FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet

3.1K 311 0
                                    

FOD _Extra _ Chapter (3) _Honeymoon on Beast-man Planet

ကေလးေတြက လူစိမ္းေတြ ႐ုတ္တရက္ေရာက္လာတာကို ေတြ႕လိုက္ရလို႔ ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္သံက ဆူညံေနတဲ့လူမ်ိဳးစုကို ၿငိမ္က်သြားေစတယ္။ သားရဲတံဆိပ္ခတ္ႏွိပ္ထားတဲ့ အထီးေတြက အသက္ႀကီးတဲ့သူေတြ၊ အားနည္းတဲ့မိန္းမေတြနဲ႔ ကေလးေတြေရွ႕မွာ မားမားမတ္မတ္ ပိတ္ရပ္ထားၾကတယ္။ အဲ့ဒီအထဲက အရပ္အရွည္ဆံုးနဲ႔ အသန္မာဆံုးအထီးက ေလွ်ာက္လာရင္း ေျပာလိုက္တယ္။

"မင္းတို႔ေတြက ဘယ္သူေတြလဲ.. ဘာလုိခ်င္လို႔လဲ.."

ကံေကာင္းေထာက္မၿပီး သူက စၾကၤ၀ဠာသံုး သားရဲဘာသာစကားနဲ႔ ေျပာလိုက္တာျဖစ္တယ္။ က်ိဳးယြင္ရွန္႔က ဒီဘာသာစကားကို နားလည္႐ံုတင္မကဘူး ေျပာလည္းေျပာတတ္တယ္။ လူတစ္ေယာက္နဲ႔ သားရဲတစ္ေကာင္က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္ၿပီး ဒီမ်ိဳးႏြယ္စုထဲေနဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ သူတို႔က ေရာက္သင့္တဲ့ခုႏွစ္ထက္ ႏွစ္ေပါင္းဘယ္ႏွစ္ရာေလာက္မ်ား အနာဂတ္ကို ေရာက္ရွိေနၿပီလဲ။ သူတို႔ထြက္လာတဲ့ကာလနဲ႔ ဘယ္ေလာက္ေတာင္ ကြာသြားၿပီလဲဆိုတာ သူတို႔မသိဘူး။ အင္ပါယာက သူတို႔ေရာက္ေနတဲ့ေဒသရဲ႕ ခုနစ္ တိတိက်က်မသိဘဲ အခ်ိန္စက္၀ိုင္းထဲခုန္၀င္လာၿပီး သူတို႔ကို ဘယ္လိုမွ ကယ္တင္ေပးလို႔မရႏိုင္ဘူး။ အခုေရာက္ေနတဲ့ေဒသရဲ့ ယဥ္ေက်းမႈနဲ႔နည္းပညာကို သိရေတာ့ ဒီကမာၻမွာ ဘယ္လိုမွ ပိတ္မေနခ်င္ဘူး။ ဒီကမာၻမွာ သူ ထာ၀ရေနႏိုင္မွာမဟုတ္ဘူး။

"ဟယ္လို.. ငါတို႔က ေျပာင္းေရႊ႕ရင္း ငါတို႔မ်ိဳးႏြယ္နဲ႔ ကြဲခဲ့လို႔ပါ.. မင္းတို႔ဆီမွာ ခဏေနလို႔ရႏိုင္မလား.. ငါ့နာမည္က ရွန္႔.. သူ႔နာမည္က ရႊမ္ပါ.. ငါတို႔ႏွစ္ေယာက္က အေဖာ္ေတြပါ.."

က်ိဳးယြင္ရွန္႔က ေရွ႕ကိုတစ္လွမ္းတိုးၿပီး ၿပံဳးရင္း ယဥ္ယဥ္ေက်းေက်းေျပာလိုက္တယ္။

အခုေတြ႕တဲ့လူမ်ိဳးစုနဲ႔ယွဥ္ရင္ က်ိဳးယြင္ရွန္႔တို႔ကို ေခတ္သစ္ အဆင့္ျမင့္ယဥ္ေက်းမႈက လူေတြလို႔ ေျပာလို႔ရတယ္။ ေလာေလာဆယ္ သူတို႔သိပၸံေခတ္ကို ျပန္သြားလို႔မရေတာ့ ဒီမ်ိဳးႏြယ္စုထဲ ခဏေရာေႏွာေန႐ံုကလြဲလို႔ ဘာမတတ္ႏိုင္ေတာ့ဘူး။

ဒီမ်ိဳးႏြယ္စုကလူေတြက က်ိဳးယြင္ရွန္႔ကို ၀ိုင္းၾကည့္ေနၾကရင္း ဒီစကားေျပာတဲ့တစ္ေယာက္ကို အမလို႔ သတ္မွတ္လိုက္ၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ိဳးယြင္ရွန္႔က အရမ္းလွတဲ့အတြက္ျဖစ္တယ္။ ဒီအလွတရားက ၾကည့္မိသူကို မူးေ၀သြားရေလာက္ေအာင္ လႊမ္းမိုးႏိုင္စြမ္းရွိတယ္။

မ်ိဳးႏြယ္စုေခါင္းေဆာင္က က်ိဳးယြင္ရွန္႔ကို ေျခဆံုးေခါင္းဆံုးၾကည့္လိုက္ၿပီး ေျပာလိုက္တယ္။

"မင္း ဒီမွာေနခ်င္ရင္ ကိုယ့္ဘာသာ ရွာေဖြစားႏိုင္တယ္ဆိုတာ သက္ေသျပရမယ္.. ငါတို႔က အမေတြကို ေစာင့္ေရွာက္ေကၽြးေမြးေပမယ့္ အထီးေတြကေတာ့ ကိုယ့္ေျခကိုယ္လက္နဲ႔ ရွာစားရမယ္.."

သူက ေျပာရင္း ျခေသၤ့ႀကီးရဲ့ ေရႊေရာင္အေမႊးကိုထိဖို႔ လက္လွမ္းလိုက္တယ္။

ေက်ာက္ရႊမ္က ပါးစပ္ဟၿပီး ဟိန္းလိုက္တယ္။ သူ႔ေရွ႕မွာ သူ႔ဇနီးကို အထင္ေသးႏွိမ္ခ်စကား ေျပာေနတာကို သူ ဘယ္လိုမွသည္းမခံႏိုင္ဘူး။ သူ ဟိန္းလိုက္သံ ရပ္သြားတာနဲ႔ ဒီအုပ္စုထဲကအထီးေတြက စုေ၀းလာၾကၿပီး တိုက္ခိုက္ဖို႔ျပင္လိုက္ၾကတယ္။

"လူပံုစံေျပာင္းၿပီး ငါတို႔နဲ႔တိုက္ခိုက္စမ္းပါ.. ငါတို႔ထဲက သံုးေယာက္တိတိကိုႏိုင္ရင္ ငါတို႔ဆီမွာ မင္းတို႔ ေနခြင့္ရမယ္.."

