Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)

3.5K 290 0
                                    

Chapter (6-1) – မူလရည်ရွယ်ချက်ကို မမေ့ပါဘူး

ရွှယ်မိသားစုက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတိလစ်လုမျောပါးဖြစ်နေသည့် ရွှယ်ကျင်းရီကို အိမ်ထဲပွေ့ချီသွားကြသည်။ ရှောင်တုံးက သူမကို အရေးပေါ်ကုသပေးပြီး နှလုံးအထူးကုဆရာဝန်ကို အမြန်လာကြည့်ပေးရန် ဖုန်းဆက်ခေါ်လိုက်သည်။

ရွှယ်ဇီရွှမ်၏ ရွှယ်အိမ်တော်မှ ထွက်သွားရေးအစီအစဉ်က မအောင်မြင်သောကြောင့် သက်ပြင်းချလိုက်သည်။ ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်ကို အိမ်ပေါ်သွားပြီး ခြေလက်ဆေး၊ မျက်နှာသစ်ဖို့ ပြောလိုက်သည်။ ရွှယ်ကျင်းရီရှေ့တွင် သူ့စိတ်တွေက သံမဏိလိုမာကြောပေမယ့် ဟွမ်ရီ၏ရှေ့မှာ သူ့စိတ်တွေ နူးညံ့ကာ ဟွမ်ရီ၏မျက်ရည်တစ်စက်ကိုပင် မမြင်ရက်ပေ။

ကျိုးယွင်ရှန့် သူ့အိပ်ခန်းထဲက ရေချိုးခန်းထဲဝင်ပြီး သော့ခတ်လိုက်သည်။ သူက ကြောက်လန့်နေလို့ ခြေထောက်တွေပျော့နေသည်။ သူက ဘိုထိုင်အိမ်သာအဖုံးပေါ် ထိုင်ချလိုက်ပြီး တဒိတ်ဒိတ်ခုန်နေသည့်ရင်ဘတ်ကို ဖိထားရသည်။ System က ဒီအိမ်ကခွာရင် သူ့ဘဝအဆုံးသတ်မည်ဟု ပြင်းထန်သည့်ရာဇသံပို့တာ ပထမဆုံးဖြစ်ပြီး သူ့ဘဝကလည်း ရှင်ခြင်းသေခြင်းမျဉ်းပေါ် ရပ်နေခဲ့ရသည်။ အခုကိစ္စက မထင်မှတ်ဘဲပြီးသွားတော့ သူစိတ်လျှော့လိုက်မှပဲ ဘယ်လောက်ကြောက်နေသည်ကို ကိုယ့်ဘာသာသိတော့သည်။ သူ့စိတ်တွေက ထင်သလောက် မသန်မာသေးပေ။

ကံကောင်းပြီး ရွှယ်ကျင်းရီက သူ့ကို ကူညီပေးခဲ့သည်။ ရွှယ်ကျင်းရီက အရူးလို မြေကြီးပေါ်လူးလှိမ့်ပြတော့ ရွှယ်ဇီရွှမ်က သူ့ကို ဒီအိမ်မှာ ဆက်နေခွင့်ပြုလိုက်သည်။ ကျင်းရီက သူမအသက်ကိုတောင် ဂရုမစိုက်ဘဲ ရွှယ်ဇီရွှမ်ဘေး နေခွင့်ရအောင်ကြိုးစားခဲ့တာ ဒါက မောင်နှမမေတ္တာမှ ဟုတ်ရဲ့လား..။ ဒါဆိုရင် ရွှယ်ဇီရွှမ် သူ့အပေါ်ထားတဲ့အချစ်ကကော ဘယ်လိုမျိုးလဲ..။

လူတစ်ယောက်က သတိမေ့ရာက ပြန်သတိရလာပြီးနောက် အခြားလူတစ်ယောက်ကို နက်ရှိုင်းစွာချစ်ပါတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..။

ဒီနေရာမှာ ရွှယ်ဇီရွှမ် သူ့အပေါ်ထားတဲ့အချစ်ကို 'နက်ရှိုင်းတဲ့အချစ်' လို့ပဲ သူခေါ်ချင်သည်။ အရိပ်တကြည့်ကြည့်နှင့် တစ်ချိန်လုံး လိုက်ကပ်နေသောကြောင့်ဖြစ်သည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကို မယုံကြည်ပါ။ သူ့ကို အနုနည်းနှင့် လှည့်ဖျားနေသည်ဟု သံသယဝင်သည်။ ဒါပေမယ့် ခုလို နက်ရှိုင်းသည့်အချစ်နှင့် သူ့အပေါ်ပြုမူလာတော့ တခါတလေ ရင်ခုန်သွားမိသည်ကိုတော့ မငြင်းနိုင်ပေ။

ဒါက ဘယ်လိုဇာတ်ရှုပ်ပါလိမ့်။ ကျိုးယွင်ရှန့် နားမလည်နိုင်တော့ပေ။ ငါက မင်းကိုချစ်တယ်၊ မင်းက ငါ့ကိုမချစ်ဘူး၊ မင်းက သူ့ကိုပဲချစ်တယ်၊ အချစ်ဂိမ်းကို ကစားနေကြတာလား။ သူက မနက်ဖြန်ဆိုတာမရှိဘဲ ရှင်သန်ခဲ့ရသည်။ အချစ်၊ ကြင်နာခြင်း၊ မိသားစု၊ အနာဂတ်စသည့် သာမန်လူတွေ ပိုင်ဆိုင်သည့်အရာများက ကျိုးယွင်ရှန့်အတွက် မျှော်လင့်ရုံကလွဲပြီး မပိုင်ဆိုင်နိုင်သော ဇိမ်ခံပစ္စည်းလို့တောင် ပြောလို့ရသည်။

ရွှယ်ဇီရွှမ် သူ့အပေါ် မှားယွင်းသည့်ခံစားချက် ဘယ်လိုစဖြစ်လာသလဲဆိုတာ မပြောတတ်တော့ပေ။ ရွှယ်ဇီရွှမ်က အရင်က သူ့ကို ဘာကြောင့်မုန်းသလဲဆိုတာ မသိသလို အခု သူ့ကို ဘာကြောင့်ချစ်သလဲဆိုတာလည်း ကျိုးယွင်ရှန့်မသိပေ။ ရွှယ်ဇီရွှမ်လိုသခင်လေးက လူတစ်ယောက်ကိုမုန်းတာ အကြောင်းပြချက်မလိုသလို ချစ်ဖို့လည်း အကြောင်းပြချက် မလိုသည့်ပုံဖြစ်သည်။ 24 နာရီအတွင်း အရမ်းချစ်သည့်အစ်ကိုကြီးနှင့် မုန်းတီးစရာသခင်လေးလို ပြောင်းလဲနေတာတော့ တကယ်စိတ်ပျက်ဖို့ကောင်းသည်။

ခြေထောက်တွေငြိမ်သွားမှ ကျိုးယွင်ရှန့်က လက်ကောက်ဝတ်က AI ကို တစ်ချက်စစ်လိုက်သည်။ ရွှယ်မိသားစုမှာ ဆက်လက်နေထိုင်သွားနိုင်လို့ သူ့ဘဝကို ဖျက်ဆီးပစ်မည့်အစီအစဉ်က ချက်ချင်းရပ်ပစ်လိုက်ရသည်။ ဒါက သူ့အတွက် မှားယွင်းသည့် သတိပေးချက်သာဖြစ်ပေမယ့် system အတွက် program တစ်ခုကို run နေရင်း တစ်ဝက်နှင့် အတင်းရပ်လိုက်ရတော့ energy အများကြီးသုံးလိုက်ရသည်။ ကျိုးယွင်ရှန့်က သူ့ဝိညာဉ်စွမ်းအားကို system ရဲ့ ကာကွယ်ရေးစနစ်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ မမေ့ပေ။ System က သူ့ဘဝကို ရပ်တန့်နိုင်ခဲ့ရင် စုပ်ယူလို့ရတဲ့ energy ကို Lord God ရှိနေတဲ့အာကာသထဲ ပြန်ပို့ပေးရမှာဖြစ်သည်။ ခုတော့ Run နေသည့် Program က တစ်ဝက်နှင့် ရပ်လိုက်ရသောကြောင့် ဘာ energy မှမရသည့်အပြင် system ကသုံးလိုက်ရသည့် energy များပင် ဆုံးရှုံးပျောက်ကွယ်သွားတော့သည်။ ဒီအချက်က system ကို အားနည်းစေသော အချက်ဖြစ်သည့်အပြင် system က ကစားသမား Host များကို မပြတ် ထောက်လှမ်းနေရသောကြောင့် ဒီအတွက် energy ကို သုံးစွဲနေရသည်။ ဒါကြောင့် system ၏ power က ပိုအားနည်းလာခဲ့သည်။

ကျိုးယွင်ရှန့်က သူ့ Power နှင့် system ၏ ကာကွယ်ရေးအလွှာထဲ ထိုးဖောက်ဝင်ရောက်ခဲ့တာ ခုနစ်လွှာအထိရောက်ရှိလာလေပြီ။ အကာကွယ်အလွှာက ဘယ်နှစ်ထပ်ရှိသည်မသိပေမယ့် သူ့ရဲ့ power တွေက ထိုးဖောက်ဝင်ရောက်ရန် လုံလောက်နေလေပြီ။ အကာအကွယ်တွေကို ထိုးဖောက်ပြီး system ၏ဗဟိုထိ ဖောက်ဝင်ကာ သူ့စိတ်ဝိညာဉ်နှင့် အစားထိုးနိုင်ဖို့ထိ ကျိုးယွင်ရှန့် မျှော်လင့်ထားသည်။ ဒီလိုအစားထိုးနိုင်ရင် သူက system ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဒီလိုလုပ်တာ နှစ်ရာထောင်ချီကြာနိုင်ပေမယ့် ကျိုးယွင်ရှန့်က အလျှော့မပေးပေ။ တစ်ဘဝပြီးတစ်ဘဝ ပါဝင်ကစားရင်း နောက်ဆုံး သူ့ရဲ့ power နဲ့ system ရဲ့ power ကြားက ကွာဟချက်နည်းသွားတာကြည့်ပြီး ကျေနပ်နေသည်။ System အားနည်းလာရင် သူ့လုပ်ရပ်ကိုထောက်လှမ်းတာ ပိုအားနည်းလာမည်ဟု သူယုံကြည်သည်။ System အားနည်းသွားရင် ဒီ system ကို ပုရွက်ဆိတ်လို ချမွပစ်လိုက်နိုင်မှာ သေချာသည်။ ဒါဆိုရင် သူ့ဘဝက လွတ်လပ်သည့်ဘဝမှာ နေထိုင်နိုင်ဖို့ စိတ်ကူးယဉ်လို့ရလေပြီ။

အခုသူလုပ်ရမှာက system သံသယမဝင်ဖို့၊ အားနည်းသွားဖို့၊ သူ့ကို အပြစ်ပေးနိုင်ဖို့ အမှားတွေဆက်လုပ်နေဖို့ပါပဲ။ အမှားလုပ်လို့ အပြစ်ဒဏ်ပေးခံရတာ နာကျင်ပေမယ့် သူ့ဘဝလွတ်လပ်ဖို့ ဒီလောက်တော့ စတေးခံဖို့ သူမတွေဝေပါ။ ကျိုးယွင်ရှန့်က ဒီလိုတွေးပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ပြုံးလိုက်သည်။

ပြီးတော့မှထရပ်ကာ ဘေစင်မှာ မျက်နှာသစ်လိုက်သည်။

ရေချိုးခန်းအပြင်မှာ ရွှယ်ဇီရွှမ်က စဉ်းစားနေရင်း ရပ်စောင့်နေသည်။ အရင်ဘဝက သူက အထီးကျန်မာနကြီးသည့် စန္ဒယားပညာရှင်ဖြစ်ခဲ့သည်။ သူ့မိသားစုပြိုကွဲပြီး ရာဇဝတ်မှုထဲ ပါဝင်ပြီး အရှက်ကွဲရခြင်း၊ သူချစ်ရတဲ့ကောင်လေးကို သတ်ဖို့လုပ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ချစ်ရသူကို ဆုံးရှုံးရခြင်းဆိုသည့် ဝေဒနာကို သူ ခံစားခဲ့ရသည်။ အခုဘဝမှာတော့ သူ သေချာသိလေပြီ။ သူသာပိုကြံ့ခိုင်ရင်၊ ပိုသန်မာရင် ဒီကောင်လေးကို သူ့မိသားစုလက်ထဲက ပိုကာကွယ်ပေးနိုင်မည်၊ ရွှယ်ရန့်လက်ထဲ ဒီကောင်လေးပါမသွားအောင် သူ ထိန်းသိမ်ထားနိုင်မည်၊ သူချစ်တဲ့ကောင်လေး ပျော်ရွှင်အောင် သူ့ရင်ခွင်ထဲမှာ သိမ်းဆည်းထားနိုင်မည်ကို သိလာသည်။ ဒီလိုတွေးရင်း အာဏာ၏စွမ်းရည်ကို ပိုနားလည်လာသည်။ ပြီးတော့ သူ့ဘဝအတွက် တန်ဖိုးအရှိဆုံးဖြစ်သည့် တစ်လောကလုံးမှာ ဘယ်မှာမှ ဝယ်ယူလို့မရသည့် ချစ်ခြင်းတရားကို သူ ပိုနားလည်လာခဲ့သည်။
==========================
Chapter (6-2) – "ဟွမ်ရီက ချစ်ဖို့ကောင်းတယ်.. ဒီကလေးက သူပိုင်တဲ့ကောင်လေး.."

