FOD Extra 2 _ Chapter (4) - Yu Cang Hai

3.4K 439 9
                                    

FOD Extra 2 _ Chapter (4) - Yu Cang Hai

ကျိုးယွင်ရှန့်သည် ရေပြင်မှာထင်ဟပ်နေတဲ့ ယွီချန်းဟိုင်ရဲ့ လှပတဲ့မျက်နှာကို စိတ်ဝင်စားစွာငုံ့ကြည့်ပြီး မျက်ခုံးကိုပင့်လိုက်တယ်။ ပြီးတော့ သူက အ၀တ်တွေကို ချွတ်ချပြီး အ၀တ်ဗလာနဲ့ ရေထဲကိုဆင်းသွားတယ်။

ဇီရွှမ်က ဒီအမျိုးသားလေးရဲ့ ဖြူဖွေးတဲ့ကိုယ်ခန္ဓာ ရေအောက်ကို ရောက်မသွားခင်အထိ အနီးအနားမှာ စောင့်ကြည့်နေပြီးမှ စကားမဆိုဘဲ အမြန်လမ်းလျှောက်ပြီး ထွက်သွားလိုက်တယ်။ သူက သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ အ၀တ်ကို ခြောက်သွေ့တဲ့ကျောက်တုံးပေါ် တင်ပြီး ထွက်သွားချိန်မှာ သူ့ပါးပြင်နဲ့နားရွက်က ရဲရဲနီနေတယ်။
အစကနေအဆုံးထိ ကျိုးယွင်ရှန့်က သူ့ကို တောက်လောင်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ သူ ခပ်ဝေးဝေးကို ရောက်သွားတဲ့အထိ စောင့်ကြည့်နေပြီးတော့မှ ရေထဲကိုခေါင်းနှစ်လိုက်ပြီး တိတ်တိတ်လေး ရယ်မောနေလိုက်တယ်။

ဇီရွှမ်က အဝေးကြီးကိုထွက်မသွားဘဲ သစ်ပင်အမြင့်က သစ်ကိုင်းမှာထိုင်ပြီး ရေထဲကအမျိုးသားလေး ရေနက်ထဲက ပြန်ထွက်မလာနိုင်မှာကို စိုးရိမ်ပြီး ကြည့်နေတယ်။ သူက ဗုဒ္ဓကျမ်းစာတွေကို ရွတ်ဖတ်နေပေမယ့် မျက်ဝန်းက အမျိုးသားလေးကိုပဲ ကြည့်နေတယ်။ သူက ကျမ်းစာကို အာရုံစိုက်မရွတ်နိုင်လေ နောင်တရမိလေ ဖြစ်နေတယ်။

ဒါပေမယ့် ကျိုးယွင်ရှန့်ရဲ့အသံကို ကြားလိုက်တာနဲ့ သူက စိုးရိမ်ပူပန်တာတွေ ပျောက်သွားပြီး ကျိုးယွင်ရှန့်နားကို လွှားခနဲ ပေါ့ပေါ့ပါးပါး ခုန်ဆင်းသွားခဲ့တယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ကို ငုံ့ကြည့်ပြီး မေးလိုက်တယ်။

"ဒကာလေး.. ကိုယ်တော့်ရဲ့အကူအညီ တစ်စုံတစ်ရာကို လိုအပ်နေသေးလား.."

"ကျွန်တော် ရေချိုးပြီးပြီ.. ကျွန်တော့်ကို မီးဖိုနား သယ်သွားပေးပါဦး.. ကျွန်တော့်ဆံပင်တွေ ရေစိုနေတော့ နေရတာ မကောင်းဘူး.."