"သူက လူပံုစံမေျပာင္းႏိုင္ဘူး.. မင္းတို႔တိုက္ခ်င္ရင္ ငါနဲ႔တိုက္လို႔ရတယ္.."

က်ိဳးယြင္ရွန္႔က ေအးေအးေဆးေဆးေျပာလိုက္တယ္။

"မင္းရဲ့အေဖာ္က ေရွးဦးသားရဲလား.. သူ လူပံုစံမေျပာင္းႏိုင္ဘူးလား.."

လူမ်ိဳးစုေခါင္းေဆာင္က တအံ့တၾသေျပာလိုက္ေပမယ့္ သူ႔ေနာက္ကလူေတြက ေလွာင္ရယ္,ရယ္ၾကတယ္။ သားရဲေတြက လူအသြင္ကိုေျပာင္းလဲႏုိင္ခဲ့တာ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ၾကာခဲ့ၿပီ။ ဒီႏွစ္ေတြၾကားမွာ သားရဲေတြက တစ္ေကာင္နဲ႔တစ္ေကာင္ သတ္ျဖတ္ၾကတာရယ္ မီးေလာင္မႈရယ္ေၾကာင့္ အေတာ္မ်ားမ်ား ေသေၾကပ်က္စီးခဲ့ၾကတယ္။ လူအသြင္ေျပာင္းလဲႏိုင္တဲ့ သားရဲေတြက ပိုပိုသန္မာလာၿပီး အသြင္မေျပာင္းႏိုင္တဲ့သားရဲေတြက ပိုပိုအားနည္းလာၾကတယ္။ တခ်ိဳ႕သားရဲေတြက ႐ိုင္းစိုင္းကုန္ၿပီး သူတို႔မ်ိဳးႏြယ္တူေတြကိုေတာင္ ျပန္သတ္ျဖတ္လာၾကတယ္။ သူတို႔မ်ိဳးႏြယ္စုက လူဦးေရတိုးဖို႔ သန္မာတဲ့ အသြင္ေျပာင္းသားရဲနဲ႔ အမ်ိဳးသမီးေတြကိုပဲ လိုအပ္တယ္။ အသြင္မေျပာင္းႏိုင္တဲ့ ေရွးဦးသားရဲေတြကို မလိုခ်င္ၾကဘူး။

ေရွးဦးသားရဲတစ္ေကာင္ ေရာက္ရွိလာျခင္းက သူတို႔မ်ိဳးႏြယ္စုကို ျပႆနာအမ်ားႀကီး တက္ေစႏိုင္တယ္။

"ေရွးဦးသားရဲ.."

က်ိဳးယြင္ရွန္႔က ဒီစကားလံုးကိုၾကားေတာ့ ဒါနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ကို ဦးေႏွာက္ထဲမွာ ရွာေဖြလိုက္တယ္။ လူသားပံုစံ မေျပာင္းလဲႏိုင္ေသးဘဲ ေရွးကမာၻဦးက မူရင္းပံုစံအတိုင္း က်န္ရစ္ေနတဲ့သားရဲကို ေရွးဦးသားရဲလို႔ ေခၚၾကတယ္ဆိုတာ သိလိုက္ရတယ္။ ဒီလို အသြင္မေျပာင္းႏိုင္ဘဲ သားရဲပံုရွိေနတာက မေကာင္းဘူး။ မ်ိဳးႏြယ္စုထဲကေန ဖယ္က်ဥ္ခံရႏိုင္တယ္ဆိုတာ သူ သိလိုက္ရတယ္။

က်ိဳးယြင္ရွန္႔က မာနႀကီးတဲ့သူျဖစ္လို႔ အခုလို သူတို႔ကို အထင္ေသးႏွိမ္ခ်တာေတြ႕ရလို႔ ဒီေနရာမွာမေနဖို႔ ဆံုးျဖတ္လိုက္တယ္။ ေက်ာက္ရႊမ္လည္း သူနဲ႔သေဘာထားအတူတူပဲ။ ေက်ာက္ရႊမ္က ဒီမ်ိဳးႏြယ္စုကအထီးေတြထက္ သန္မာတယ္ဆိုရင္ေတာင္မွ သူတို႔နဲ႔ ပတ္သက္ခ်င္စိတ္မရွိဘူး။ ဒီအုပ္စုနဲ႔ေနတာထက္ ႏွစ္ေယာက္တည္းေနရတာကို သူ ပိုသေဘာက်တယ္။ လူသားနဲ႔သားရဲက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး လွည့္ထြက္လာၾကတယ္။ သူတို႔ ဘာမွမေျပာဘဲ လွည့္ထြက္သြားခ်ိန္မွာ က်န္ရစ္တဲ့မ်ိဳးႏြယ္စုရဲ့ပံုစံက ေက်နပ္ေနပံုရတယ္။

ဒါေပမယ့္ အုပ္စုေနာက္မွာပုန္းေနတဲ့ မိန္းကေလးက ေခါင္းေဆာင္ကို လွမ္းေျပာလိုက္တယ္။

"ေခါင္းေဆာင္.. သူတို႔ကို ေနခြင့္ေပးလိုက္ပါလား.. ေတာထဲမွာေနရင္ သူတို႔ ဘယ္လိုမွ အသက္ဆက္ရွင္ႏိုင္မွာမဟုတ္ဘူး.. အဘူနဲ႔ေရွာင္ေဟးလည္း သူတို႔လို ေရွးဦးသားရဲေတြပဲ.. သူတို႔ေတာင္ ဒီမ်ိဳးႏြယ္ထဲ ေအးေအးေဆးေဆး ေနႏိုင္ေသးတာပဲ.. သူတုိ႔က အားနည္းတယ္ဆိုေပမယ့္ သူတို႔ဘာသာ ရွာစားႏိုင္မွာပါ.. ၿပီးေတာ့ အမဲေကာင္ေတြကို မ်ိဳးႏြယ္စုအတြက္ ေ၀ေပးႏိုင္မွာပါ.."

