Ch69 - Stay and Accompany Me to Sleep, Okay

Start from the beginning
                                    

ကျောက်မိန်လန်က ငြိမ်ငြိမ်သက်သက်နဲ့ပဲ ပါးစပ်ပိတ်ထားလိုက်ရတယ်။ တကယ်တမ်းကျ သူမဘေးမှာ ရှိတဲ့တစ်ဦးတည်းသောလူဆိုလို့ သူမရဲ့သား ဟယ်ချန်းမင်ပဲရှိတော့တာလေ။ သူမက ဟယ်ချန်းမင်အပေါ်မှာ တကယ်တော့ အပြစ်ရှိသလို ခံစားနေခဲ့ရတာ။ အထူးသဖြင့်ဆေးတိုက်တဲ့ကိစ္စမှာပေါ့။အဲ့ဒီအချိန်တုန်းက သူမက သူစိတ်လွတ်သွားမှာ အရမ်းစိုးရိမ်ခဲ့တာမို့ အတင်းအကြပ်လည်း ဖိအားပေးခဲ့သေးတယ်လေ။

သူနာပြုမလေးက ကြမ်းပြင်ပေါ်ကျနေတဲ့ IVအပ်ကိုမြင်တော့ မျက်မှောင်ကြုံ့သွားတယ်။ဒါပေမဲ့လည်း ငှာနမှူးရဲ့ ဒီအမျိုးသမီးဟာ ဟယ်Groupရဲ့ နာမည်ကြီးအမျိုးသမီးတစ်ဦးဆိုတာရှင်းပြထားတာကို သတိရသွားတော့ သူမက ဘာတစ်ခုမှ မပြောဝံ့ပဲ ဘေးနားမှာသာရပ်လို့ ဘာမှမသိသလို ငေးကြည့်နေလိုက်တယ်။

ဒါကိုမြင်တော့ ဟယ်ချန်းမင်က နောက်ကို နှစ်လှမ်းလောက်ဆုတ်ကာ သူမကိုနေရာပေးလိုက်ရင်း IVအပ်ကို ပြန်တပ်ပေးဖို့ လက်ဟန်ခြေဟန်ပြလိုက်တယ်။

IVအပ် ပြန်သွင်းနေတဲ့အချိန်မှာပဲ ကျောက်မိန်လန်က အရာအားလုံးကို နားလည်ချင်ဇောနဲ့  ပိုက်ဆံတွေက ဘယ်ကရလဲ။ ဘာလို့ဟယ်မုရှန် အကောင့်ထဲမှာ ထားရတာလဲ ဆိုတဲ့ မေးခွန်းပေါင်းစုံကိုမေးရင်း ဟယ်ချန်းမင်ကို မရပ်မနားကို အနှောင့်အယှက်ပေးနေတော့တယ်။

နောက်ဆုံးတော့ သူမက ခပ်တိုးတိုးမေးလိုက်တယ်။

"ရှောင်မင်...မင်း မားကိုမုန်းလား"

ဟယ်ချန်းမင်က စိတ်ခံစားချက်တွေကို ထုတ်ပြောနိုင်ခြင်းမရှိပဲ တောင့်ခဲသွားတယ်။ဒါက အချိန်အကြာကြီးမျှော်လင့်ထားခဲ့ရတဲ့တစ်စုံတစ်ရာက အခုမှ သူ့ကိုလက်နှစ်ဖက်နဲ့ကမ်းလှမ်းနေတဲ့အလားပဲ။

သူ့အနေနဲ့ ကျောက်မိန်လန်ကိုမုန်းပါသလား။
 
တကယ်တော့ သူ မမုန်းပါဘူး။ မုန်းသာမုန်းရင် သူ့အနေနဲ့ သူမဆေးရုံရောက်နေတယ်ဆိုတဲ့ သတင်းကြားကြားချင်း အပြေးအလွှား လာကြည့်ဖို့မှ မလိုပဲ။

နောက်ဆုံးတော့လည်း ဟယ်ချန်းမင်က ထိုမေးခွန်းကို မဖြေခဲ့ဘူး။ သူက သူမ ခြုံထားတဲ့စောင်ရဲ့အနားစွန်းတွေကိုသာ လျိုသွင်းပေးလိုက်ရင်း ကျောက်မိန်လန် အိပ်ပျော်သွားတဲ့အထိ စောင့်ပေးနေလိုက်တယ်။ အချိန်ကိုကြည့် ကြည့်လိုက်ချိန်မှာတော့ ညနေခင်း ၈နာရီတောင် ကျော်နေပြီဖြစ်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now