ကျိုးယွင်ရှန့်က လက်တွေကိုဆန့်တန်းပြီး သူ့ကိုပွေ့ခေါ်သွားစေချင်တဲ့ အမူအယာပြနေတယ်။ ဇီရွှမ်က ကတ္တီပါနီလို ရဲရဲနီနေတဲ့မျက်နှာနဲ့ မျက်လွှာချပြီး သူ့ကို မကြည့်ရဲတော့ဘူး။ သူက ကျိုးယွင်ရှန့်ကို မီးဖိုနားကို အမြန်ပွေ့ချီပြီး ခေါ်လာလိုက်တယ်။

"ကျွန်တော့်ဆံပင်တွေကို ရေသုတ်ပေးပါဦး.."

ကျိုးယွင်ရှန့်က နူးညံ့တဲ့မြက်တွေ ခင်းထားတဲ့နေရာမှာ လဲလျောင်းလိုက်ပြီး ပြောလိုက်တယ်။ သစ်ပင်နဲ့ သစ်ရွက်စိမ်း လတ်လတ်ဆတ်ဆတ်အနံ့တွေက လန်းဆန်းသွားစေပြီး သူ့ကို အသက်ရှင်တဲ့ခံစားချက်ကို တစ်ဖန်ပြန်လည် ခံစားလာရစေတယ်။ သူက သူ့ချစ်သူအတွက် သင်္ကန်းတွေကို တဘက်အနေနဲ့ ကမ်းပေးလိုက်တယ်။

ဒီလူငယ်လေးနဲ့ နီးကပ်လာလေ ဇီရွှမ့်ရင်ထဲမှာ ထိန်းချုပ်နိုင်စွမ်းတွေ ပိုနည်းလာလေ ဖြစ်နေတယ်။ ဇီရွှမ်က မသိစိတ်နဲ့ ဒီလူငယ်လေးရဲ့ဆံပင်တွေကို အထပ်ထပ် အခါခါ သုတ်ပေးနေမိတယ်။ အချိန်အတော်ကြာ ပွတ်တိုက်ပေးနေပြီးမှ သူက ရီဝေစွာနဲ့ သူ့ရင်ထဲကစွမ်းအားတွေကို အလိုလျောက် ထုတ်သုံးမိနေတယ်ဆိုတာ သတိပြုမိတော့တယ်။ သူ့လက်မှာ စစ်မှန်တဲ့ချီစွမ်းအားတွေထုတ်ပြီး ဒီကောင်လေးရဲ့ဆံပင်တွေကို သွေ့ခြောက်အောင် လုပ်ပေးနေမိတယ်။

ခဏကြာတော့ ဆံပင်တွေက ကောင်းကောင်းခြောက်သွားပြီး နူးညံ့ပျော့ပျောင်းစွာနဲ့ ရေတံခွန်လို ကျိုးယွင်ရှန့်ရဲ့ကျောပြင်ပေါ်ကို ၀ဲကျလာခဲ့တယ်။ တစ်ချို့တစ်ဝက်က ရင်ဘတ်တွေပေါ်ကို ဖြာကျလာတယ်။ ကျိုးယွင်ရှန့်ရဲ့ ကျောက်စိမ်းဖြူရောင် အသားအရေနဲ့ နက်မှောင်တဲ့ဆံပင်အရောင်က ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အရမ်းကို မျက်စိပသာဒဖြစ်အောင် ဆွဲဆောင်နိုင်လွန်းတယ်။ အနက်ရောင်ဆံနွယ်တွေက ပိုမည်းမှောင်နေပြီး ဖြူစွတ်တဲ့အသားအရေက ပိုမိုဖြူစွတ်နေခဲ့တယ်။ ဒါပေမယ့် ရင်ဘတ်ပေါ်က ချယ်ရီပွင့်ဖတ်နှစ်ခုရဲ့ အရောင်က ပိုပြီး စိုလက်တောက်ပနေသလိုပဲ။

ဇီရွှမ်ရဲ့မျက်လုံးနဲ့ နှလုံးသားက ဒီမြင်ကွင်းကြောင့် တစ်စစီ ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး လျှပ်တစ်ပြက်အကြည့်နဲ့တင် သူ့ရင်ထဲ မကောင်းတဲ့ကိလေသာမီးတွေ ဟုန်းခနဲ တောက်လောင်လာခဲ့တယ်။