အမ်ိဳးသမီးရဲ့စကားသံကိုၾကားေတာ့ လူအုပ္ေနာက္ကေန ၀က္၀ံညိဳနဲ႔ က်ားသစ္နက္တစ္ေကာင္ ထြက္လာၿပီး ေခါင္းေဆာင္ကို အသံတိုးတိုးနဲ႔ ေအာ္သံျပဳလိုက္တယ္။ ဒါက အဘူနဲ႔ ေရွာင္ေဟးပဲျဖစ္တယ္။

က်ိဳးယြင္ရွန္႔က အမ်ိဳးသမီးကို လွမ္းၾကည့္လိုက္တယ္။ အမ်ိဳးသမီးက အရပ္ 1.9m ရွိတဲ့သူေတြၾကား 1.75m ပဲရွိၿပီး အရပ္ပုတာကို ေတြ႕လိုက္ရတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြအားလံုးရဲ့ခႏၶာက ပိန္ပါးၿပီး ၾကြက္သားတစ္စက္မွမရွိဘဲ ႏူးညံ့တဲ့အဆီေတြပဲရွိတယ္။ ၾကည့္ရတာ ဒီမိန္းမေတြက ကိုယ္လက္လႈပ္ရွားမႈ နည္းပံုရတယ္။ သူတုိ႔က ပါးအို႔နီနီေတြနဲ႔ ေမြးျမဴေရးၿခံထဲက ဥစားၾကက္မေတြလို ပုန္းေအာင္းေနတယ္။ တကယ္လို႔ အသံသာမထြက္ရင္ သူတို႔ရွိတာကို သိရမွာေတာင္မဟုတ္ဘူး။

က်ိဳးယြင္ရွန္႔ လွည့္ၾကည့္လိုက္ေတာ့ သူမက စိတ္လႈပ္ရွားေနတာကို ေတြ႕လိုက္ရတယ္။ ထြက္ၿပီးတားဆီးလိုက္တဲ့သူမက ၾကည္လင္တဲ့မ်က္၀န္းနဲ႔ တရားမွ်တတဲ့စိတ္ထားရွိၿပီး ႐ုပ္ရည္က ေခ်ာေမာလွပတယ္။ ဒီတစ္ေယာက္က က်ိဳးယြင္ရွန္႔တို႔ ေတာထဲမွာေသဆံုးမွာစိုးလို႔ ၀င္ေရာက္ေျပာေပးတာျဖစ္ၿပီး ဒီလုိ႐ိုင္းစိုင္းတဲ့ၿဂိဳလ္မွာ ဒီလိုၾကင္နာမႈမ်ိဳးက ရွားပါးတယ္ဆိုတာ သိလိုက္ရတယ္။ သူမက ေခါင္းေဆာင္ကိုေျပာေနတုန္း မီးခိုးေရာင္ဆံပင္နဲ႔ လူအိုတစ္ေယာက္ ထြက္လာၿပီး အသံက်ယ္က်ယ္နဲ႔ ေျပာလိုက္တယ္။

"အဘူနဲ႔ေရွာင္ေဟးက ငါတို႔မ်ိဳးႏြယ္စုမွာေမြးဖြားလာၿပီး မ်ိဳးႏြယ္တူတယ္.. ဒီႏွစ္ေယာက္က တျခားမ်ိဳးႏြယ္ကျဖစ္တယ္.. သူတုိ႔က ပံုမွန္ဆိုရင္ ေမာင္းထုတ္ခံရမွာပဲ.. ငါတို႔မ်ိဳးႏြယ္က အဘူနဲ႔ေရွာင္ေဟးကိုေတာင္ သနားလို႔ ေကၽြးေမြးေစာင့္ေရွာက္ထားၿပီးၿပီ.. ေနာက္ထပ္ လူမ်ိဳးျခားကို လက္မခံႏိုင္ေတာ့ဘူး.. သူတို႔က ငါတို႔မ်ိဳးႏြယ္စုရဲ့ လံုၿခံဳေရးကိုပါ ထိပါးႏိုင္တယ္.."

အဖိုးအိုေလွ်ာက္လာတဲ့ လမ္းတေလွ်ာက္မွာ လူေတြက ေခါင္းငံု႔ၿပီး 'ရွမာန္' 'ရွမာန္' လို႔ ႏႈတ္ဆက္ၾကတယ္။ သူက သားရဲနတ္ဘုရားကို ကိုယ္စားျပဳၿပီး လူမ်ိဳးစုေခါင္းေဆာင္ထက္ ျမင့္မားတဲ့ေနရာမွာရွိလို႔ သူ လက္တစ္ခ်က္လႈပ္လိုက္တာနဲ႔ လူေရာ တိရစာၦန္ေရာ ထြက္သြားရဖို႔ အေၾကာင္းခိုင္လံုၿပီျဖစ္တယ္။

မိန္းမက ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး ထပ္ေျပာလိုက္တယ္။

"ကၽြန္မတို႔က ေရွးဦးသားရဲကို လက္မခံႏိုင္ဘူးဆိုရင္ေတာင္ အမ်ိဳးသမီးကိုေတာ့ လက္ခံလို႔ရတယ္မလား.."

က်ားမဦးေရ အခ်ိဳးမညီတဲ့ Beastman Planet မွာ အမ်ိဳးသမီးက အလြန္တရာတန္ဖိုးရွိတဲ့ အရင္းအျမစ္ျဖစ္တယ္။

ဒီအမ်ိဳးသမီးရဲ့စကားေၾကာင့္ ရွမာန္က တြန္႔ဆုတ္သြားတယ္။ တစ္ကိုယ္ရည္တကာယသမားအားလံုးက က်ိဳးယြင္ရွန္႔ကို ေတာက္ပတဲ့မ်က္၀န္းေတြနဲ႔ စိုက္ၾကည့္လိုက္ၾကတယ္။ ျဖဴေဖြးေခ်ာေမြ႕တဲ့ အသားအေရ၊ ထူထဲတဲ့ဆံပင္၊ ေနာက္ေက်ာနဲ႔ ကိုယ္ေအာက္ပိုင္းကို သားေရစေလးပဲ ပတ္ထားေပမယ့္ ဒီလိုထူးကဲလွပလြန္းတဲ့ အမ်ိဳးသမီးကို သူတို႔ မျမင္ဖူးခဲ့ၾကဘူး။ ေျဖာင့္စင္းသြယ္လ်တဲ့ ဆြဲေဆာင္မႈရွိတဲ့ ေျခတံရွည္ရွည္ေတြက မိတ္လိုက္ခ်ိန္မွာ သူတို႔ခါးကို ခ်ိတ္တြယ္ထားႏိုင္မယ္လို႔ ေတြးလိုက္မိတာနဲ႔ သူတို႔ကိုယ္ထဲက ရမၼက္ေတြ ထၾကြလာေတာ့တယ္။

"ဒီမိန္းမက ေနလို႔ရတယ္.."

