"မိဇင် ဂျစ်ဂျစ်လေးရော"

"ဟုတ် သမီး သွားခေါ်လိုက်ပါမယ် သခင်မ"

"အားလုံးပဲ တောင်းပန်ပါတယ်ရှင် မြေးလေးက နည်းနည်း နောက်ကျနေလို့"

"ရပါတယ် မသီရိရယ် ပြောရမယ့် သူတွေလည်း မဟုတ်ချေတော့ ကလေးပဲ နောက်ကျတတ်ပါတယ်"

စောင့်ဆိုင်းပြီး ခနအကြာမှာတော့ အဖြူရောင် ဝမ်းဆက်နဲ့ ထွက်လာတဲ့ မင်းသားလေးကို အားလုံး အာရုံ စိုက်မိကြသည်။ ဘာတွေ အလို မကျဖြစ်လာသည်တော့ မသိ....နှုတ်ခမ်းလေးဆူကာ ပွစိပွစိပြောလာတဲ့ ကောင်လေးအား အားလုံးက သဘောတကျ ကြည့်နေကြချေသည်။

လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်ရင်း

"ကျွန်တော် အနည်းငယ် နောက်ကျသွားပါတယ်ခင်ဗျာ"

"ရပါတယ် မသီရိမြေးလေးက အချောလေးပဲ "
ဘွားဘွားတို့ စကားပြောနေတုန်း ရွှေစက်က သုခအား တံတောင်နဲ့ တွတ်ကာ

"အစ်ကို ကောင်လေးက ချစ်စရာလေး, ကိုကိုတော့ ကံကောင်းတာပဲ ညီမလေးတောင် ​ကြိုက်လာပြီ"

"မီးလေး တိတ်တိတ်နေ ဘွား ကြားသွားလိမ့်မယ်"

"ကဲ ဒါဆို မိတ်ဆက်ကြတာပေါ့ ဒါက ကျွန်မရဲ့ မြေး သုခစေမင်းပါ"

"ဒါက ကျွန်မတို့ရဲ့ မြေးလေး သန့်မှူးအလကာင်္ ပါ"

"ဂျစ်ဂျစ်လေး မောင်သုခကို နှုတ်ဆက်လိုက်လေ"

"မဂင်္ လာပါ လူကြီး...."
သုခကို ခေါ်လိုက်တဲ့ အသုံးအနှုန်းကြောင့် အားလုံးက ရယ်မောလိုက်ကြသည်ါ

"မြေးငယ်လေးက ချစ်ဖို့ကောင်းလိုက်တာကွယ်"

"ကိုမြတ် သားငယ်လေးက တကယ့် ချစ်မွှေးလေးနော် ကျွန်မဖြင့် အသည်းယားနေချေပြီ"

"ဟုတ်ပါ့ သားငယ်လေးက ချစ်ဖို့ကောင်းတယ် နောက်ထပ်သားတစ်ယောက် ရလိုက်သလိုပါပဲ"

တစ်ဖက်မိသားစုဝင်တွေကတော့ သန့်မှူးလေးကို မြင်ရုံဖြင့် ချစ်ခင်နေကြတော့သည်။

"ကျွန်မတို့ဘက်ကို မသီရိတို့ ဘက်က ကြိုက်ရာ တောင်းဆိုလို့ရပါတယ်"

To Love❤(Complete)Tempat cerita menjadi hidup. Temukan sekarang