တကယ်လို့ သူသာအာဏာရှိရင် သူ့မိဘတွေက ရှောင်ရီ့ကိုဒုက္ခပေးမှာကို ကာကွယ်နိုင်သလို ရွှယ်ရန်က သူ့ချစ်သူကိုခေါ်သွားမှာကိုလည်း တားဆီးနိုင်လိမ့်မည်။ အရင်ဘဝက သူ့လက်ဒဏ်ရာရသွားပြီး စန္ဒရားမတီးနိုင်တော့တဲ့အခါ သူက အစွမ်းကုန် ရှောင်ရီ့ကိုအားပေးပြီး စန္ဒရားပညာရှင်ဖြစ်အောင် လုပ်ပေးခဲ့တယ်။ အခုဘဝတော့ သူ့လက်မှာ ဘာဒဏ်ရာမှမရပေမယ့် ရှောင်ရီ့ကို ဒီထက်တိုးတက်အောင်လုပ်ပေးဖို့ ဆုံးဖြတ်ထားလိုက်သည်။

စန္ဒရားကိုသာကိုးကွယ်ပြီး စန္ဒရားတီးခတ်ခြင်းမှာ ဘဝကိုမြှုပ်နှံထားတဲ့ ရွှယ်ဇီရွှမ်ဆိုတာ မရှိတော့ဘူး။ သူက ရှောင်ရီအတွက်သာ ဘဝကိုမြှုပ်နှံထားတော့မည်။ သူက ရှောင်ရီ၏ခေါင်းကို ညင်သာစွာပွတ်ကာ ပြောလိုက်သည်။

"ဆာနေပြီလား.. ညစာချက်ပေးဖို့ ဖူဘို့ကိုပြောလိုက်မယ်.. မင်း ဘာစားချင်လဲ.."

"ဖူဘိုက ချက်ချင်စိတ်မရှိလောက်ဘူးထင်တယ် အစ်ကိုကြီး.."

"ရွှယ်ကျင်းရီက ဘာမို့လို့လဲ.. သူနေမကောင်းတာနဲ့ ဒီကမ္ဘာကြီးက ရပ်တန့်သွားပေးရမှာလား.. သူမစားမသောက်ရင် ကျန်လူတွေက စားဖို့သောက်ဖို့ မလိုတော့ဘူးလား.. ဒီကမ္ဘာက သူ့ကိုဗဟိုပြုပြီး လည်ပတ်နေတာမဟုတ်ဘူး. ဖူဘိုက ချက်ချင်စိတ်မရှိရင်တောင် ချက်ပေးဖို့တာဝန်ရှိတယ်.. ဒါက သူ့အလုပ်ပဲ.. မဟုတ်ရင် ဘာကြောင့် သူ့ကို လစာအများကြီးပေးပြီး ခန့်ထားမှာလဲ.."

ရွှယ်ဇီရွှမ်၏လေသံက အေးစက်လို့နေသည်။

အရင်ဘဝမှာ ဖူဘိုက ရွှယ်ကျင်းရီ၏လူသတ်မှုမှာ အဓိကပံ့ပိုးကူညီပေးသူဖြစ်သည်။ သူက ရွှယ်ကျင်းရီကို ကြီးပြင်းလာအောင် ပြုစုလာသူဖြစ်လို့ သူ့မိဘတွေလိုပဲ ရွှယ်ကျင်းရီ၏အသက်ဆက်ရှင်ဖို့ ဘယ်သူ့ကိုမဆို စတေးပစ်ရမည်ဟု ယုံကြည်နေသူဖြစ်သည်။ ရွှယ်ကျင်းရီက ရူးနေတယ်၊ ဖူဘိုက ရက်စက်ကြမ်းကြုတ်တယ်၊ သူ့မိဘတွေလည်း အတူတူပဲ။ အတိတ်ဘဝတုန်းက ဖြစ်ရပ်ကို ပြန်မြင်ယောင်လာပြီး ရွှယ်ဇီရွှမ်က ဒီဘဝမှာ သူချစ်တဲ့ကလေးကို ခုလိုအဖြစ်ဆိုး ထပ်မကြုံစေရလို့ ဆုံးဖြတ်လိုက်သည်။

သူက ရွှယ်ကျင်းရီ၏ အခန်းဝတွင်ရပ်ကာ ဖူဘို့ကို အရိပ်အယောင်ပြလိုက်သည်။ အခန်းထဲ ဟွမ်ရီဝင်မသွားဖို့ အသာဆွဲထားလိုက်သည်။ တစ်အိမ်လုံးကလူတွေက ရွှယ်ကျင်းရီနေမကောင်းတိုင်း ကမ္ဘာကြီးပြိုပျက်တော့မလို ခံစားရပြီး သည်းသည်းလှုပ်ကြသည်။ နောက်တစ်စက္ကန့်မှာ ရွှယ်ကျင်းရီများ သေသွားတော့မလားဆိုပြီး စိုးရိမ်ပြီး စောင့်ကြည့်နေကြသည်။ ဒါက ဟာသပဲ..။ တကယ်တော့ ရွှယ်ကျင်းရီက ဘယ်သူ့ထက်မဆို စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ သူမ စိတ်မလျှော့မချင်း သေမင်းက သူမကို ခေါ်သွားလို့မရပေ။ ဒါပေမယ့် မကြာခဏ သေလုမျောပါးလိုဟန်ဆောင်ပြီး မွေးစားသမီးဆိုတာ လူတွေမေ့အောင်လုပ်ပြီး သနားဂရုဏာကို ချူယူနေတာဖြစ်သည်။

"အထဲကိုမဝင်နဲ့တော့.. အထဲမှာလူများနေပြီ.. လူသိပ်များရင် ကျင်းရီရဲ့ရောဂါအတွက် မကောင်းဘူး.."

ကျိုးယွင်ရှန့်က သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာငြိမ်နေပေမယ့် သူ့ရင်ထဲမှာတော့ ရွှယ်ဇီရွှမ်က ကျင်းရီအတွက် ခိုးကြောင်ခိုးဝှက်ကာကွယ်ပေးနေသည်ထင်ကာ ကဲ့ရဲ့နေသည်။

"သခင်လေး.. ဘာလိုချင်လို့ပါလဲ.."

"ညစာပြင်တော့.. ငါတို့ ဗိုက်ဆာနေပြီ.."

"မမလေးကျင်းရီက အခု အသည်းအသန်ဖြစ်နေတယ်.. တကယ်လို့ သခင်လေးစားချင်တယ်ဆိုရင် မမလေးသတိရလာတဲ့အထိ စောင့်ပြီးမှ ပြောကြတာပေါ့.."

ဖူဘိုက ပြောပြီး လှည့်ထွက်သွားသည်။ သူ ချက်ချင်စိတ်မရှိတာ ရှင်းနေသည်။

"ကျွန်တော်ပြောသားပဲ.. ဖူဘို ချက်ချင်စိတ်မရှိလောက်ပါဘူးလို့.."

ကျိုးယွင်ရှန့်က ခေါင်းလေးစောင်းကာ သူ့ဘေးကရွှယ်ဇီရွှမ် အရှက်ကွဲတာကို အရသာခံကြည့်ပြီး ပြောလိုက်သည်။ ရွှယ်အိမ်က သားအရင်းကို မွေးစားသမီးလောက် ဂရုမစိုက်တာကိုသိရတော့ အံ့အားသင့်သွားမိသည်။ 'အငိုသန်တဲ့ကလေးက နို့စို့ရတယ်' ဆိုသည့်စကားပုံလိုပင်၊ ရွှယ်ကျင်းရီက ခဏခဏဖျားနာတော့ လူတိုင်းက သူမကို ဝိုင်းသနားနေကြသည်။ သူမအသက်ရှင်ဖို့ တခြားလူရဲ့နှလုံးကို ထုတ်ယူပေးဖို့ဆိုတဲ့ ကောင်းကျိုးကိုလည်း ခံစားနေရသည်။

ရွှယ်ဇီရွှမ်က ဖူဘိုနှင့် စကားမများချင်သောကြောင့် အံဆွဲထဲကကားသော့ကို လှမ်းယူကာ ပြောလိုက်သည်။

"ငါတို့ အပြင်မှာပဲ ထွက်စားရအောင်.."

"ညီမလေးကိုစိတ်မချလို့ ကျွန်တော် ခဏ သူ့နားမှာနေချင်သေးတယ်.. ပြီးရင် ညီမလေးနိုးလာရင် သောက်ဖို့ ဆန်ပြုတ်ပြုတ်ပေးလိုက်မယ်လေ.."

ကျိုးယွင်ရှန့်က ညီမကိုစိတ်ပူသည့်ပုံစံနှင့် ပြောလိုက်သည်။

"အိမ်ကလူအကုန်က ရွှယ်ကျင်းရီအတွက် အသင့်ရှိပေးနေတာပဲ.. သူနိုးလာရင်စားဖို့ ချက်ပေးတဲ့လူတွေ မရှားပါဘူး.. ဒါကြောင့် ကျင်းရီအတွက် စိတ်မပူနဲ့.. ငါတို့ အရင်သွားစားကြရအောင်.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ခါးလေးကို သိုင်းဖက်ကာ ဆွဲတစ်ဝက်၊ မ,တစ်ဝက်နှင့် ခေါ်ချလာတော့သည်။ ကျိုးယွင်ရှန့်က သူ့လက်မောင်းကြား တရွတ်တိုက်ပါသွားရင်း နှုတ်ခမ်းက တွန့်သွားတော့သည်။ ရွှယ်ဇီရွှမ်၏စိတ်ထဲတွင် ရွှယ်ကျင်းရီအပေါ် စိတ်ပျက်မှုတို့တိုးလာပြီး ဟွမ်ရီကို ပိုပိုချစ်လာခဲ့သည်။ သူ့ရဲ့ခံစားချက်က မောင်နှမနှစ်ယောက်အပေါ် ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။

"ဟွမ်ရီက ချစ်ဖို့ကောင်းတယ်.. ဒီကလေးက သူပိုင်တဲ့ကောင်လေး.."