ရွမာန္က အေတာ္ၾကာစဥ္းစားၿပီး လက္ကိုေ၀ွ႔ယမ္းၿပီး ေျပာလိုက္တယ္။

"ခင္ဗ်ားရဲ့ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္.."

က်ိဳးယြင္ရွန္႔က ရွမာန္ကိုျဖတ္ေက်ာ္ၿပီး အမ်ိဳးသမီးငယ္ေလးကိုၾကည့္ၿပီး ေျပာလိုက္တယ္။ ဒီမိန္းကေလးက သူ႔ကို ဒီမ်ိဳးႏြယ္စုမွာေနရဖို႔ ႀကိဳးစားေနတာ ထင္ရွားတယ္။

"ငါ့အေဖာ္ပါ ဒီမွာေနခြင့္မရႏိုင္ဘူးဆိုရင္ ငါလည္း သူနဲ႔အတူ ထြက္သြားမွာပါ.."

"မဟုတ္ဘူး.. ဒီလိုလုပ္လို႔မျဖစ္ဘူး.."

မိန္းကေလးက က်ိဳးယြင္ရွန္႔ကို တတိယအႀကိမ္ ဆြဲေဆာင္ဖို႔ ႀကိဳးစားခ်ိန္မွာ ေက်ာက္ရႊမ္က ႐ုတ္တရက္ ေခါင္းလွည့္ၿပီး ဟိန္းလိုက္တယ္။ ဒီဟိန္းသံေၾကာင့္ သူတို႔အားလံုး အသားေတြတုန္သြားတဲ့အထိ ႀကီးမားတဲ့ ေလလိႈင္း႐ိုက္ခတ္တာ ခံလိုက္ရတယ္။ သူတို႔ထြက္သြားၿပီးခ်ိန္မွာ ရွမာန္ရဲ့ႏွာေခါင္းက ယားလာၿပီး ေသြးေတြစီးက်လာခဲ့တယ္။ ဒါက ေဒါသထြက္လို႔မဟုတ္ဘဲ ဟိန္းသံရဲ့ေလလိႈင္း႐ိုက္ခတ္မႈေၾကာင့္ ေသြးယိုစီးက်လာတာျဖစ္ၿပီး မ်က္ႏွာေတြလည္း စပ္ဖ်င္းဖ်င္းျဖစ္လာတယ္။

လူတိုင္းက ေရႊေရာင္အေမႊးနဲ႔ ျခေသၤ့ႀကီးကို ေၾကာက္ရြံ႕ေနခ်ိန္မွာ ဒီအမ်ိဳးသမီးက ပါးနီနီကို လက္နဲ႔ပြတ္သပ္ရင္း စိတ္လႈပ္ရွားစြာ တီးတိုးေျပာလိုက္တယ္။

"သူက အရမ္းခန္႔ညားတာပဲ.. စူပါစတားထက္ေတာင္ ၾကည့္ေကာင္းတယ္.. ဟိန္းသံနဲ႔တင္ လူေတြကို အသံလိႈင္းနဲ႔ ထိခိုက္ေအာင္လုပ္ႏိုင္တယ္.. လူနဲ႔ သားရဲစံုတြဲက စြမ္းအားႀကီး႐ံုမကဘူး အရမ္းဆြဲေဆာင္မႈရွိတယ္.."

"ရွမာန္က ဒဏ္ရာရသြားၿပီ.. သူ႔ကို ခ်က္ခ်င္း ေနာက္ကိုပို႔လိုက္စမ္း.."

ေခါင္းေဆာင္က ရွမာန္ရဲ့ႏွာေခါင္းကေန ေသြးစီးက်လာတာေတြ႕ေတာ့ လန္႔သြားၿပီး ခ်က္ခ်င္း ကူညီေပးဖို႔ ေရာက္ရွိလာတယ္။

လူတိုင္းက စုစု စုစုနဲ႔ ပုန္းကြယ္ရင္း ေၾကာက္လန္႔တၾကား ၀ိုင္းၾကည့္လိုက္ၾကတယ္။ ဒါတကယ္ပဲ ေရွးဦးသားရဲမွ ဟုတ္ရဲ့လား။ ဟိန္းသံနဲ႔တင္ လူကို ဒဏ္ရာရေစတယ္။ တကယ္လို႔မ်ား တိုက္ခိုက္ၾကရင္ ဘယ္သူမွ သူ႔လက္၀ါးပုတ္ခ်က္ကို ခံႏိုင္ရည္ရွိမွာမဟုတ္ဘူး။ ဒီေလာက္စြမ္းအားႀကီးေနလို႔ သူတို႔မ်ိဳးႏြယ္စုနဲ႔ ကြဲသြားတာေတာင္ ေတာအုပ္ထဲက အႏၱရာယ္ကင္းကင္းနဲ႔ ထြက္လာႏိုင္တာပဲ။ သူ႔အမ်ိဳးသမီးရဲ့ခႏၶာမွာ ဒဏ္ရာတစ္ခုမွမရတာ အံ့ၾသစရာမရွိဘူး။ ဒီေလာက္အားႀကီးတဲ့သားရဲက ကာကြယ္ထားမွေတာ့ ဘယ္သူက သူတို႔ကို ေႏွာင့္ယွက္၀ံ့မွာလဲ။

"သူက အံ့ၾသစရာစြမ္းရည္နဲ႔ ေရွးဦးသားရဲျဖစ္ေပမယ့္ သူက အခ်ိန္မေရြး အ႐ိုင္းစိတ္၀င္ၿပီး တိုက္ခိုက္ႏိုင္တယ္ဆိုတာ မေမ့နဲ႔.. သူ႔ကိုေခၚထားလို႔ စိတ္႐ိုင္းေပါက္လာရင္ ဘယ္သူက သူတို႔ကို တားဆီးႏုိင္မွာလဲ.."