ဇီရွှမ် ထိတ်လန့်တကြားဖြစ်သွားပြီး သူကိုင်တွယ်နေတဲ့ ဒီအမျိုးသားလေးရဲ့ ဆံနွယ်တွေကို လွှတ်ချလိုက်ပြီး နောက်ကို တစ်လှမ်းဆုတ်သွားခဲ့တယ်။ သူက လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်တယ်။

သူ့ချစ်သူရဲ့ လက်ချောင်းထိပ်လေးတွေက သူ့ဆံနွယ်တွေကို ထိတွေ့ကိုင်တွယ်နေတဲ့အတွက် ကျိုးယွင်ရှန့်အနေနဲ့ အရမ်းကို သက်တောင့်သက်သာ ခံစားနေရတယ်။ ဒါကြောင့် သူက သူ့ချစ်သူရဲ့ရင်ခွင်ကို မှီလိုက်မယ်လို့ ကြံပြီး ကိုယ်ကို နောက်ကိုယိမ်းလိုက်တော့ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်ကို ပုံလျက်သား လဲကျသွားခဲ့တယ်။
ကံကောင်းလို့ သူ့ဒဏ်ရာတွေက ပျောက်ကင်းသွားပြီဖြစ်လို့ နည်းနည်းနာသွားတာကလွဲပြီး ဘာမှမဖြစ်လိုက်ဘူး။ ကျိုးယွင်ရှန့်က မြေပြင်ကနေထလိုက်ပြီး နာသွားတဲ့ကျောပြင်ကိုပွတ်ရင်း လှည့်မေးလိုက်တယ်။

"အားလုံး အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့် နောက်ကို ဆုတ်ပြေးသွားတာလဲ.."

"အော်မီတော်ဖော်.. ကောင်းလေစွ.. ကောင်းလေစွ.."

ဇီရွှမ်က ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဘူး။ ဒီအမျိုးသားလေးက ဟန်ချက်ပျက်ပြီး မြက်တွေခင်းထားတဲ့အခင်းပေါ် လဲလျောင်းကျသွားတာတွေ့တော့ သူ့နှုတ်ခမ်းဖျားကနေ ဗုဒ္ဓကိုတမ်းတပြီး ရုတ်တရက် ရေရွတ်လိုက်မိတယ်။

ဒီအမျိုးသားလေးရဲ့ အ၀တ်အစားတွေက ညစ်ပတ်ပြီး လူသတ်သမားတွေရဲ့လက်ချက်ကြောင့် စုတ်ပြဲကုန်လို့ သူ့ရဲ့သင်္ကန်းအဖြူကို ၀တ်ဆင်ထားတာဖြစ်တယ်။ ဒါပေမယ့် လျော့ရဲတဲ့ဝတ်ရုံဖြူကြောင့် ကောင်လေးရဲ့ရင်ဘတ်နဲ့ ပုခုံးသားတွေ ပေါ်နေတယ်။ ပြီးတော့ အောက်ပိုင်းက သွယ်လျတဲ့ပေါင်တံနဲ့ ခြေထောက်ဖြောင့်ဖြောင့်တွေက သင်္ကန်းအောက်မှာ အထင်းသားပေါ်လွင်နေတယ်။ သူက ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် အသက်ရှူမှားရလောက်အောင် ချောမောလှပပြီး မြင်သူကို ဗျာပွေအောင် လှရက်နိုင်လွန်းတယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်ပါပဲ။ ဇီရွှမ်က ရုတ်တရက် သရဲတစ္ဆေကို တွေ့လိုက်ရသလို ခံစားလိုက်ရပြီး အလျင်အမြန် ကျောပေးပြီး ခေါင်းငုံ့သွားခဲ့တယ်။