============================
Chapter (6-3) –ဟွမ်ရီဘေးမှာ ဆန်မုန့်လုံးလေးလို ကပ်နေချင်တယ်

ဒီလိုတွေးပြီး ရွှယ်ဇီရွှမ်၏နှုတ်ခမ်းက နားရွက်တက်ချိတ်လုမတတ် ပြုံးနေမိသည်။ ရွှယ်ဇီရွှမ်က စိတ်ချမ်းသာစွာဖြင့် မြို့၏စည်ကားသည့်အပိုင်းကို မောင်းလာခဲ့သည်။ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲစွာစောင့်နေပေမယ့် နောက်ဆုံး ပျော်ရွှင်မှုက တကယ်ရောက်လာခဲ့ပြီ။ ကားမောင်းလာစဉ် ရွှယ်ဇီရွှမ်က အိပ်ယာပေါ်မှာ သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော ရွှယ်ကျင်းရီကို စိတ်ထဲမှာ ထည့်ပင်မထားတော့ပေ။

ကျိုးယွင်ရှန့်က ကားပြတင်းပေါက်မှတစ်ဆင့် ရောင်စုံမီးတွေနဲ့ စည်ကားသည့် လမ်းဘေးရှုခင်းကို ငေးကြည့်နေမိသည်။ ဒီလိုလူစည်သည့်နေရာကို မရောက်တာ နှစ်ပေါင်းရာချီရှိသွားပေမယ့် ရှုခင်းက မရိုးနိုင်ပေ။ တိုးတက်လွန်းသည့် ကြယ်တာရာထဲက မြို့တော်တွေနဲ့ ကွဲပြားခြားနားနေသည်။

"မင်း ညဈေးသွားချင်လား.."

"အစ်ကိုကြီးရော သွားချင်လား.."

ကျိုးယွင်ရှန့်က စိတ်ဝင်စားစွာမေးလိုက်သည်။ အထက်တန်းလွှာက စန္ဒရားပညာရှင်သခင်လေးက သာမန်လူတွေစားသည့် လမ်းဘေးစာတွေကို စားမယ်လို့ သူမထင်ခဲ့ပေ။

"ငါ မစားဖူးဘူး.. တခါတလေ စားကြည့်ရင် ကောင်းမယ်ထင်တယ်.."

ရွှယ်ဇီရွှမ် ပြန်ဖြေလိုက်သည်။ သူ့မှာလူတွေနဲ့ထိတွေ့ရမှာ မနှစ်သက်သည့်ရောဂါရှိပေမယ့် ဟွမ်ရီ၏မျက်ဝန်းလေးတွေက လက်နေပြီး ညဈေးကို လျှောက်ကြည့်ချင်တာတွေ့ရတော့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဟွမ်ရီ့အတွက် ဂီတကိုတောင် စွန့်လွှတ်ဖို့အသင့်ရှိနေသေးတာပဲ၊ ခုလောက်တော့ အသေးအဖွဲပဲပေါ့။

"ဒါဆို ကျွန်တော်တို့ သွားကြည့်ကြမလား.."

ကျိုးယွင်ရှန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရွှယ်ဇီရွှမ်က ကားမှန်ကိုချလိုက်ပေမယ့် သူဘယ်လိုမှ မခံစားရပေ။

"အစ်ကိုကြီး ကားရပ်စရာနေရာ ရှာလိုက်ဦးမယ်.."

ရွှယ်ဇီရွှမ်က ပြောပြီး ပြည့်ဖြိုးနေသော ဟွမ်ရီ၏ပါးဖောင်းဖောင်းလေးကို လက်နှင့်အသာ ဖျစ်ညစ်လိုက်သည်။ နူးညံ့သောပါးပြင်လေး၏ အထိအတွေ့က ကောင်းလွန်းလို့ ရွှယ်ဇီရွှမ်က မလွှတ်ချင်အောင်ဖြစ်မိသည်။

သူတို့ကားကို Shopping Mall တစ်ခုနား ရပ်လိုက်ပြီး လူစည်ကားသည့်လမ်းမထက်မှာ လျှောက်လာကြသည်။ ခရစ္စမတ်ပွဲတော်ချိန် နီးလာလို့ ဆိုင်တိုင်း ခရစ္စမတ်သစ်ပင်တွေ၊ မီးတွေနဲ့ အလှဆင်ပြီး ဆီးနှင်းတုတွေ ပြုလုပ်ထားကြသည်။ ဆိုင်ဝန်ထမ်းများကလည်း ခရစ္စမတ်ဦးထုပ်များကို ဆောင်းကာ ဆိုင်ကိုကြေငြာနေကြသည်။

"Merry Christmas"

ဆိုသည့်စာကို ရေးထားကြပြီး တချို့က အလှူခံပုံးများ ထားရှိကြသည်။ လူစည်းကားလွန်းလို့ ရွှယ်ဇီရွှမ်က လူတွေနဲ့မထိတွေ့မိစေဖို့ ကောင်လေးကို ရင်ခွင်ထဲပွေ့ဖက်ကာ လူအုပ်ကြား အေးဆေးစွာလျှောက်နေခဲ့သည်။ ဒီကောင်လေး၏ နွေးထွေးသောကိုယ်လေးကို ဖက်ထားလို့သာ သူက လူပင်လယ်ကြား ဟန်မပျက်နေနိုင်ခြင်းဖြစ်သည်။

သူချစ်တဲ့ကောင်လေးကို ရင်ခွင်ထဲထားပြီး ဖက်နေရလို့ ဒီလမ်းမတောင် တိုတယ်လို့ ခံစားလာရသည်။ ဒါပေမယ့် ကျိုးယွင်ရှန့်က သူ့ကို အနောက်ကသိုင်းဖက်ထားပြီး ပူးကပ်လျှောက်နေရလို့ မသက်မသာခံစားနေရသည်။ ဒီရွှယ်ဇီရွှမ်က တစ်ဖက်လူ၏အသားအရေကို ထိတွေ့ပွတ်သပ်ချင်သည့်ရောဂါက ပိုဆိုးလာသလားဟု ထင်နေမိသည်။ ခုက လက်တစ်ဖက်က ပုခုံးကနေ သိုင်းဖက်ကာ ကျန်လက်တစ်ဖက်က ခါးကနေဖက်ထားလို့ ကျိုးယွင်ရှန့်၏နောက်ကျောနှင့် ရွှယ်ဇီရွှမ်၏ရင်ဘတ်တို့ ပွတ်တိုက်နေသဖြင့် ကျိုးယွင်ရှန့် စိတ်တင်းကျပ်ကာ အော်ဟစ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ရွှယ်ဇီရွှမ်က ကောက်ညှင်းမုန့်လုံးလို သူ့ကို တစ်ချိန်လုံး တွယ်ကပ်လို့နေသည်။

"အစ်ကိုလေးတို့ ပန်းဝယ်ကြပါဦးရှင်.."

မိန်းကလေးတစ်ဦးက လူပင်လယ်ကြီးထဲကနေ ပူးကပ်လမ်းလျှောက်နေသော လူချောတစ်ဦးနှင့် ချစ်စရာကောင်းလှသည့် ကောင်လေးတစ်ယောက်ကို ထင်းခနဲတွေ့လိုက်ပြီး ပန်းခြင်းလေးကိုင်ကာ ချက်ချင်းပြေးကပ်လာခဲ့သည်။ လူရွယ်၏ရုပ်ရည်က ချောမောအထက်တန်းကျရုံသာမက မြင်သူကို မမေ့နိုင်အောင် ညှို့ငင်နေသည်။ သူ့ရင်ခွင်ထဲကကောင်လေးက ဖြူဖြူနုနု၊ ချစ်စဖွယ်ရုပ်ရည်နှင့် မျက်ဝန်းတောက်တောက်လေးတွေ ပိုင်ထားသည်။ သူတို့နှစ်ယောက် ခုလို ပူးကပ်ဖက်ထားတာက အရမ်းကိုလိုက်ဖက်လွန်းလို့ ကောင်မလေးက သူတို့နှင့် စကားပြောခွင့်ရဖို့ တောက်လျှောက်ကပ်လိုက်ကာ ပန်းရောင်းနေခြင်းဖြစ်သည်။

"တောင်းပန်ပါတယ်.. ကျွန်တော်တို့ ပန်းမဝယ်သေးပါဘူး.."

ကျိုးယွင်ရှန့်က ချိုသာစွာပြောပြီး ငြင်းလိုက်သည်။ ရွှယ်ဇီရွှမ်ကတော့ သူစိမ်းမိန်းကလေးကို လုံးဝအဖက်မလုပ်သလို ဘာမှပြန်မပြောပေ။ ဒါက သူ့ရဲ့ပင်ကိုယ်ပုံစံဖြစ်သည်။

ကောင်မလေးက လူချောနှစ်ယောက်နှင့် စကားပြောခွင့်ရဖို့ တောက်လျှောက်ပြောလိုက်သည်။

"နှင်းဆီပန်းမကြိုက်လို့လား.. ကာနေးရှင်းပန်းနဲ့ တရုတ်ခေါင်းလောင်းပြာလေးတွေလည်း ပါပါသေးတယ်.. ပန်းလေးတွေက ဘာသာစကားရှိတယ် အစ်ကိုလေးတို့ရဲ့.. ကာနေးရှင်းပန်းရဲ့ အဓိပ္ပါယ်က ချစ်ခင်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းကို ဆိုလိုတယ်.. အပြာရောင်ခေါင်းလောင်းပန်းက ခွဲခွာပြီးနောက် ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်.."

ကောင်မလေးက တရုတ်ခေါင်းလောင်းပြာပန်းစည်းကို ပြကာ ရှင်းပြလိုက်သည်။"ဒီတရုတ်ခေါင်းလောင်းပြာပန်းက ချစ်သူနှစ်ယောက် အချိန်အကြာကြီးခွဲခွာခဲ့ရပေမယ့် ပန်းပွင့်ချိန်မှာ ပြန်လည်ဆုံစည်းရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ


ကောင်မလေးက တရုတ်ခေါင်းလောင်းပြာပန်းစည်းကို ပြကာ ရှင်းပြလိုက်သည်။

"ဒီတရုတ်ခေါင်းလောင်းပြာပန်းက ချစ်သူနှစ်ယောက် အချိန်အကြာကြီးခွဲခွာခဲ့ရပေမယ့် ပန်းပွင့်ချိန်မှာ ပြန်လည်ဆုံစည်းရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ.. ပြီးတော့ မပျောက်ကွယ်တဲ့ ထာဝရအချစ်ဆိုတဲ့ အဓိပ္ပါယ်ပါ.."

မိန်းကလေးက ပန်းအကြောင်းရှင်းပြတာ အတော်လေးကိုကျွမ်းကျင်သည်။ သူမက တောက်လျှောက်ကပ်လိုက်ပြီး ရှင်းပြပေမယ့် ချောမောလှပသောကောင်လေးနှင့် လူရွယ်က လျင်မြန်စွာလျှောက်သွားခဲ့လို့ သူမက စိတ်ပျက်အားလျော့ကာ ကျန်ရစ်ခဲ့သည်။

==========================
Chapter (6-4) –  မျှော်လင့်ခြင်းနဲ့ ပြန်လည်ဆုံစည်းခြင်း ခေါင်းလောင်းပြာပန်း

ထိုစဉ် ရွှယ်ဇီရွှမ်က ခြေလှမ်းရပ်ကာ နောက်လှည့်ပြီးမေးလိုက်သည်။

"တရုတ်ခေါင်းလောင်းပြာပန်းက ဘာအဓိပ္ပါယ်လဲ.."

"ထာဝရချစ်ခြင်းမေတ္တာပါရှင်.."

ကောင်မလေးက တောက်ပစွာပြုံးပြီး ခေါင်းလောင်းပန်းအပြာရောင်ပန်းစည်းကို မြှောက်ပြကာ တက်ကြွစွာဖြေလိုက်သည်။

"ဒါမဟုတ်ဘူး.. ခွဲခွာနေရတဲ့အချစ်တွေ.. ဘာဖြစ်တယ်.."

"ချစ်သူနှစ်ဦး ခွဲခွာနေရပေမယ့် တရုတ်ခေါင်းလောင်းပန်းပြာတွေ ပွင့်ချိန်မှာ တဖန်ပြန်ဆုံရတယ်.. ပြီးတော့ မျှော်လင့်ခြင်းနဲ့ ပြန်လည်ဆုံစည်းခြင်းဆိုတာကို ကိုယ်စားပြုပါတယ်ရှင်.."