ေခါင္းေဆာင္ရဲ့စကားကိုၾကားေတာ့ က်က္သေရရွိတဲ့မိန္းမက တစ္ခုခုေျပာမယ္အလုပ္ ဘာမွေျပာခြင့္မရပဲ ပါးစပ္ကို လက္နဲ႔ပိတ္ခံလိုက္ရၿပီး လက္ေမာင္းကိုလို႔ လူအုပ္ထဲ ဆြဲသြင္းခံလိုက္ရတယ္။

အသက္ျကီးတဲ့လူက ရွမာန္ကဆင္းသက္လာတဲ့ သူတစ္ေယာက္ျဖစ္တယ္။ ရွမာန္ဆိုတာ မ်ိဳးႏြယ္စုထဲမွာ နတ္ဆရာ အဆင့္ရွိသူေတြျဖစ္ၾကတယ္။ သူ႔အေမက သူငယ္ငယ္ကတည္းက ေသဆံုးသြားခဲ့တယ္။ ရွမာန္တေယာက္က သူ႔ကိုေမြးျမဴခဲ့လို႔ ဒီမ်ိဳးႏြယ္စုမွာ ဒီလိုအဆင့္တစ္ခုကို ရရွိခဲ့တာျဖစ္တယ္။

သူနဲ႔ေခါင္းေဆာင္ၾကားက ပတ္သက္မႈေတြေၾကာင့္ သူက မ်ိဳးႏြယ္စုထဲမွာ ဥပေဒခ်မွတ္ႏိုင္တဲ့သူ ျဖစ္လာခဲ့တယ္။ သူ ဒီစကားေျပာလိုက္တာနဲ႔တင္ သူ႔လူေတြက ဘာမွျပန္မေျပာေတာ့ဘဲ လူစုခြဲသြားၾကေတာ့တယ္။

👑👑👑👑👑👑👑

FOD _Extra _ Chapter (3) _Honeymoon on Beast-man Planet

ကလေးတွေက လူစိမ်းတွေ ရုတ်တရက်ရောက်လာတာကို တွေ့လိုက်ရလို့ ကြောက်လန့်တကြား အော်ဟစ်လိုက်သံက ဆူညံနေတဲ့လူမျိုးစုကို ငြိမ်ကျသွားစေတယ်။ သားရဲတံဆိပ်ခတ်နှိပ်ထားတဲ့ အထီးတွေက အသက်ကြီးတဲ့သူတွေ၊ အားနည်းတဲ့မိန်းမတွေနဲ့ ကလေးတွေရှေ့မှာ မားမားမတ်မတ် ပိတ်ရပ်ထားကြတယ်။ အဲ့ဒီအထဲက အရပ်အရှည်ဆုံးနဲ့ အသန်မာဆုံးအထီးက လျှောက်လာရင်း ပြောလိုက်တယ်။

"မင်းတို့တွေက ဘယ်သူတွေလဲ.. ဘာလိုချင်လို့လဲ.."

ကံကောင်းထောက်မပြီး သူက စင်္ကြဝဠာသုံး သားရဲဘာသာစကားနဲ့ ပြောလိုက်တာဖြစ်တယ်။ ကျိုးယွင်ရှန့်က ဒီဘာသာစကားကို နားလည်ရုံတင်မကဘူး ပြောလည်းပြောတတ်တယ်။ လူတစ်ယောက်နဲ့ သားရဲတစ်ကောင်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ဒီမျိုးနွယ်စုထဲနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့က ရောက်သင့်တဲ့ခုနှစ်ထက် နှစ်ပေါင်းဘယ်နှစ်ရာလောက်များ အနာဂတ်ကို ရောက်ရှိနေပြီလဲ။ သူတို့ထွက်လာတဲ့ကာလနဲ့ ဘယ်လောက်တောင် ကွာသွားပြီလဲဆိုတာ သူတို့မသိဘူး။ အင်ပါယာက သူတို့ရောက်နေတဲ့ဒေသရဲ့ ခုနစ် တိတိကျကျမသိဘဲ အချိန်စက်ဝိုင်းထဲခုန်ဝင်လာပြီး သူတို့ကို ဘယ်လိုမှ ကယ်တင်ပေးလို့မရနိုင်ဘူး။ အခုရောက်နေတဲ့ဒေသရဲ့ ယဉ်ကျေးမှုနဲ့နည်းပညာကို သိရတော့ ဒီကမ္ဘာမှာ ဘယ်လိုမှ ပိတ်မနေချင်ဘူး။ ဒီကမ္ဘာမှာ သူ ထာဝရနေနိုင်မှာမဟုတ်ဘူး။

"ဟယ်လို.. ငါတို့က ပြောင်းရွှေ့ရင်း ငါတို့မျိုးနွယ်နဲ့ ကွဲခဲ့လို့ပါ.. မင်းတို့ဆီမှာ ခဏနေလို့ရနိုင်မလား.. ငါ့နာမည်က ရှန့်.. သူ့နာမည်က ရွှမ်ပါ.. ငါတို့နှစ်ယောက်က အဖော်တွေပါ.."

ကျိုးယွင်ရှန့်က ရှေ့ကိုတစ်လှမ်းတိုးပြီး ပြုံးရင်း ယဉ်ယဉ်ကျေးကျေးပြောလိုက်တယ်။

အခုတွေ့တဲ့လူမျိုးစုနဲ့ယှဉ်ရင် ကျိုးယွင်ရှန့်တို့ကို ခေတ်သစ် အဆင့်မြင့်ယဉ်ကျေးမှုက လူတွေလို့ ပြောလို့ရတယ်။ လောလောဆယ် သူတို့သိပ္ပံခေတ်ကို ပြန်သွားလို့မရတော့ ဒီမျိုးနွယ်စုထဲ ခဏရောနှောနေရုံကလွဲလို့ ဘာမတတ်နိုင်တော့ဘူး။

ဒီမျိုးနွယ်စုကလူတွေက ကျိုးယွင်ရှန့်ကို ဝိုင်းကြည့်နေကြရင်း ဒီစကားပြောတဲ့တစ်ယောက်ကို အမလို့ သတ်မှတ်လိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျိုးယွင်ရှန့်က အရမ်းလှတဲ့အတွက်ဖြစ်တယ်။ ဒီအလှတရားက ကြည့်မိသူကို မူးဝေသွားရလောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိတယ်။

မျိုးနွယ်စုခေါင်းဆောင်က ကျိုးယွင်ရှန့်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ပြောလိုက်တယ်။

"မင်း ဒီမှာနေချင်ရင် ကိုယ့်ဘာသာ ရှာဖွေစားနိုင်တယ်ဆိုတာ သက်သေပြရမယ်.. ငါတို့က အမတွေကို စောင့်ရှောက်ကျွေးမွေးပေမယ့် အထီးတွေကတော့ ကိုယ့်ခြေကိုယ်လက်နဲ့ ရှာစားရမယ်.."

