"ဟာ ဖေဖေကလည်း သားဗိုက်ဆာနေလို့ကို"

"မင်း ပါးစပ်နဲ့ မုန့်နဲ့ အခုထိ မပြတ်သေးတာ ငါ့အမြင်ပဲ၊ Tvကြည့်တဲ့ အခန်းထဲမှာလည်း မုန့်ခွံကြီးပဲ၊ မင်း အကျင့်တွေ ပြင်တော့ ဂျစ်ဂျစ်ရာ မင်းကို ဟိုဘက်က လူတွေ မင်းကို မကြိုက်ကြရင် ဘယ်လိုလုပ်မလဲ"

"မကြိုက်တော့ ကောင်းတာပေါ့ သား လက် မထပ်ရတော့ဘူးလေ....."

"ကဲ ဒီကောင်လေး ငါလုပ်လိုက်ရ"

"ကဲ မောင်စိုင်း ငါ အလုပ်လုပ်နေလို့ ပြန်မပြောပဲ နားထောင်နေတာ ကလေးကို တော်ရုံဆူ သူလည်း စားချင်တာ ပြောတာပဲ"

"ဘာကလေးလဲ အမေ့မြေးက ၂၁ နှစ် ရှိနေပြီ"

"ငါ့အတွက်တော့ ငါ့မြေးလေးက ကလေးပဲ မြေးလေး အပေါ်မှာ သွားစောင့်နေချေ၊ ဘွားလေး မုန့်လုပ်ပြီး တက်ခဲ့မယ်နော်၊ ဘွားလေးမလာခင် ရေချိုးထား ပြီးတော့ ကုတင်ပေါ်မှာ မြေးလေးဝတ်ဖို့ အဝတ်အစားလေး တင်ထားတယ် ဝတ်လိုက်နော်"

"ဟုတ် ဘွားလေး"
မြေးဖြစ်သူ အပေါ်တက်သွားတော့မှ

"မောင်စိုင်း ကလေးကို အနည်းငယ် အလိုလိုက်ပေးလိုက်ပါ သူလည်း တခြားသူနဲ့ နေရရင် ပြင်လာမှာပါ စိတ်ချမ်းသာအောင် ထားပေးရင် ပိုကောင်းချေမယ် "

"ဟူးးးးးး ဘယ်အချိန်ရှိပြီလဲ"

"၃နာရီ ထိုးတော့မယ်"

"ကျွန်တော်လည်း ပြင်ဆင်လိုက်တော့မယ်"

"အေး အေး"
...........................................

At 5 o'clock,

"အလကာင်္" စံအိမ်ရဲ့ အိမ်ဝင်းထဲမှာရှိတဲ့ မြက်ခင်းပြင်ထက်တွင် စားပွဲ အရှည်ကြီး ခင်းထားကာ စားသောက်ဖွယ်ရာများ အစီအရီ ချထားချေသည်။ ထိုစဉ် စေမင်း အိမ်တော်မှ လူများ ကားတစ်စီးပြီးတစ်စီးနဲ့ ဝင်ရောက်လာကြချေသည်။

"မသွယ် အရွယ်တင်တုန်းပဲနော်"

"မသီရိကရော ဘာထူးလို့လဲ ကြာလေ ကြာလေ လှလေပါပဲ"

"ဟားးးးဟားးးး"

နှစ်ဖက် မိသားစုရဲ့ အဘွားမ​ျားက ရင်းနှီး ကျွမ်းဝင်ကြသည်မို့ နှုတ်ဆက်စကား ဆိုနေကြသည်။ ထိုနောက် နေရာ ထိုင်ခင်းတွင် အကျအန ထိုင်လိုက်ကာ စားသောက်ဖို့ရန် ကြည့်လိုက်တော့ အဓိက မင်းသားလေးက စားပွဲဝိုင်းတွင် ရှိမနေပဲ ခုံတစ်နေရာ လွတ်နေသည်။

To Love❤(Complete)Where stories live. Discover now