ပျော်ရွှင်မှုတွေ ပြန်လည်ရရှိမယ်တဲ့လား..။

ဒီဟာက သူ့ဖြစ်ရပ်နဲ့ တစ်ထပ်တည်းကျလို့ ရွှယ်ဇီရွှမ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဒီချစ်ရတဲ့ကောင်လေးနဲ့ အကြာကြီးခွဲခွာရပေမယ့် နောက်တဖန် ပြန်လည်ဆုံတွေ့ရခြင်းက ကွက်တိကျနေလို့ ရွှယ်ဇီရွှမ်က ခေါင်းလောင်းပြာပန်းကို ဝယ်လိုက်ပြီး ကျိုးယွင်ရှန့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။

ကျိုးယွင်ရှန့်က ရင်ထဲရှုပ်ထွေးသွားသည်။ ကံကောင်းလို့ ရွှယ်ဇီရွှမ်က နှင်းဆီပန်းကို မဝယ်လို့သာပေါ့။ တရုတ်ခေါင်းလောင်းပန်းကို လက်ခံတာ သိပ်မဆိုးလှပေ။ ရွှယ်ဇီရွှမ်က ကောင်မလေးပြန်အမ်းတဲ့ပိုက်ဆံကို မယူဘဲ ထွက်လာကြသည်။ ဒီပန်းက သူချစ်ရတဲ့ကောင်လေးနဲ့ ပြန်လည်ဆုံတွေ့ရတယ်။ ဒါက သူ့အတွက် ပျော်ရွှင်စရာပဲလို့တွေးပြီး စိတ်ရင်းနဲ့ပြုံးလိုက်သည်။

ရွှယ်ဇီရွှမ်က ပြုံးရယ်ခဲပေမယ့် စိတ်ရင်းနဲ့ပြုံးလိုက်တော့ ကျိုးယွင်ရှန့်မှာ သူ၏ချောမောလှပသောအပြုံးမှာ ကျရှုံးသွားခဲ့ရသည်။ ဒါပေမယ့် ဒီရွှယ်ဇီရွှမ်က မြို့ထဲကတိုက်ခန်းမှာ သူ့ကိုပြောင်းထားပြီး ခွဲစိတ်မှုမတိုင်ခင်ထိ လူမသိအောင် လျှို့ဝှက်ထားချင်တဲ့ မူလရည်ရွယ်ချက်ကို ကျိုးယွင်ရှန့် ပြန်သတိရလိုက်တော့ ရင်ထဲ တင်းကျပ်သွားခဲ့သည်။

ဘယ်လိုလူက သူတို့နှလုံးထုတ်ယူမယ့်သူကို ကြင်ကြင်နာနာ နူးနူးညံ့ညံ့ ဆက်ဆံပေးမှာတဲ့လဲ။ ကြည့်ရတာ ရွှယ်ဇီရွှမ်က ကြင်နာတဲ့အစ်ကိုနဲ့ သွေးအေးသောလူသတ်သမားအဖြစ် အလွယ်တကူပြောင်းလဲနိုင်သော စိတ်နှစ်ခွဝေဒနာရှင် ဖြစ်ပုံရသည်။ တကယ်တော့ ရွှယ်ဇီရွှမ်က စိတ်ဝေဒနာသည်ဖြစ်ရမည်ဟု တွေးပြီး ကျိုးယွင်ရှန့်၏စိတ်တွေ တင်းကျပ်သွားတော့သည်။ သူ့စိတ်ထဲကခံစားချက်ကို မျက်နှာမှာမဖော်ပြပေမယ့် သူ့ကိုယ်က တင်းခနဲဖြစ်သွားသည်။ သူက ကူကယ်ရာမဲ့ခံစားလိုက်ရပြီး ခေါင်းလောင်းပြာပန်းကို လက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ရွှယ်ဇီရွှမ်၏ရင်ခွင်ထဲ ဖက်ခံကာ ဆက်လျှောက်နေရသည်။

ရွှယ်ဇီရွှမ်က သူ့အပေါ်ဆက်ဆံပေးနေတာက တကယ့်ခံစားချက်အစစ်အမှန်မှ ဟုတ်ရဲ့လား။ ဒါက အချိုသတ်နေတာများလား။ ဘဝပေါင်းများစွာ ပြန်လည်ဝင်စားပြီးနောက် ကျိုးယွင်ရှန့်က တည်ငြိမ်အေးချမ်းတဲ့ဘဝ၊ လွတ်လပ်တဲ့ဘဝကို တောင့်တလာခဲ့သည်။ သူလည်း ဝင်စားရတာ မောပန်းနေပြီး အားကိုးလို့ရသည့် ပုခုံးတစ်ခုခုကို လိုချင်လာမိသည်။ ဒီပုခုံးက ဘာကြောင့် ရွှယ်ဇီရွှမ် မဖြစ်နိုင်ရတာလဲ။ ဗီလိန် system သာရှိနေသရွေ့ ဘယ်သူ့ကိုမှ သူပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ဒါကြောင့် စိတ်ထဲကခံစားချက်ကို ဖယ်လိုက်သည်။

ရွှယ်ဇီရွှမ်က သူ့ရင်ခွင်ထဲကကောင်လေးက စိတ်အားထက်သန်မှုမရှိတာကို ခံစားမိတော့ မေးလိုက်သည်။

"ဗိုက်ဆာပြီလား.. တစ်ခုခုသွားစားရအောင်လေ.."

"ညစာစားပြီး ပြန်ကြရအောင်.. ကျွန်တော် ကျင်းရီအတွက် စိုးရိမ်နေပြီ.."

ကျိုးယွင်ရှန့်က စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။ ရွှယ်ဇီရွှမ်၏မျက်လုံးက မည်းမှောင်သွားပေမယ့် ဘာမှမပြောတော့ဘဲ ကောင်လေးကို နာမည်ကြီးပြင်သစ်စားသောက်ဆိုင်ထဲ လက်ချင်းတွဲကာ ခေါ်လာခဲ့သည်။

ခရစ္စမတ်နီးချိန်ဖြစ်လို့ စားသောက်ဆိုင်ထဲ လူပြည့်နေသည်။ ကြိုတင်မှာမထားရင် စားပွဲရဖို့ခက်ခဲလှသည်။ ကံကောင်းပြီး ရွှယ်ဇီရွှမ်က ဒီကိုလာစားနေကျ VIP ပုဂ္ဂိုလ်ဖြစ်သည်။ VIP ကဒ်ကိုပေးပြီးတော့ စားပွဲထိုးက ချက်ချင်း စားပွဲစီစဉ်ပေးလိုက်သည်။

ကျိုးယွင်ရှန့်က ပန်းစည်းကိုကိုင်ထားပြီး အထက်တန်းကျပြီး ခန့်ညားသောလူရွယ်က သူ့ပုခုံးကိုဖက်ထားသည်။ ကျိုးယွင်ရှန့်အရပ်က ရွှယ်ဇီရွှမ်၏ပုခုံးလောက်သာမြင့်သည်။ သူ့ကိုဖက်ထားပုံက ကူကယ်ရာမဲ့ငှက်လေးလို မြင်ရသူကို ခံစားရစေသည်။ ရွှယ်ဇီရွှမ်က စန္ဒရားဧကရာဇ်ဖြစ်လို့ လူတိုင်းက သူ့ကိုသိကြသည်။ စားပွဲဆီကို သူတို့လျှောက်လာစဉ် ဧည့်သည်တွေက တီးတိုးပြောနေကြသည်။

ရွှယ်ဇီရွှမ်၏ထက်မြက်မှုကြောင့် အထက်တန်းလွှာမှာ ထင်ရှားလှသည်။ အခုတော့ ရွှယ်ဇီရွှမ်၏မျက်နှာထက်မှာ နူးညံ့သောအပြုံးကို ဆင်မြန်းထားပြီး ရင်ခွင်ထဲမှာ လူငယ်လေးကို ကြင်နာစွာပွေ့ဖက်ကာ ခေါ်လာပုံက ယခင်ရွှယ်ဇီရွှမ်နှင့် ကွာခြားလွန်းလှသည်။ စန္ဒရားဧကရာဇ်က အချစ်ကြောင့် ပြောင်းလဲသွားတာလား။

သူရွေးချယ်တဲ့ချစ်သူက ဘာကြောင့် ကောင်လေးဖြစ်ရတာလဲ..။

သူက လိင်တူချစ်သူလား..။

နောက်တစ်နေ့တွင် ရွှယ်ဇီရွှမ်၏သတင်းက အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ပြန့်သွားမှာ သေချာသည်။

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ် ဘာလုပ်ဖို့ကြိုးစားတယ်ဆိုတာ မသိလို့ စိတ်ရှုပ်နေမိသည်။ ပထမ သူ့ကို မြို့ထဲမှာ တိတ်တဆိတ်ဝှက်ထားချင်တယ်လို့ ထင်ပေမယ့် အခုတော့ လူများတဲ့ နာမည်ကြီးစားသောက်ဆိုင်မှာ လူမြင်ကွင်းကြား ပေါ်တင်ခေါ်လာပြန်သည်။ သူဘာလုပ်ချင်နေတာလဲ။ သူ့ကိုယ်ရည်ကိုယ်သွေးတွေလည်း ပြောင်းလဲလို့နေသည်။ သူက ဟွမ်ရီ့နေရာကနေ ရွှယ်မိသားစုထောင်ချောက်ကို ကျော်သွားနိုင်မှာကို သူတို့ကြောက်နေတာမဟုတ်ဘူးလား။

သူအတွေးခေါင်နေစဉ် စားပွဲထိုးက Menu ၂ခုလာပေးခဲ့သည်။ ကျိုးယွင်ရှန့်က Menu ကိုယူကြည့်ပြီးမှ သတိရလာပြီး မျက်နှာမည်းမှောင်ကာ ရွှယ်ဇီရွှမ်ကို တီးတိုးပြောလိုက်သည်။

"အစ်ကိုကြီး ကျွန်တော် ဒီစာကို နားမလည်ဘူး.."

တကယ်တော့ ကျိုးယွင်ရှန့်က ဘဝပေါင်းများစွာ ဝင်စားပြီးနောက် ပြင်သစ်စာသာမက ဘာသာစကားမျိုးစုံကို ပြောနိုင်သည်။ ဒါပေမယ့် သူက အခု တောသားလေးဖြစ်လို့ နိုင်ငံခြားဘာသာစကားမပြောနဲ့ မန်ရင်းတရုတ်ဘာသာစကားတတ်ရင်တောင် ကံကောင်းပြီလို့ပြောရမည်။

"အစ်ကိုက မင်းကိုကူမှာပေါ့.."

ရွှယ်ဇီရွှမ်က ကတ္တီပါလိုနူးညံ့သောပါးလေးကို ဖျစ်ညစ်ပြီး ပြုံးကာပြောလိုက်သည်။ ဟွမ်ရီက အင်မတန်ကိုထက်မြက်သူဖြစ်သည်။ သူ့ကိုအချိန်ပေးလိုက်ရင် ပြင်သစ်စာသာမက တခြားဘာသာစကားများစွာ တတ်နိုင်သည်။ ဒါကြောင့် ဒီကလေးရဲ့အစွမ်းအစ ပါရမီအားလုံး တိုးတက်အောင် အချိန်ပေးပျိုးထောင်ဖို့ သူ ဆုံးဖြတ်လိုက်သည်။

"ဒီကနေ့ special menu က ဘာလဲ.."

ရွှယ်ဇီရွှမ်က ပီသကာ ကျွမ်းကျင်သော ပြင်သစ်ဘာသာစကားဖြင့် စားပွဲထိုးကိုမေးလိုက်သည်။

"အသီးအရွက် ခရုစွပ်ပြုတ်နဲ့ ချောကလက်အလွှာကိတ်ပါဆရာ.."

ရွှယ်ဇီရွှမ်က menu ကိုခဏကြည့်ပြီးတော့ မှာလိုက်သည်။

"ကျွန်တော်တို့စုံတွဲအတွက် ထမင်းနဲ့ အသီးအရွက်ခရုစွပ်ပြုတ်ကို ချပေးပါ.."