သူက ပြောရင်း ခြင်္သေ့ကြီးရဲ့ ရွှေရောင်အမွှေးကိုထိဖို့ လက်လှမ်းလိုက်တယ်။

ကျောက်ရွှမ်က ပါးစပ်ဟပြီး ဟိန်းလိုက်တယ်။ သူ့ရှေ့မှာ သူ့ဇနီးကို အထင်သေးနှိမ်ချစကား ပြောနေတာကို သူ ဘယ်လိုမှသည်းမခံနိုင်ဘူး။ သူ ဟိန်းလိုက်သံ ရပ်သွားတာနဲ့ ဒီအုပ်စုထဲကအထီးတွေက စုဝေးလာကြပြီး တိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်။

"လူပုံစံပြောင်းပြီး ငါတို့နဲ့တိုက်ခိုက်စမ်းပါ.. ငါတို့ထဲက သုံးယောက်တိတိကိုနိုင်ရင် ငါတို့ဆီမှာ မင်းတို့ နေခွင့်ရမယ်.."

"သူက လူပုံစံမပြောင်းနိုင်ဘူး.. မင်းတို့တိုက်ချင်ရင် ငါနဲ့တိုက်လို့ရတယ်.."

ကျိုးယွင်ရှန့်က အေးအေးဆေးဆေးပြောလိုက်တယ်။

"မင်းရဲ့အဖော်က ရှေးဦးသားရဲလား.. သူ လူပုံစံမပြောင်းနိုင်ဘူးလား.."

လူမျိုးစုခေါင်းဆောင်က တအံ့တသြပြောလိုက်ပေမယ့် သူ့နောက်ကလူတွေက လှောင်ရယ်,ရယ်ကြတယ်။ သားရဲတွေက လူအသွင်ကိုပြောင်းလဲနိုင်ခဲ့တာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီ။ ဒီနှစ်တွေကြားမှာ သားရဲတွေက တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်ကြတာရယ် မီးလောင်မှုရယ်ကြောင့် အတော်များများ သေကြေပျက်စီးခဲ့ကြတယ်။ လူအသွင်ပြောင်းလဲနိုင်တဲ့ သားရဲတွေက ပိုပိုသန်မာလာပြီး အသွင်မပြောင်းနိုင်တဲ့သားရဲတွေက ပိုပိုအားနည်းလာကြတယ်။ တချို့သားရဲတွေက ရိုင်းစိုင်းကုန်ပြီး သူတို့မျိုးနွယ်တူတွေကိုတောင် ပြန်သတ်ဖြတ်လာကြတယ်။ သူတို့မျိုးနွယ်စုက လူဦးရေတိုးဖို့ သန်မာတဲ့ အသွင်ပြောင်းသားရဲနဲ့ အမျိုးသမီးတွေကိုပဲ လိုအပ်တယ်။ အသွင်မပြောင်းနိုင်တဲ့ ရှေးဦးသားရဲတွေကို မလိုချင်ကြဘူး။

ရှေးဦးသားရဲတစ်ကောင် ရောက်ရှိလာခြင်းက သူတို့မျိုးနွယ်စုကို ပြဿနာအများကြီး တက်စေနိုင်တယ်။

"ရှေးဦးသားရဲ.."

ကျိုးယွင်ရှန့်က ဒီစကားလုံးကိုကြားတော့ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဦးနှောက်ထဲမှာ ရှာဖွေလိုက်တယ်။ လူသားပုံစံ မပြောင်းလဲနိုင်သေးဘဲ ရှေးကမ္ဘာဦးက မူရင်းပုံစံအတိုင်း ကျန်ရစ်နေတဲ့သားရဲကို ရှေးဦးသားရဲလို့ ခေါ်ကြတယ်ဆိုတာ သိလိုက်ရတယ်။ ဒီလို အသွင်မပြောင်းနိုင်ဘဲ သားရဲပုံရှိနေတာက မကောင်းဘူး။ မျိုးနွယ်စုထဲကနေ ဖယ်ကျဉ်ခံရနိုင်တယ်ဆိုတာ သူ သိလိုက်ရတယ်။

ကျိုးယွင်ရှန့်က မာနကြီးတဲ့သူဖြစ်လို့ အခုလို သူတို့ကို အထင်သေးနှိမ်ချတာတွေ့ရလို့ ဒီနေရာမှာမနေဖို့ ဆုံးဖြတ်လိုက်တယ်။ ကျောက်ရွှမ်လည်း သူနဲ့သဘောထားအတူတူပဲ။ ကျောက်ရွှမ်က ဒီမျိုးနွယ်စုကအထီးတွေထက် သန်မာတယ်ဆိုရင်တောင်မှ သူတို့နဲ့ ပတ်သက်ချင်စိတ်မရှိဘူး။ ဒီအုပ်စုနဲ့နေတာထက် နှစ်ယောက်တည်းနေရတာကို သူ ပိုသဘောကျတယ်။ လူသားနဲ့သားရဲက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လှည့်ထွက်လာကြတယ်။ သူတို့ ဘာမှမပြောဘဲ လှည့်ထွက်သွားချိန်မှာ ကျန်ရစ်တဲ့မျိုးနွယ်စုရဲ့ပုံစံက ကျေနပ်နေပုံရတယ်။

ဒါပေမယ့် အုပ်စုနောက်မှာပုန်းနေတဲ့ မိန်းကလေးက ခေါင်းဆောင်ကို လှမ်းပြောလိုက်တယ်။

"ခေါင်းဆောင်.. သူတို့ကို နေခွင့်ပေးလိုက်ပါလား.. တောထဲမှာနေရင် သူတို့ ဘယ်လိုမှ အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး.. အဘူနဲ့ရှောင်ဟေးလည်း သူတို့လို ရှေးဦးသားရဲတွေပဲ.. သူတို့တောင် ဒီမျိုးနွယ်ထဲ အေးအေးဆေးဆေး နေနိုင်သေးတာပဲ.. သူတို့က အားနည်းတယ်ဆိုပေမယ့် သူတို့ဘာသာ ရှာစားနိုင်မှာပါ.. ပြီးတော့ အမဲကောင်တွေကို မျိုးနွယ်စုအတွက် ဝေပေးနိုင်မှာပါ.."

