကစားပွဲများပြီးဆုံးပြီးနောက်နည်းပြသည်အဖွဲ့တစ်မှလူများနှင့်တစ်ယောက်ချင်းစီပြန်ဆွေးနွေးရန်သူတို့လေးယောက်ကိုမထွက်သွားခိုင်းသေးပေ။

နည်းပြလိုင်ဟွားသည် HOG ၏အရင်ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီး သူဒီလောကမှအနားယူသွားပြီးနောက် နည်းပြအဖြစ် HOGမှာပင်တာဝန်ထမ်းဆောင်​နေခြင်းဖြစ်သည်။ပုံမှန်အားဖြင့်လိုင်ဟွားသည် အရယ်အပြုံးသိပ်မရှိဘဲ မျက်နှာကြောမှာခက်ထန်သည်။ အဖွဲ့ထဲတွင်ထိုသူမှာစဥ်းစားဉဂဏ်အရှိဆုံးဟူသော ဂုဏ်ပုဒ်အားရရှိထားပြီး ချီဆွေ့လျှင်တောင်သူ့ညွှန်ကြားချက်ကို ဂရုတစိုက်နှင့်နားထောင်သည်။မန်နေဂျာဟယ်ရှောင်ရွှီမှာအခြေအနေသိပ်မကောင်းတာကိုရိပ်မိသောကြောင့်စကားအများကြီးပြောမနေဘဲ တိတ်တိတ်လေးသာအောက်ထပ်ကိုဆင်းသွား၍ ညစာထမင်းဘူးအချို့ကိုဆွဲယူပြီးနောက် အပေါ်သို့ပို့ပေးလိုက်သည်။

ကစားပွဲအကြောင်းပြန်လည်ဆွေးနွေးခြင်းဖြစ်စဥ်သည်ပရော်ဖက်ရှင်နယ်ကစားသမားများကိုလေ့ကျင့်ရာတွင် သည်းမခံနိုင်ဆုံးအပိုင်းပင်။

ချောချောမွေ့မွေ့နှင့်ပြီးသွားသောကစားပွဲဆိုရလျှင်ထားပါတော့။ ဤကဲ့သို့ကစားသမားမှာအခြေအနေမကောင်းသောကြောင့် အမှားတော်တော်များများကိုကျူးလွန်မိသည့်အချိန်တွင် နည်းပြသည်တစ်ကွက်ခြင်းစီကို အမိအရဖမ်း၍အကျယ်ချဲ့ကာ အသေးစိပ်သုံးသပ်တော့သည်။ယွီချန်းရှီသည်မူလ၌ညအိပ်ချိန်နောက်ကျသဖြင့်မျက်လုံးနီရာမှ အခုဆိုလျှင် မျက်နှာတင်မကဘဲ နားရွက်နှင့်နှားခေါင်းများပင်နီရဲနေချေပြီ။ဝေဖန်ချက်တစ်ချီပြီးတိုင်း လိုင်ဟွား၏ဒေါသမှာပိုပိုတိုးလာပြီး နောက်ဆုံး၌ အဆုံးစွန်ထိပေါက်ကွဲကာ ယွီချန်းရှီအား ဆဲနည်းပေါင်းစုံဖြင့်ပစ်လွှတ်တော့သည်။တစ်ချိန်တည်းမှာပင် သူဟယ်ရှောင်ရွှီကိုခေါ်လိုက်ပြီး ယွီချန်းရှီ၏ ပုံမှန်livestreamလုပ်ချိန်ကိုအများဆုံးတစ်နေ့၄နာရီသာလုပ်ရန်သတ်မှတ်ခိုင်းလိုက်သည်။

AWM:PUBG||Myanmar Translation[Dropped]Where stories live. Discover now