=============================
Chapter (6.5) - ရွှယ်ရန်ဆီက သင်ကြားခံရသည့် ပညာများ


စုံတွဲများအတွက် couple set  စားရန်အတွက် ယွမ်ငွေ ထောင်ပေါင်းများစွာကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ပေမယ့် ထို ယောင်္ကျားနှစ် ဦး  ကြားမှ ဆက်ဆံရေးသည် အလွန် ရှင်းလင်းလှသည်။ စားပွဲထိုးက ထူးဆန်းတဲ့အမူယာ ပြသခခြင်းမရှိပဲ ဆက်မေးလိုက်သည်။

" သောက်စရာ ဘာယူဦးမလဲ ဆရာ...  "

"Alsace Pinot Noir ဝိုင် တစ်ခွက်နဲ့ နွားနို့ပူပူလေး တစ်ခွက် ပေးပါ။  "

"ဟုတ်ကဲ့...ခဏစောင့်ပေးပါ ခင်ဗျာ ။ "

စားပွဲထိုးက မီနူးများကိုယူကာထွက် သွားခဲ့သည်။

ရွယ်ဇီရွမ် ကဆယ်ကျော်သက် ကောင်လေး ကိုပြုံးပြသည်။ ကျိုးယွင်ရှန့်က ပြန်ပြုံးပြလိုက်ပေမယ့် ရင်ထဲမှာ အောင့်သီးအောင့်သက် ဖြစ်နေခဲ့သည်။ ဘာအတွက် couple set  မှာလိုက်ရတာလဲ။ ငါ ပြင်သစ်လို နားမလည်ဘူးဆိုတာကို အခွင့်ကောင်းယူနေတာလား။  

အဲဒီအချိန်မှာပဲ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ထားတဲ့ စုံတွဲတစ်တွဲက စားသောက်ပြီး ထွက်လာစဉ် ရွှယ်ဇီရွမ်ကို တွေ့လိုက်သဖြင့် သူတို့စားပွဲနားရောက်တော့ ရပ်ကာ တမင်သက်သက် နူတ်ဆက်လိုက်သည်။

"ဇီရွမ် မင်းနေမကောင်းဘူးလို့ ကြားတယ်။  အခုနေကောင်းသွားပြီလား"

"ကျွန်တော် နေကောင်းသွားပါပြီ။ စိုးရိမ်ပူပန်မှုအတွက်ကျေးဇူး တင်ပါတယ်။ "
ရွှယ်ဇီရွမ်က ယဉ်ယဉ်ကျေးကျေးခေါင်းညိတ်ကာ ပြန်နူတ်ဆက်လိုက်သည်။

"ဒါ ... ?"

ထိုသူက တုန့်ဆိုင်းစွာဖြင့် ကျိုးယွင်ရှန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူနှင့် ပါလာသည့် အမျိုးသမီးက စေ့စေ့ကြည့်ကာ အလန့်တကြားနှင့် ပြောလိုက်သည်။

 " ဒါက ဘယ်သူလေးလဲ ဇီရွမ်....သူက ကျင်းရီ နဲ့တူတယ်!"

အတူထိုင်နေသည့် လူနှစ်ယောက်က တစ်စုံတစ်ရာ တော်စပ်မှုမရှိဘူးဆိုတာကို သူမ မယုံကြည်ပါ။ ဒီ ရုပ်ချောသည့်ကောင်လေးက ရွှယ်အိမ်တော်က အကြီးကဲ ရွှယ်လွေ့ရဲ့ တရားမဝင်သားများလား။ ဒါမှမဟုတ် ရွှယ်ဇီရွမ်ရဲ့ ချစ်သူလေးလား၊ တရားမဝင်သားတော့ မဖြစ်နိုင်ပါဘူး။ တရားမဝင်သားဆိုရင် ဘယ်လိုလုပ် တရားဝင်သား ရွှယ်ဇီရွမ်နှင့် အတူတူ ထိုင်နေနိုင်မှာလဲ။ ရွှယ်ဇီရွမ်က ယဉ်ကျေးသည့် ကိုယ်အမူယာရှိပေမယ့် လူများကို တရင်းတနှီးဖြင့် နေခဲ့သည်။ အခုလို လူတစ်ယောက်ကို နူးညံ့ကြင်နာစွာ ကြည့်ကာ ဆက်ဆံတာမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။


"ဒါက ကျင်းရီနဲ့အမွှာအကို ဟွမ်ရီပါ။  ပြီးတော့ ရွှယ်ကျင်းရီက ငါ နဲ့ ဘာမှ မတော်စပ်ပါဘူး။  ရွှယ်ကျင်းရီက ရွှယ်အိမ်က မွေးစားထားတဲ့ ကလေး တစ်ယောက်ပါ  "

ရွှယ်ဇီယွမ်က အမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဒီလူနှစ်ယောက်က သူ့စကားကိုကြားတော့ တုန်လှုပ်သွားပြီး အဖြစ်မှန်ကို ချက်ချင်းသိသွားတော့သည်။ လူတိုင်း အာရုံစိုက်နေသည့် မင်းသမီးလေးလို မိန်းကလေးက ရွှယ်အိမ်တော်ရဲ့ သွေးသားအရင်းမဟုတ်ကြောင်းသဘောပေါက်သွားခဲ့သည်။


"ရှောင်ရီ အကိုဖိန်းနဲ့ မရီးကို နူတ်ဆက်လိုက်ပါဦး။ သူတို့က ကိုယ့်ရဲ့ မိတ်ဆွေတွေပါ။     "

ရွှယ်ဇီရွမ် မှာသူငယ်ချင်းမရှိခဲ့ပေမယ့် နောင်မှာတော့ မိတ်ဆွေများများ ဖွဲ့ချင်သည်။

 "အစ်ကိုဖိန်းနဲ့မစ္စစ်ဖိန်တို့ကို နူတ်ဆက်ပါတယ်၊ အကိုတို့နဲ့ တွေ့ခွင့်ရတဲ့အတွက် အရမ်း ၀ မ်းသာမိပါတယ်"

ကျိုးယွင်ရှန့်က သူတို့ စုံတွဲကို လိမ္မာပါးနပ်စွာဖြင့် ချစ်စရာကောင်းသော ကလေးငယ်တစ် ဦး ကဲ့သို့နှုတ်ခွန်းဆက်လိုက် သည်။ သို့သော် သူ့ရင်ထဲမှာ  ရှုပ်ထွေးလို့နေသည်။ ရွှယ်ဇီရွမ်ရဲ့ လုပ်ရပ်ကို သူနားမလည်တော့ပေ။ ကြည့်ရတာ ဒီစုံတွဲက ရွှယ်မိသားစုနှင့် ရင်းနှီးသူများဖြစ်ပုံရသည်။ သူ့ဖြစ်တည်မှုကို ဒီ အပြင်လူတွေကို အတိအလင်း ဘာကြောင့်ထုတ်ပြောနေတာလဲ။ သူ ရှိတာကို လူတွေသိသွားရင် ကျင်းရီအတွက် သူ့နှလုံးကို ထုတ်ယူဖို့ ပိုမခက်သွားဘူးလား။

ရွှယ်ဇီရွမ် ဘာလုပ်ချင်တာလဲ။ ကျိုးယွငရှန့် ဒီမေးခွန်းကို အကြိမ်ဘယ်လောက်တောင် စဉ်းစားနေမိသည်ကို မမှတ်မိတော့ပေ။

ထိုလူငယ်စုံတွဲက ရွှယ်ဇီရွမ်၏   စကားများကြောင့်အလွန်ဝမ်းသာသွား ခဲ့သည်။ မိတ်ဆွေတွေတဲ့လား။ ဒီမြို့တော်ရဲ့အထက်တန်းလွှာမှာ ဘယ်သူက ကိုယ့်ကိုယ်ကို ရွှယ်သခင်လေး ရဲ့ မိတ်ဆွေ သူငယ်ချင်းလို့ ပြောဝံ့ကြလို့လဲ။ ဒီ သခင်လေးက ထိုက်ရှန်းတောင်တန်းပေါ်က ဆီးနှင်းတွေလို လူအားလုံး အထင်တကြီး မော့ကြည့်နေရပြီး ထိတွေ့ဆက်ဆံဖို့ အလှမ်းမမှီသောသူဖြစ်သည်။ အခုတော့ သူတို့ကို သူငယ်ချင်း၊ မိတ်ဆွေဟု အသိမှတ်ပြုလိုက်သောကြောင့် အရမ်းကို ဝမ်သားနေကြသည်။

 
သူတို့နှစ်ယောက်က ချက်ချင်း စိတ်အားထက်သန်လာပြီး ခဏ စကားပြောပြီး နောက်ရက်အနည်းငယ်မှာ ကျင်းပမည့် သူတို့ပွဲသို့  ဖိတ်ခေါ်ခဲ့သည်။ အပြုသဘောဆောင်သည့် တုန့်ပြန်မှုရရှိပြီးနောက် သူတို့သည်ကျေနပ်ရောင့်ရဲစွာဖြင့် နူတ်ဆက်ကာ ထွက်သွားကြသည်။

ရွှယ်ဇီရွမ်က ထွက်ခွာသွားသည့် စုံတွဲ၏ နောက်ကျောကို စိုက်ကြည့်ပြီး သူ့ရင်ထဲ ပူပန်မှုတို့ ပေါ်လာခဲ့သည်။ အခု လက်ရှိအချိန် ရွှယ်မိသားစုက ပျက်စီးခြင်းမရှိသေးပါ။ ရွှယ်မိသားစု၏ လုပ်ငန်းများက ငွေကြေးလိုအပ်ချက် ရှိနေပေမယ့် လူအားလုံးအမြင်တွင် မပြိုကွဲနိုင်သော စည်းစိမ်ကို ပိုင်ဆိုင်နေသေးသည်။ ဒါပေမယ့် ဒီစည်းစိမ်တွေအားလုံးက သူနှင့် မသက်ဆိုင်ပါ။ အခု ဒီလူတွေ သူ့ကို တလေးတစား လာနုတ်ဆက်တယ်ဆိုတာက ရွှယ်လွေ့ရဲ့ မျက်နှာကြောင့်ဖြစ်သည်။

သူက ကမ္ဘာအနှံ့ကျော်ကြားသူဖြစ်သော်လည်း စန္ဒယားပညာရှင်တစ် ဦး ၏တည်ရှိမှုက လူအများအမြင်တွင် ပုရွက်ဆိတ်ကဲ့သို့သေးငယ်လှသည်။ ဒါကြောင့် ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်ကလေးကို ကာကွယ်ဖို့ ခွန်အားနဲ့စည်းစိမ်ဥစ္စာလိုအပ်နေခဲ့သည်။

စန္ဒရားကို သူ့တစ်ဘဝလုံးမှာ ချစ်မြတ်နိုးခဲ့ဖူးသော ရွှယ်ဇီရွမ် အတွက် ဒီအချက်က ခက်ခဲလိမ့်မည်၊ သို့သော်ယခု ရွှယ်ဇီရွမ်အတွက်တော့ အလွန်ရိုးရှင်းပါသည်။ အရင်ဘဝမှာ ဆယ်ကျော်သက်ကောင်လေးရဲ့ ခွင့်လွှတ်မှုကို ရဖို့ စောင့်ဆိုင်းနေချိန်မှာ သူက အဝေးကိုလည်း မသွားရဲခဲ့သလို သေလည်း မသေဝံံ့သောကြောင့် ရွှယ်ရန်၏ နှိပ်စက်မှုကို ထပ်တလဲလဲ ခံခဲ့ရသည်။ ရွှယ်ရန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူက ရွှယ်ရန်က ဘယ်လို လိမ်လည်သလဲ။ ဘယ်လို လာဘ်ထိုးပြီး ပူးပေါင်းကြံစည်သလဲ။ ဘယ်လိုနည်းနဲ့ ကျော်ကြားသည့် လူများကို ပေါင်းသင်းကာ လုပ်ဆောင်သလဲဆိုတာကို လေ့လာသိရှိခဲ့သည်။