အမျိုးသမီးရဲ့စကားသံကိုကြားတော့ လူအုပ်နောက်ကနေ ဝက်ဝံညိုနဲ့ ကျားသစ်နက်တစ်ကောင် ထွက်လာပြီး ခေါင်းဆောင်ကို အသံတိုးတိုးနဲ့ အော်သံပြုလိုက်တယ်။ ဒါက အဘူနဲ့ ရှောင်ဟေးပဲဖြစ်တယ်။

ကျိုးယွင်ရှန့်က အမျိုးသမီးကို လှမ်းကြည့်လိုက်တယ်။ အမျိုးသမီးက အရပ် 1.9m ရှိတဲ့သူတွေကြား 1.75m ပဲရှိပြီး အရပ်ပုတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် အမျိုးသမီးတွေအားလုံးရဲ့ခန္ဓာက ပိန်ပါးပြီး ကြွက်သားတစ်စက်မှမရှိဘဲ နူးညံ့တဲ့အဆီတွေပဲရှိတယ်။ ကြည့်ရတာ ဒီမိန်းမတွေက ကိုယ်လက်လှုပ်ရှားမှု နည်းပုံရတယ်။ သူတို့က ပါးအို့နီနီတွေနဲ့ မွေးမြူရေးခြံထဲက ဥစားကြက်မတွေလို ပုန်းအောင်းနေတယ်။ တကယ်လို့ အသံသာမထွက်ရင် သူတို့ရှိတာကို သိရမှာတောင်မဟုတ်ဘူး။

ကျိုးယွင်ရှန့် လှည့်ကြည့်လိုက်တော့ သူမက စိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ထွက်ပြီးတားဆီးလိုက်တဲ့သူမက ကြည်လင်တဲ့မျက်ဝန်းနဲ့ တရားမျှတတဲ့စိတ်ထားရှိပြီး ရုပ်ရည်က ချောမောလှပတယ်။ ဒီတစ်ယောက်က ကျိုးယွင်ရှန့်တို့ တောထဲမှာသေဆုံးမှာစိုးလို့ ဝင်ရောက်ပြောပေးတာဖြစ်ပြီး ဒီလိုရိုင်းစိုင်းတဲ့ဂြိုလ်မှာ ဒီလိုကြင်နာမှုမျိုးက ရှားပါးတယ်ဆိုတာ သိလိုက်ရတယ်။ သူမက ခေါင်းဆောင်ကိုပြောနေတုန်း မီးခိုးရောင်ဆံပင်နဲ့ လူအိုတစ်ယောက် ထွက်လာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"အဘူနဲ့ရှောင်ဟေးက ငါတို့မျိုးနွယ်စုမှာမွေးဖွားလာပြီး မျိုးနွယ်တူတယ်.. ဒီနှစ်ယောက်က တခြားမျိုးနွယ်ကဖြစ်တယ်.. သူတို့က ပုံမှန်ဆိုရင် မောင်းထုတ်ခံရမှာပဲ.. ငါတို့မျိုးနွယ်က အဘူနဲ့ရှောင်ဟေးကိုတောင် သနားလို့ ကျွေးမွေးစောင့်ရှောက်ထားပြီးပြီ.. နောက်ထပ် လူမျိုးခြားကို လက်မခံနိုင်တော့ဘူး.. သူတို့က ငါတို့မျိုးနွယ်စုရဲ့ လုံခြုံရေးကိုပါ ထိပါးနိုင်တယ်.."

အဖိုးအိုလျှောက်လာတဲ့ လမ်းတလျှောက်မှာ လူတွေက ခေါင်းငုံ့ပြီး 'ရှမာန်' 'ရှမာန်' လို့ နှုတ်ဆက်ကြတယ်။ သူက သားရဲနတ်ဘုရားကို ကိုယ်စားပြုပြီး လူမျိုးစုခေါင်းဆောင်ထက် မြင့်မားတဲ့နေရာမှာရှိလို့ သူ လက်တစ်ချက်လှုပ်လိုက်တာနဲ့ လူရော တိရစ္ဆာန်ရော ထွက်သွားရဖို့ အကြောင်းခိုင်လုံပြီဖြစ်တယ်။

မိန်းမက နှုတ်ခမ်းကိုကိုက်လိုက်ပြီး ထပ်ပြောလိုက်တယ်။

"ကျွန်မတို့က ရှေးဦးသားရဲကို လက်မခံနိုင်ဘူးဆိုရင်တောင် အမျိုးသမီးကိုတော့ လက်ခံလို့ရတယ်မလား.."

ကျားမဦးရေ အချိုးမညီတဲ့ Beastman Planet မှာ အမျိုးသမီးက အလွန်တရာတန်ဖိုးရှိတဲ့ အရင်းအမြစ်ဖြစ်တယ်။

ဒီအမျိုးသမီးရဲ့စကားကြောင့် ရှမာန်က တွန့်ဆုတ်သွားတယ်။ တစ်ကိုယ်ရည်တကာယသမားအားလုံးက ကျိုးယွင်ရှန့်ကို တောက်ပတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်ကြတယ်။ ဖြူဖွေးချောမွေ့တဲ့ အသားအရေ၊ ထူထဲတဲ့ဆံပင်၊ နောက်ကျောနဲ့ ကိုယ်အောက်ပိုင်းကို သားရေစလေးပဲ ပတ်ထားပေမယ့် ဒီလိုထူးကဲလှပလွန်းတဲ့ အမျိုးသမီးကို သူတို့ မမြင်ဖူးခဲ့ကြဘူး။ ဖြောင့်စင်းသွယ်လျတဲ့ ဆွဲဆောင်မှုရှိတဲ့ ခြေတံရှည်ရှည်တွေက မိတ်လိုက်ချိန်မှာ သူတို့ခါးကို ချိတ်တွယ်ထားနိုင်မယ်လို့ တွေးလိုက်မိတာနဲ့ သူတို့ကိုယ်ထဲက ရမ္မက်တွေ ထကြွလာတော့တယ်။

"ဒီမိန်းမက နေလို့ရတယ်.."

ရှမာန်က အတော်ကြာစဉ်းစားပြီး လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်တယ်။

"ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.."