ကျိုးယွင်ရှန့်က သူ့ရဲ့တုံ့ပြန်မှုကို နားမလည်နိုင်ဖြစ်သွားပြီးနောက် သူ့နှုတ်ခမ်းကို လက်နဲ့အုပ်ပြီး အသံကျယ်ကြီးမထွက်အောင် ကြိတ်ရယ်လိုက်တယ်။

အဲ့ဒီအချိန်မှာ လေအေးတွေက သစ်ပင်တွေကြားမှ တိုက်ခတ်လာပြီး ရော်ရွက်ဝါတွေကို သယ်ဆောင်လာပြီး မတ်တပ်ရပ်နေသူနဲ့ ထိုင်နေတဲ့သူနားကို ကျဆင်းလာခဲ့တယ်။ အေးစက်တဲ့လေတွေက ဇီရွှမ့်ကို ပြန်ပြီး အိနြေ္ဒဆယ်နိုင်အောင် ကူညီပေးခဲ့တယ်။

"အခု ဆောင်းဦးရဲ့ နှောင်းပိုင်းအချိန်ဖြစ်နေလို့ ရာသီဥတုက အေးလာပြီ.. ဒကာလေးရဲ့ ကိုယ်ခံစွမ်းအားက နည်းနေသေးတယ်.. အအေးမပက်အောင် သင်္ကန်းကို တင်းတင်းခြုံထားသင့်ပါတယ်.."

"ကျွန်တော်က အားနည်းနေလို့ ကိုယ့်ဘာသာ လုံအောင်မခြုံနိုင်ဘူး.. ဘုန်းကြီး ကူညီပေးလို့ရမလား.."

သူ့ချစ်သူက အရမ်းကို ရိုးသားသန့်စင်လွန်းလို့ သူ့ကို မစဘဲမနေနိုင်အောင် ဖြစ်နေမိတယ်။ ကျိုးယွင်ရှန့်က ခြေလက်ကို ဆန့်လိုက်၊ ကွေးလိုက်လုပ်ပြီး လျော့ရဲတဲ့သင်္ကန်းကို ပိုမိုလျော့ရဲအောင် လုပ်နေတယ်။ ဒါကြောင့် သင်္ကန်းက လျှောကျပြီး ၀မ်းဗိုက်ပိုင်းကိုမြင်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ ၀မ်းဗိုက်ရဲ့အောက်ပိုင်း လျှို့ဝှက်တဲ့နေရာက အမည်းရောင်အမွှေးမျှင်တချို့က နည်းနည်းတောင် ပေါ်လာတယ်။ ဒီသင်္ကန်းကို ချွတ်ပစ်လိုက်ရင် ဒီအောက်ကအရာတွေက ဘယ်လောက်တောင် လှလိုက်မလဲဆိုတာ စဉ်းစားကြည့်လို့ကိုမရဘူး။

သူ မစဉ်းစားချင်ပေမယ့် တချို့သောရုပ်ပုံတွေက သူ့စိတ်အာရုံထဲမှာ ထင်မြင်လာပြီး သူ့အသိစိတ်ကို လွှမ်းမိုးလာတော့တယ်။ သူက ဂါထာတွေကို အကြိမ်ပေါင်းများစွာ ရွတ်ဖတ်ပေမယ့် ဘာမှမထူးဘူး။ နောက် သူက Dabei ဂါထာတွေကို ထပ်တလဲလဲ ရွတ်ဆိုလိုက်တယ်။ သူ့နဖူးပြင်မှာ ချွေးတွေက ဇီးကင်းအရွယ်လောက် ထွက်လာနေပြီး သူ့ကြည့်ရတာ အရမ်းကို ခက်ခက်ခဲခဲနဲ့ စိတ်ကို ထိန်းချုပ်နေရပုံပေါ်တယ်။