ရွှယ်ရန်သည် ကျန်ရှိနေသေးသော ရွှယ်မိသားစု၏ ပိုင်ဆိုင်မှုများကို နိုင်ငံခြားသို့ တိတ်တဆိတ် လွှဲပြောင်းပေးခဲ့သည်။ တရုတ်ပြည်မကြီးထဲ တိတ်တဆိတ် ခြေကုတ်ယူကာ အခြေခိုင်အောင် လုပ်ခဲ့ပြီးမှ ရန်သူများကို တိုက်ခိုက်ခဲ့သည်။ ရွှယ်ရန်က ဆယ်ကျော်သက်ကောင်လေးရဲ့ အသက်ကို ကယ်တင်ဖို့လုပ်ရာတွင် သတိလက်လွှတ်လုပ်လိုက်တာ တခုမှ မရှိပေ။ သူက တဆင့်ချင်းကို သေချာ ထောက်လှမ်းကာ ပိုင်နိုင်မှ လုပ်ခဲ့သည်။ ဒါကြောင့် ဆယ်ကျော်သက်ကောင်လေး ဟွမ်ရီကို ပိုင်နိုင်စွာ ကာကွယ်ကယ်တင်ပေးနိုင်ခဲ့သလို ဟွမ်ရီရဲ့ အချစ်ကိုလည်း ရရှိခဲ့သည်။

အခုဘဝမှာတော့ ရွှယ်ဇီရွမ်က ရွှယ်ရန်လုပ်ခဲ့သည့် အညှာတာကင်းပြီး တုန့်ဆိုင်းခြင်းမရှိသည့် နည်းဖြင့် သူချစ်သည့် လူငယ်လေးကို ကာကွယ်ပေးရမည်။ ဒီလို နည်းကို သင်ပေးခဲ့သည့် ရွှယ်ရန်ကို သူ ကျေးဇူးတင်မိသည်။

 
သူစဉ်းစားလို့ ပြီးဆုံးချိန်မှာ စားပွဲထိုးက ပန်းကန်များကို သယ်ဆောင်လာ ကာ သူတို့ရှေ့မှာ ခင်းကျင်းပေးခဲ့သည် ။ ရွှယ်ဇီရွမ်သည် သူ၏ အတွေး များကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး ဆယ်ကျော်သက်လေး အတွက် လက်သုတ်ပဝါတစ်ခု ခင်းပြီး စားသောက်ရန် စီစဉ်ပေးခဲ့သည်။

"အစ်ကို ကျွန်တော် ဘယ်လိုလုပ်ရမလဲ။  ဓားနဲ့ခက်ရင်းကို ဘယ်လိုသုံးရမလဲမသိဘူး။ "

ကျိုးယွင်ရှန့် သည် ထိုမေးခွန်းကို မျက်နှာနီနီနှင့်မေးခဲ့သည်။

ရွှယ်ဇီရွမ်က ဟွမ်ရီ၏ နားရွက်နားကို ကိုင်းညွတ်ကာ နူးညံ့စွာဖြင့် တီးတိုးပြောလိုက်သည်။

 " မင်း စားချင်တာကို စားလို့ရပါတယ်။ တကယ်လို့ ကိုယ့်ကို ခွံကျွေးစေချင်ရင် ရပါတယ်။ မင်းရဲ့လက်က ပတ်တီးစည်းထားတယ်ဆိုတော့ ကိုင်ပြီး လှီးဖြတ်ရတာ နည်းနည်းနာပြီး လုပ်ရ ခက်နေမှာပဲလေ။ မဟုတ်ဘူးလား။  "

ထို့နောက်သူသည် အာလူးနှင့် အသား ရောချက်ထားသည့် ဟင်းတစ်ဇွန်း ကို ခပ်ကာ ဟွမ်ရီ၏ နူတ်ခမ်းနားကို တိုးကပ်ပေးကာ စိုက်ကြည့် လိုက်သည်။  

ထိုလူငယ်၏လှုပ်ရှားမှုတိုင်းက အရမ်းဂရုတစိုက်ရှိပြီး နက်ရှိုင်းသော မျက်လုံးများက အချစ်မြတ်နိုးရဆုံးသူကိုကြည့်နေသကဲ့သို့နူးညံ့ကြင်နာမှုဖြင့် ပြည့်နေသည်။ ထိုသို့ ချစ်စိတ်ပြင်းပြသည့် မျက်ဝန်းဖြင့် အကြည့်ခံနေရသောကြောင့် ကျိုးယွင်ရှန့်၏ မျက်နှာက အနီရောင်သမ်းလာပြီး ရွှယ်ဇီရွမ်ကို မကြည့်ရဲပဲ ခေါင်းငုံ့သွားခဲ့သည်။

" ပါးစပ်ဟလေ.... "
ရွှယ်ဇီရွမ်က ပြုံးကာ ပြောလိုက်သည်။

ပတ်ဝန်းကျင်က လူတွေက ထူးထူးဆန်းဆန်း ဝိုင်းကြည့်နေသောကြောင့် ကျိူးယွင်ရှန့်က ပါးစပ်ဟကာ ဟင်းကို အသာလေး စားလိုက်သည်။ ပြီးတော့ သူ တီးတိုးပြောလိုက်သည်။

" အကိုကြီး လည်း စားပါ။ အကိုကြီး လုပ်ကိုင်တာကို ကြည့်ပြီး ကျွန်တော် လိုက်လုပ်ပါ့မယ်။ ကျွန်တော့်လက်က လှုပ်ရှားလို့ရပါတယ်။ နည်းနည်းမှ မနာပါဘူး။ ကြည့်ပါဦး.. "

 ကျိုးယွင်ရှန့်က သူ့လက်ကို မြှောက်ကာ လှုပ်ပြပြီး ပြောလိုက်သည်။
==========================

Chapter (6.6) - မင်းကို နမ်းခွင့်ရဖို့ ရင်ကွဲလုမတတ် စောင့်ခဲ့ရတယ် ရှောင်ရီလေး...


အစောပိုင်းက ကျိုးယွင်ရှန့် သည် ထိုက်ရှန်းတောင်ထိပ်မှ ရှားပါးသော ကြာပန်းကဲ့သို့သော ရွှယ်ဇီရွမ်ကို ရှက်သွားပြီး အဆင်မပြေဖြစ်စေရန် ရည်ရွယ်ပြီး ဒီလိုပြောလိုက်ပေမယ့်တဖက်က  ဒီလိုလုပ်တာ လုံးဝ ရှက်စရာဟု မထင်သောကြောင့် နောက်ဆုံး လိမ်မာစွာ ပါးစပ်ကို ဟကာ သူခွံ့ကျွေးသမျှ စားလိုက်တော့သည်။ သူက သူ့အတွက် တဇွန်းစားလိုက် ကျိုးယွင်ရှန့်ကို တဇွန်းကျွေးလိုက်နှင့် အဆင်ပြေပြေ ချောမွေ့စွာ လုပ်နေသည်။


"system , ဒီလူရဲ့ ကိုယ်ထဲကို အခြား ဝိညာဉ်က ဝင်ရောက်မနေဘူးလား? သေချာ စစ်ဆေးပေးပါဦး။ ဒီဝိဉာဉ်က ကိုက်ညီမှုရှ မရှိ စကင်ဖတ်ပေးပါဦး။ "

 သူ့စိတ်ထဲကနေ  system  ကို အမိန့်ပေးခဲ့သည်။

system သည်ပုံမှန်မဟုတ်သော အချက်အလက်များကို ရှာဖွေတွေ့ရှိသောကြောင့် စွမ်းအင်အနည်းငယ်ဖြုန်းတီးပြီး ရွှယ်ဇီရွမ်ကိုအကြိမ်ပေါင်းများစွာ စကင်ဖတ်စစ်ဆေးခဲ့ပြီး စက်ရုပ်သံဖြင့်ပြန်လည်ဖြေကြားခဲ့သည်။


"  Host ဒီဝိဉာဉ်က လုံးဝကိုက်ညီမှုရှိပါတယ်"

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်ကို အတုခိုးပြီး အသားပြားကို အသာဖြတ်ကာ ပါးစပ်ထဲ ထည့်ဝါးရင်း သူ့ရှေ့က လူငယ်ရဲ့ခေါင်းထဲမှာ ဘာများစဉ်းစားနေသလဲဆိုတာ သိချင်လာသည်။ ဖြစ်နိုင်ရင် ဒီလူရဲ့ ခေါင်းကို ဖွင့်ပြီး အထဲက အတွေးကို ကြည့်လိုက်ချင်သည်။ မက်မုံပွင့် မျက်ဝန်းလေးများက ရွှယ်ဇီရွမ်ကို စူးစိုက်ကြည့်ရင်း တွေးနေတော့သည်။

 
" ဘာလဲ?"

ရွှယ်ဇီရွမ်၏ခန္ဓာကိုယ်သည်လူငယ်၏အကြည့်မှတဆင့် အာရုံစိုက်ခြင်းခံရသည်ကို သိလိုက်ရတော့ ။ သူ၏ လည်ပင်းနှင့် လက်များပေါ်တွင်ကြက်သီးမွေးညှင်းထ လာတော့သည်။ ဒါက  မနှစ်မြို့ဖွယ်၊ စက်ဆုပ်ရွံရှာဖွယ်မဟုတ်ဘဲ စိတ်လှုပ်ရှားမှုများလွန်းလို့ ဇီဝကမ္မဆိုင်ရာတုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။

ဤသို့ အာရုံစူးစိုက်ပြီး  စင်ကြယ်သော အကြည့်များကို ရချင်သည်မှာ  သူ့တစ်သက်လုံးတောင့်တခဲ့သောအရာတစ်ခုဖြစ်သည်။

" အစ်ကိုကြီး အစာစားတဲ့အခါ တော်တော်ကြည့်ကောင်းတယ်။ "

ကျိုးယွင်ရှန့်က ထိုလူငယ်လေးကို ဖားလိုက်သည်။ ဒါပေမယ့် ဒီအတွေးကလည်း သူ့စိတ်ထဲမှာ မှန်သည်ဟု တွေးလိုက်သည်။  ရွှယ်ဇီရွမ် သည် အထက်တန်းလွှာမိသားစုမှ ကောင်းစွာ ပျိုးထောင်ခံပြီး ကြီးလာသူပီပီ သူ့ရဲ့ သွားလာ၊ လှုပ်ရှားမှု၊ စားသောက်နေထိုင်ခြင်း အားလုံးက သဘာဝကျကျပင် ကျက်သရေရှိကာ ကြည့်ကောင်းလှသည်။ ဒီလို ချောမောကာ အပြုအမှုကောင်းသည့် လူငယ်လေးက မိန်းကလေးတိုင်း ရင်ထဲကစိတ်ကူးယဉ်နေသည့် မင်းသားလေး တစ်ပါး ပင်ဖြစ်တာ မထူးဆန်းတော့ပေ။

 
အထက်တန်းလွှာ လူတန်းစားများနှင့် ပြည့်နှက်နေသော ဒီစားသောက်ဆိုင်တွင် ရုပ်ရည်အားဖြင့် အမူယာအားဖြင့် ရွှယ်ဇီရွမ် ကို ယှဉ်နိုင်သူ မရှိလို့ပြောတာ ချဲ့ကားပြောတာ လုံးဝမ ဟုတ်ပေ။

 ရွှယ်ဇီရွမ်သည်လူများကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းခြင်းကို ဘယ်တုန်းကမှ ဂရုမစိုက်ပေ။ အခု သူ က ဟွမ်ရီ၏ စကားကြောင့် အရမ်းကို ပျော်သွားပြီး ဟွန်ရီ၏ ကုလားထိုင်နောက်မှီကို လက်ဖြင့်လှမ်းတင်ကာ ကိုယ်ကို ကိုင်းညွတ်ပြီး ပန်းရောင်သန်းနေသည့် ပါးပြင်နုနုလေးကို ဖြတ်ခနဲ အနမ်းပေးလိုက်သည်။ ထိုသို့ နမ်းလိုက်တာ ရေပေါ် ပုစဉ်းလေး နားလိုက်သလို ဖြတ်ခနဲဖြစ်ပေမယ့် သူ့နူတ်ခမ်းနှင့် ထိတွေ့လိုက်ရစဉ် တခဏ ကျိုးယွင်ရှန့်ရဲ့ ပါးပြင်က ပူသွားခဲ့သည်။ ကျိုးယွင်ရှန့်ရဲ့ အရေးပြားက အရမ်းကို ပါးလွှာပြီး ထိုသို့ဖြစ်သွားသည်နှင့် မျက်နှာတစ်ခုလုံး ရဲသွားတော့သည်။