ကျိုးယွင်ရှန့်က ရှမာန်ကိုဖြတ်ကျော်ပြီး အမျိုးသမီးငယ်လေးကိုကြည့်ပြီး ပြောလိုက်တယ်။ ဒီမိန်းကလေးက သူ့ကို ဒီမျိုးနွယ်စုမှာနေရဖို့ ကြိုးစားနေတာ ထင်ရှားတယ်။

"ငါ့အဖော်ပါ ဒီမှာနေခွင့်မရနိုင်ဘူးဆိုရင် ငါလည်း သူနဲ့အတူ ထွက်သွားမှာပါ.."

"မဟုတ်ဘူး.. ဒီလိုလုပ်လို့မဖြစ်ဘူး.."

မိန်းကလေးက ကျိုးယွင်ရှန့်ကို တတိယအကြိမ် ဆွဲဆောင်ဖို့ ကြိုးစားချိန်မှာ ကျောက်ရွှမ်က ရုတ်တရက် ခေါင်းလှည့်ပြီး ဟိန်းလိုက်တယ်။ ဒီဟိန်းသံကြောင့် သူတို့အားလုံး အသားတွေတုန်သွားတဲ့အထိ ကြီးမားတဲ့ လေလှိုင်းရိုက်ခတ်တာ ခံလိုက်ရတယ်။ သူတို့ထွက်သွားပြီးချိန်မှာ ရှမာန်ရဲ့နှာခေါင်းက ယားလာပြီး သွေးတွေစီးကျလာခဲ့တယ်။ ဒါက ဒေါသထွက်လို့မဟုတ်ဘဲ ဟိန်းသံရဲ့လေလှိုင်းရိုက်ခတ်မှုကြောင့် သွေးယိုစီးကျလာတာဖြစ်ပြီး မျက်နှာတွေလည်း စပ်ဖျင်းဖျင်းဖြစ်လာတယ်။

လူတိုင်းက ရွှေရောင်အမွှေးနဲ့ ခြင်္သေ့ကြီးကို ကြောက်ရွံ့နေချိန်မှာ ဒီအမျိုးသမီးက ပါးနီနီကို လက်နဲ့ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ တီးတိုးပြောလိုက်တယ်။

"သူက အရမ်းခန့်ညားတာပဲ.. စူပါစတားထက်တောင် ကြည့်ကောင်းတယ်.. ဟိန်းသံနဲ့တင် လူတွေကို အသံလှိုင်းနဲ့ ထိခိုက်အောင်လုပ်နိုင်တယ်.. လူနဲ့ သားရဲစုံတွဲက စွမ်းအားကြီးရုံမကဘူး အရမ်းဆွဲဆောင်မှုရှိတယ်.."

"ရှမာန်က ဒဏ်ရာရသွားပြီ.. သူ့ကို ချက်ချင်း နောက်ကိုပို့လိုက်စမ်း.."

ခေါင်းဆောင်က ရှမာန်ရဲ့နှာခေါင်းကနေ သွေးစီးကျလာတာတွေ့တော့ လန့်သွားပြီး ချက်ချင်း ကူညီပေးဖို့ ရောက်ရှိလာတယ်။

လူတိုင်းက စုစု စုစုနဲ့ ပုန်းကွယ်ရင်း ကြောက်လန့်တကြား ဝိုင်းကြည့်လိုက်ကြတယ်။ ဒါတကယ်ပဲ ရှေးဦးသားရဲမှ ဟုတ်ရဲ့လား။ ဟိန်းသံနဲ့တင် လူကို ဒဏ်ရာရစေတယ်။ တကယ်လို့များ တိုက်ခိုက်ကြရင် ဘယ်သူမှ သူ့လက်ဝါးပုတ်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒီလောက်စွမ်းအားကြီးနေလို့ သူတို့မျိုးနွယ်စုနဲ့ ကွဲသွားတာတောင် တောအုပ်ထဲက အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်တာပဲ။ သူ့အမျိုးသမီးရဲ့ခန္ဓာမှာ ဒဏ်ရာတစ်ခုမှမရတာ အံ့သြစရာမရှိဘူး။ ဒီလောက်အားကြီးတဲ့သားရဲက ကာကွယ်ထားမှတော့ ဘယ်သူက သူတို့ကို နှောင့်ယှက်ဝံ့မှာလဲ။

"သူက အံ့သြစရာစွမ်းရည်နဲ့ ရှေးဦးသားရဲဖြစ်ပေမယ့် သူက အချိန်မရွေး အရိုင်းစိတ်ဝင်ပြီး တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့နဲ့.. သူ့ကိုခေါ်ထားလို့ စိတ်ရိုင်းပေါက်လာရင် ဘယ်သူက သူတို့ကို တားဆီးနိုင်မှာလဲ.."

ခေါင်းဆောင်ရဲ့စကားကိုကြားတော့ ကျက်သရေရှိတဲ့မိန်းမက တစ်ခုခုပြောမယ်အလုပ် ဘာမှပြောခွင့်မရပဲ ပါးစပ်ကို လက်နဲ့ပိတ်ခံလိုက်ရပြီး လက်မောင်းကိုလို့ လူအုပ်ထဲ ဆွဲသွင်းခံလိုက်ရတယ်။

အသက်ကြီးတဲ့လူက ရှမာန်ကဆင်းသက်လာတဲ့ သူတစ်ယောက်ဖြစ်တယ်။ ရှမာန်ဆိုတာ မျိုးနွယ်စုထဲမှာ နတ်ဆရာ အဆင့်ရှိသူတွေဖြစ်ကြတယ်။ သူ့အမေက သူငယ်ငယ်ကတည်းက သေဆုံးသွားခဲ့တယ်။ ရှမာန်တယောက်က သူ့ကိုမွေးမြူခဲ့လို့ ဒီမျိုးနွယ်စုမှာ ဒီလိုအဆင့်တစ်ခုကို ရရှိခဲ့တာဖြစ်တယ်။

သူနဲ့ခေါင်းဆောင်ကြားက ပတ်သက်မှုတွေကြောင့် သူက မျိုးနွယ်စုထဲမှာ ဥပဒေချမှတ်နိုင်တဲ့သူ ဖြစ်လာခဲ့တယ်။ သူ ဒီစကားပြောလိုက်တာနဲ့တင် သူ့လူတွေက ဘာမှပြန်မပြောတော့ဘဲ လူစုခွဲသွားကြတော့တယ်။

👑👑👑👑👑👑👑


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now