 ကျိုးယွင်ရှန့်က အရည်လဲနေသည့် မက်မွန်ပွင့်လို မျက်လုံးတွေကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး တီးတိုးမေးလိုက်သည်။

 "အကိုကြီး .... ဘာလုပ်နေတာလဲ။ ကျွန်တော့်ကိုဘာလို့နမ်းခဲ့တာလဲ"


ရွှယ်ဇီရွမ်က သူ့ကိုကြည့်ရင်းပြုံးလိုက်သည်။

"မင်း လူတစ်ယောက်ကို အရမ်း နှစ်သက်မိတဲ့အခါ သူ့ကိုတွေ့တာနဲ့ အလိုလို နမ်းချင်လာလိမ့်မယ်"

ဘုရားရေ.... ဒါက  နောက်ထပ်ဝန်ခံစကားပြောတာလား။ မင်းက ဝန်ခံစကား ဆိုတဲ့ နတ်ဆိုးလား။ ကျိုးယွင်ရှန့်က သူ့မျက်နှာကို ဝိုင်ခွက်ထဲက ဝိုင်တွေနဲ့ ပက်ပစ်လိုက်ချင်ပေမယ့်  OOC (out of character) ဇာတ်ကောင်စရိုက်မှ သွေဖီပြီး အပြစ်ပေးခံရမည်ကို ရှောင်ဖို့ ကိုယ့်ကိုယ်ကိုယ် မနည်းကို ထိန်းချုပ်လိုက်ရသည်။ ဟွမ်ရီလို အချစ်မခံရသည့် လူရာသွင်းမခံရသည့်  ကြောက်လန့်သော လူငယ်လေး သာဆိုရင် သူက ဒေါသထွက်တာထက် ရှက်သွားမှာ သေချာသည်။

ကျိုးယွင်ရှန့်သည်ဓားနှင့်ခက်ရင်း ကိုချကာ လက်နှစ်ဖက်စလုံးကို သူ၏ပါးပြင်ကိုဖုံးအုပ်လိုက်သည်။ မျက်လုံးများသာချန်ထားခဲ့သည်။ ဒီလို စိတ်ရင်းမှန်နဲ့အကူအညီမဲ့သည့် ပုံစံလေးက  သနားစုံမက်စရာ ချစ်စရာ ပုံစံလေး ဖြစ်နေတော့သည်။


ရွှယ်ဇီရွမ်က သူ ဒီဆယ်ကျော်သက်ကောင်လေးနှင့် အတူရှိနေစဉ်  မိနစ်တိုင်းနှင့်စက္ကန့်တိုင်းသည် အလွန်အမင်းပျော်ရွှင်မှုရနေသလို အသက်ရှူတိုင်းလည်း မွှေးကြိုင်သောအနံ့တစ်ခု ရနေသည်။ ဒါက ဆိုလျှင် အရင်ဘဝ၏မျှော်လင့်ချက်ကင်းမဲ့မှုနှင့်နှိုင်းယှဉ်လျှင် လုံးဝ နတ်ပြည်ကို ရောက်နေသလိုကို ခံစားနေရသည်။ ဒါကြောင့် သူက ဒီ ချစ်ရသူလေး နားမှာ နေထိုင်ခွင့်ရမည့် အချက်ကို သေတောင် လွှတ်မပေးနိုင်ပဲ ဆုပ်ကိုင်ထားမှာ သေချာသည်။

"အခုခေတ်မှာ နမ်းတယ်ဆိုတာ အနောက်တိုင်းသားတွေအတွက်  ချစ်ခင်မှုကိုပြသတာပဲ"

ရွှယ်ဇီရွမ်က လူငယ်လေး၏အနီရောင် နားရွက်ဖျားလေးကို အသာလေး ဖျစ်ညစ်ကာ ပြောပြလိုက်ပြီး သူတို့ ညာဘက်က ဝိုင်းကို ကြည့်ဖို့ တီးတိုးပြောလိုက်သည်။  ထိုဝိုင်းတွင် နိုင်ငံခြားသား ချစ်သူ စုံတွဲတစ်တွဲ ထိုင်ကာ စားသောက်နေပြီး စကားပြောနေကြသည်။ မိန်းမက ဘာပြောသလဲမသိဘူးပေမယ့်  ယောက်ျားဖြစ်သူက အပြုံးနဲ့သူမ၏ပါးကိုနမ်းလိုက်သည်။

နောက်ထပ် သံသယဖြစ်စရာလာပြန်ပြီ။ ယောကျာ်းနဲ့မိန်းမ နမ်းတာက ချစ်သူသဘာဝ ပုံမှန်ပဲဖြစ်သည်။ ဒါပေမယ့် ယောကျာ်းလေး တစ်ယောက်က အခြားယောကျာ်းလေးကို နမ်းတာကို ဘယ်လို ပြောရမလဲ။ ပြီးတော့ စုံတွဲတွေ အတွက် စားစရာ အဆက်လိုက်ကိုမှာ တဲ့အပြင် Tiramisu cake ကို အသည်းပုံ ဖော်ခိုင်းတာကရော ဘာသဘောပဲ။ ငါ့ကို အရူးလုပ်ချင်နေတာလား။ ကျိုးယွင်ရှန့်က နောက်ထပ် သည်းခံနိုင်စွမ်း ကုန်သွားလေပြီ။ သူ့ရင်ထဲက ဒေါသတွေ ထွက်လာပြီး ဒီ ရွှယ်မိသားစုက ဘယ်လိုဖြစ်ဖြစ် သူ့ကို တောသားငတုံးလို သဘောထားတာပါပဲ။ သူ့ကို လုပ်ချင်သလို လုပ်ပြီး လှည့်စားနေကြသည်။


 ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်ကို အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်ပြီး  သူ၏မျက်နှာကိုဖုံးအုပ်ထားသည့်လက်များကိုဖြည်းဖြည်းချင်းချလိုက်သည်။ သူက တိုးတိုးလေးပြောသည်။

"ဒီလို သဘောလား...  "


ထို့နောက် ကျိုးယွင်ရှန့်သည် ဓားနှင့်ခက်ရင်း ကိုပြန်ကောက်ယူလိုက် သည်။

"ကိုယ်က မင်းကို နမ်းတယ်ဆိုတာ မင်းကို သဘောကျလို့လေ။ မင်းကရော။ အကိုကြီးကို သဘောမကျဘူးလား။   "

ရွှယ်ဇီရွမ်သည် သူ၏စကားများကို စိတ်ရှည်ရှည်နှင့်စနစ်တကျ လမ်းကြောင်း ဖော်နေသည်။ သူ့ကို ပြန်နမ်းဖို့ အရိပ်အမြွက်ပြဖို့ ဇွဲကောင်းစွာ ပြောနေသည်။

Fuck.... ခင်ဗျားမပြီးနိုင်သေးဘူးလားဗျ။ ခင်ဗျားက လိင်တူချစ်သူလား။ အရွယ်မရောက်သေးတဲ့ ကောင်လေးကို ဆွဲဆောင်ဖြားယောင်းချင် နေတာလား ။

တကယ်တော့ လိင်တူချစ်သူဖြစ်သည့် ကျိုးယွင်ရှန့်က အင်မတန်ကို ချောမောသည့်နတ်ဘုရားလို လူ၏ ဆွဲဆောင်မှုကို မနည်းတောင့်ခံနေရပြီး ငွေ့ရည်ဖွဲ့သည့် မျက်ဝန်းများဖြင့် သနားစဖွယ် မော့ကြည့်လိုက်ကာ  နှုတ်ဆိတ်စွာတောင်းပန်သည်။

ကျိုးယွင်ရှန့်၏အကြည့်ကြောင့် ရွှယ်ဇီရွမ်က တောင့်မခံနိုင်တော့ပဲ ကျိုးယွင်ရှန့် ၏ ခေါင်းလေးကို လက်နှင့်အ သာထိန်းကိုင်ကာ တီးတိုးထပ်မေးလိုက်သည်။

"ရှောင်ရီ... ညီလေး အကိုကြီးကို သဘောကျရဲ့လားကွယ်။  ?"

ထိုမေးခွန်း၏အောက်၌ ပုန်းကွယ်နေသောမရေမတွက်နိုင်သော မျှော်လင့်ချက်များ ရှိသည်။

ကျိုးယွင်ရှန့် သည်ချစ်ခြင်းမေတ္တာငတ်မွတ်နေသည့် မိဘမဲ့ မွေးစား ကလေးတစ်ယောက်အနေဖြင့် သူ့ကို ခုလို ဂရုစိုက်ပေးသည့် အကိုကြီးကို မကြိုက်ပါဘူး ဘယ်လိုပြောနိုင်ပါ့မလဲ။  သူက ရင်ထဲက ခံစားချက်ကို ခက်ခက်ခဲခဲမြိုသိပ်ကာ  ခေါင်းညိတ်လိုက်ပြီး အမှတ်တမဲ့ နူတ်ခမ်းကို လျှာနှင့် လျက်လိုက်မိသည်။   

ရွှယ်ဇီရွမ်၏ မျက်လုံးတွေ နက်မှောင်လာပြီး ဟွမ်ရီ၏ ခေါင်းကို ရှေ့သို့ တိုးလိုက်ပြီး နီမြန်းသော နူတ်ခမ်းလေးကို နမ်းလိုက်ချင်စိတ်ကို မနည်းအောင့်အီးကာ လွှတ်ပေးလိုက်ရသည်။

ချစ်ရတဲ့ လူငယ်လေးကို နမ်းခွင့်ရဖို့ သူ ဘယ်လောက်တောင် စောင့်နေတယ်ဆိုတာ မိုးကောင်းကင်ကြီးအသိဆုံးပါ။ ဒီလို တောင့်တမှုကြောင့် သူ့နှလုံးတွေကို ကွဲကြေလုနီးပါးဖြစ်ခဲ့ရသည်။

" မင်းကို နမ်းခွင့်ရဖို့ ရင်ကွဲလုမတတ် စောင့်ခဲ့ရတယ် ရှောင်ရီလေး..."

ရွှယ်ဇီရွမ် ရင်ထဲကနေ တီးတိုးပြောလိုက်မိတော့သည်။

==========================
Chapter (6-7) - အကောင်းဆုံးတွေပဲ မင်းကို ပေးအပ်ချင်တယ် ရှောင်ရီလေး (Z+U)

ကျိုးယွင်ရှန့်က ဒီလူငယ်လေး ဆိုလိုသည့်သဘောကို သေချာသိပါသည်။ သူက အခုလေးတင် သဘောကျတယ်လို့ပြောထားသောကြောင့် ရှောင်ရှားလို့မရတော့ပေ။ ဒါကြောင့် လျှပ်စစ်လိုအမြန်နှုန်းနဲ့ ရွှယ်ဇီရွှမ်၏ပါးပြင်ကို ဖျတ်ခနဲနမ်းလိုက်သည်။

ပါးပေါ်ကစိုစွတ်တဲ့အထိအတွေ့အရ ယွမ်ရီ၏နှုတ်ခမ်းမှ အသားကင်၏အဆီနှင့် ဆော့စ်တို့ ပေသွားတာသိပေမယ့် ရွှယ်ဇီရွှမ် နည်းနည်းမှ ရွံသည်ဟု မခံစားလိုက်ရပေ။ သူချစ်တဲ့ကောင်လေးဆီက ဆီဝေ့အနမ်းကိုရလိုက်လို့ ရင်ဘတ်တစ်ခုလုံး အပျော်တွေပြည့်လို့နေသည်။

တကယ်တော့ သူက ဟွမ်ရီနမ်းလာခိုက် ခေါင်းလေးကိုစောင်းကာ နှုတ်ခမ်းပါးကို အနမ်းပေးချင်ပေမယ့် ကောင်လေး၏ ရှက်ရွံ့သောအမူအယာလေးကို သနားသောကြောင့် ပါးကိုသာ အနမ်းခံလိုက်သည်။ စစချင်းမှာ ဒီကောင်လေးကို ကြောက်အောင်မခြောက်လှန့်ချင်ပေ။ ဒါကြောင့် ပါးကိုနမ်းတာခံရသည်နှင့် ရွှယ်ဇီရွှမ်၏နှုတ်ခမ်းများက တွန့်ကွေးကာ ကျေနပ်စွာပြုံးလိုက်သည်။ သူလည်း ဆယ်ကျော်သက်လေး၏ပါးပြင်ကို ငုံ့ကာအနမ်းပေးလိုက်ပြီး စားစရာကို အချိန်ဆွဲကာစားလိုက်သည်။

ကျိုးယွင်ရှန့်ကတော့ သူ့စားစရာနှင့်အချိုပွဲကို မြန်မြန်စားကာ နွားနို့ကို ခပ်မြန်မြန်သောက်လိုက်သည်။ စားသောက်ဆိုင်ထဲ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပေမယ့် ရွှယ်ဇီရွှမ်က ချစ်သူနှင့်နှစ်ယောက်တည်းရှိသည့် အချိန်လေးကို တတ်နိုင်သလောက် အချိန်ဆွဲနေသည်။ ဒါပေမယ့် သူတို့နှစ်ယောက်တည်းကျန်တော့ပြီး ဆိုင်သိမ်းတော့မယ့်အချိန်ရောက်တော့ ဘီလ်ရှင်းကာ ထွက်လာခဲ့သည်။

ကားရပ်ထားသည့်နေရာကိုရောက်ဖို့ သူတို့ အတော်ကြာအောင် လျှောက်ရဦးမည်။ ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ခါးလေးကိုသိုင်းဖက်ကာ ကိုယ်ချင်းပူးကပ်ကာ လူတွေကြားလျှောက်လာရင်း တခါတခါ ငုံ့ကာနမ်းလိုက်သေးသည်။ သူတို့နှစ်ယောက်က လူချင်းပူးကပ်နေလို့ အရိပ်က တစ်ခုတည်းလိုဖြစ်နေသည်။

အကာအကွယ်တံတိုင်း ကျိုးကျသွားရင် ရေတွေကို တားမရတော့ဘူးဆိုတာကို ကျိုးယွင်ရှန့် ကောင်းကောင်းသိသည်။ Gay တစ်ယောက်အနေဖြင့် ရုပ်ရည်ချောမောသော ရွှယ်ဇီရွှမ်က သူ့ကို ခုလိုပူးကပ်ကာ ခဏတိုင်းခိုးနမ်းနေတာက တကယ်အဆင်မပြေပေ။ မကြာခင် သူ အစားခံရနိုင်သည်။

ရွှယ်ဇီရွှမ်က ခေါင်းလောင်းပြာပန်းတစ်ပွင့်ကို ကျိုးယွင်ရှန့်၏အင်္ကျီအိတ်ကပ်လေးထဲ ထိုးစိုက်ပေးလိုက်သည်။

"အစ်ကိုကြီး.. ဘယ်လိုယူခဲ့တာလဲ.. ပန်းစည်းကို ကျွန်တော်မေ့ကျန်ခဲ့ပြီထင်တာ.."

"ကိုယ်က မင်းကို ပထမဆုံးပေးတဲ့လက်ဆောင်ကို ဘယ်လိုမေ့ထားခဲ့မှာလဲကွယ်.."

ရွှယ်ဇီရွှမ်က ကျေနပ်စွာပြုံးကာ ပြောလိုက်သည်။ ဒါက သူ ပထမဆုံးပေးသော လက်ဆောင်ဖြစ်သလို သူ၏ချစ်ခြင်းမေတ္တာကိုပြသသည့် ပထမဆုံးလုပ်ရပ်လည်းဖြစ်သည်။ အရင်ဘဝက သူက ဟွမ်ရီ့ကို လက်ဆောင်တစ်ခါမှ မပေးခဲ့ဘူးဆိုတာက ဟွမ်ရီ့ကိုမချစ်လို့မဟုတ်ဘဲ အချစ်ကို ဘယ်လိုဖော်ပြရမည်ကို မသိသောကြောင့်ဖြစ်သည်။ ဒီအတွက် အာကာသထဲချုပ်နှောင်ခံရစဉ် သူ ယူကျုံးမရအောင် နောင်တရခဲ့သည်။ ဒါကြောင့် ဒီဘဝ အခွင့်အရေးပြန်ရတော့ လုံးဝလက်လွတ်မခံတော့ပေ။
ဘယ်လိုနည်းနဲ့ ချစ်ခြင်းမေတ္တာကို ပြသရမလဲဆိုတာ လေ့လာသည်။ သူ့ကိုယ်သူလည်း ပြောင်းလဲပစ်လိုက်သည်။ ဒီလောကမှာရှိတဲ့ အကောင်းဆုံးအရာကို သူ့လက်မောင်းကြားကကောင်လေးကို ပေးအပ်ဖို့ ဆုံးဖြတ်ထားသည်။

ကျိုးယွင်ရှန့်က နှုတ်ခမ်းကိုတွန့်လိုက်ပေမယ့် ရင်ဘတ်ကပန်းကို လက်နှင့်တို့ထိလိုက်မိစဉ် နူးညံ့သောအထိအတွေ့ကြောင့် ရင်ထဲ လှုပ်ရှားသွားခဲ့သည်။ ဒါက သူ့ဘဝမှာ ပထမဆုံးရရှိဖူးသော လက်ဆောင်လည်းဖြစ်သည်။

ထိုစဉ် ရုတ်တရက် မိုးရွာချလိုက်သောကြောင့် ပတ်ဝန်းကျင်ကလူတွေက ကော်လံထောင်ကာ လေအေးကိုကာရင်း အပြေးအလွှားထွက်ပြေးနေကြသည်။ ဆောင်းတွင်းမှာရွာသည့်မိုးကြောင့် အအေးဓာတ်က အရိုးထဲထိစိမ့်ဝင်လာခဲ့သည်။ ရွှယ်ဇီရွှမ်က အေးလို့တုန်နေသည့်ကောင်လေးကို နီးကပ်အောင်တင်းတင်းဖက်ကာ ခပ်သုတ်သုတ်လျှောက်လာရင်း ဆိုင်တစ်ဆိုင်မှာပြထားသည့် သားမွှေးလောင်းကုတ်ရှည်ကိုတွေ့လိုက်တော့ ဆိုင်ထဲဝင်လိုက်သည်။ သူက ဈေးကိုတစ်ချက်ကြည့်ကာ အရုပ်မှာဝတ်ပြထားသည့်ကုတ်အင်္ကျီအတွက် ငွေချေလိုက်သည်။

တရုတ်ယွမ် 8000 တန် သားမွှေးလောင်းကုတ်တန်ဖိုးက သူဌေးသားရွှယ်ဇီရွှမ်အတွက် မှုစရာမဟုတ်ပေ။ ဒါပေမယ့် ဒီသားမွှေးကုတ်က နောက်ဆုံးပေါ် ခေတ်ဆန်ဆန်လူငယ်ဒီဇိုင်းဖြစ်သောကြောင့် အရမ်းထင်ပေါ်ကာ ဝံ့ဝံ့ကြွားကြွားရှိလှသည်။ ဒီပုံစံက Designer ချုပ် အထက်တန်းကျသည့်ဝတ်စုံကို ဝတ်နေကျ ရွှယ်ဇီရွှမ်နှင့် မလိုက်ဖက်ဟု ကျိုးယွင်ရှန့်ထင်နေသည်။ ဒါပေမယ့် နတ်ဘုရားက နတ်ဘုရားပါပဲ။ ဒီလောင်းကုတ်ရှည်ကိုဝတ်လိုက်သည်နှင့် ရွှယ်ဇီရွှမ်၏ပုံစံက ပိုထင်းထွက်လာပြီး ဘေးကအရောင်းစာရေးမလေးပင် မျက်လုံးမလွှဲနိုင်အောင် အညှို့ခံလိုက်ရတော့သည်။

ရွှယ်ဇီရွှမ်၏မျက်နှာနှင့် ခုလိုစတိုင်လ်ကျသည့်အဝတ်က သူ့ကို ပိုကြည့်ကောင်းသွားစေသည်ကို ကျိုးယွင်ရှန့် ဝန်ခံလိုက်ရသည်။
ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်ကို သူ့ကုတ်အင်္ကျီအောက်ကိုဆွဲသွင်းကာ တင်းတင်းဖက်ထွေးပွေ့လိုက်ရင်း ဆိုင်ပြင်ကိုထွက်လာကြသည်။

" ကဲ ... အခု နွေးသွားပြီ မဟုတ်လား"

ဆောင်းလေအေးဒဏ်က ထူထဲသောသားမွှေးအင်္ကျီကို မထိုးဖောက်နိုင်တော့ဘဲ နွေးလာတော့သည်။ ဒါ့အပြင် ခန္ဓာကိုယ်ချင်းပူးကပ်နေလို့ အပူရှိန်က ကျိုးယွင်ရှန့်တစ်ကိုယ်လုံးကို ထွေးပွေ့နေသလို ယောက်ျားပီသသောပုခုံးနှင့် သူသုံးသည့်ရေမွှေးနံ့တို့ကြောင့် ကျိုးယွင်ရှန့် သွေးခုန်နှုန်းမြန်လာတော့သည်။

ကျိုးယွင်ရှန့်က လက်ကိုတင်းတင်းဆုပ်ကာ စိတ်ကိုတင်းထားပြီး သူ့လက်မောင်းထဲ ပိုကပ်အောင်ဆွဲဖက်ခြင်းခံလိုက်ရသည်။ တစ်လောကလုံးက တိတ်ဆိတ်နေပေမယ့် နွေးထွေးလို့နေသည်။ ကျိုးယွင်ရှန့်တို့က တစ်လှမ်းချင်းလှမ်းလာရင်း ကားရပ်ထားသည့်နေရာကို ရောက်လာကြသည်။

ရွှယ်ဇီရွှမ်က ကားတံခါးဖွင့်ကာ အပူပေးစက်ကိုဖွင့်လိုက်သည်။ ပြီးတော့ နှစ်ဦးသား ကားထဲဝင်ထိုင်ကာ ပြန်လာကြသည်။ ကားထဲမှာ နွေးနေပေမယ့် သူတို့ရင်ထဲ တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ရွှယ်အိမ်တော်ကိုရောက်တော့ ညသန်းခေါင် တစ်နာရီကျော်နေလေပြီ။ ဖူဘိုကစောင့်နေပြီး ပြောလိုက်သည်။

"သခင်လေးကို သခင်ကြီးက စာဖတ်ခန်းထဲမှာ စောင့်နေပါတယ်.."

"ငါသိပြီ.."

ရွှယ်ဇီရွှမ်က အပြင်လူများနှင့်ဆက်ဆံရာတွင် အေးစက်စက်နှင့် နှလုံးသားကင်းမဲ့သူပုံစံ ရှိပေမယ့် ကောင်လေးဘက်ကို လှည့်လိုက်သည်နှင့် သူ့မျက်နှာက ချက်ချင်း နူးညံ့ပျော့ပျောင်းသွားခဲ့သည်။ သူက ငုံ့ကိုင်းကာ ကောင်လေး၏ရှူးဖိနပ်ကိုချွတ်ရာမှာ ကူပေးလိုက်သည်။

"ရတယ် အစ်ကိုကြီး.. ကျွန်တော့်ဘာသာလုပ်မယ်.."

"မင်းခြေအိတ်တွေ စိုနေတယ်.. ချွတ်လိုက်.. ပြီးရင် အခန်းထဲသွားပြီး ခြေထောက်တွေကို သေချာသုတ်လိုက်ဦး..ပြီးရင် ရေနွေးပူနဲ့ ခြေထောက်ကို စိမ်လိုက်... ဟုတ်ပြီလား"

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ခြေထောက်ကို စမ်းသပ်ကြည့်ကာ ပြောလိုက်ပုံက အသန့်ကြိုက်လွန်ရောဂါ  မရှိသလိုပင်။
ဒါကိုစောင့်ကြည့်ရင်း ဖူဘို အံ့အားသင့်ထိတ်လန့်လာသည်။

သူ၏မျက်နှာအရောင်က ဖြူလိုက်စိမ်းလိုက်နှင့် ပန်းချီဆရာ၏ ဆေးရေးပန်းချီကားလို ထင်ရသည်။

=============================



ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now