ကျိုးယွင်ရှန့်က သူ့ကို ဘာမှမလောဘူး။ တောက်ပတဲ့ မက်မုံပွင့်လိုမျက်ဝန်း၊ နီမြန်းပါးလွှာတဲ့ နှုတ်ခမ်းပါးနဲ့ သူ့ချစ်သူကို နတ်ဘုရားက မြေပြင်ကို ငေးစိုက်ကြည့်နေသလို စိုက်ကြည့်နေလိုက်တယ်။

ဇီရွှမ်က မိမိရင်ထဲက ခုန်ပေါက်နေတဲ့ စိတ်နှလုံးတွေ ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ အမျိုးသားလေးဆီကို တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာခဲ့တယ်။ ပြီးတော့ အ၀တ်တွေကို တစ်ထပ်ဆီ သေချာဝတ်ဆင်ပေးလိုက်တယ်။

"ကြိုးတွေကို ဘာလို့ တင်းတင်းချည်ရတာလဲ.. တကယ်လို့ ကျွန်တော် ရေချိုးတဲ့အချိန် ဖြည်မရရင် ဘယ်လိုလုပ်မလဲ.."

ကျိုးယွင်ရှန့်က အသံတိုးတိုးနဲ့ ပြောလိုက်ပေမယ့် သူ့ရင်ထဲမှာ ရယ်မောလို့နေတယ်။

"တောင်းပန်ပါတယ်.. ကိုယ်တော် ဒကာလေးကို ကူပြီး ထပ်ဝတ်ပေးပါ့မယ်.."

ဇီရွှမ်က သက်ပြင်းချပြီး ကျိုးယွင်ရှန့်ရဲ့အ၀တ်ကို လျှော့ပေးဖို့ ကြိုးစားလိုက်ပေမယ့် သူ့လက်တွေက လုပ်ဖို့ငြင်းဆန်နေတယ်။ သူက အမျိုးသားလေးရဲ့ ကိုယ်ပေါ်က အ၀တ်ကို ဖြည်လိုက်မိပြီး ဖြူဖွေးတဲ့ရင်ဘတ်တွေက အကာအကွယ်မဲ့ ပေါ်လွင်လာခဲ့တယ်။ ဒီတစ်ကြိမ်တော့ ဘာမှ ဖုံးကွယ်ထားခြင်း မရှိတော့ဘူး။
ဇီရွှမ်ရဲ့နဖူးပေါ်မှာ ချွေးသီးချွေးပေါက်ကြီးတွေ စို့လာခဲ့ပြန်တယ်။ သူက ရုတ်တရက် လေပွေလို နောက်ကိုဆုတ်သွားပြီး လက်အုပ်ချီလို့ ဗုဒ္ဓဂါထာတွေ ရွတ်ဖတ်လိုက်ပြန်တယ်။ သူက ဗုဒ္ဓကိုနှလုံးသွင်းပြီး တောင်းပန်စကားကို နှုတ်က အကြိမ်ကြိမ်ပြောနေမိတယ်။ သူ့ပုံစံက စိတ်ပျက်လက်ပျက် ဖြစ်နေပုံပါပဲ။

ကျိုးယွင်ရှန့်က နဖူးကြောကိုတွန့်လိုက်ပြီး လည်ချောင်းထဲက ရယ်သံသဲ့သဲ့ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဒါကိုဖုံးကွယ်ဖို့ မျက်ရည်နှစ်စက်လောက်ထွက်အောင် ညှစ်ထုတ်လိုက်တယ်။ ဒီမျက်ရည်က ဇီရွှမ့်ကို ခြိမ်းခြောက်ဖို့ပါပဲ။ သူက ဇီရွှမ့်ကို လက်ယက်ခေါ်ပြီး ပြောလိုက်တယ်။

"ကျွန်တော့်အ၀တ်တွေကို ကူဝတ်ပေးပါဦး.."

ဇီရွှမ်က အ၀တ်ထုပ်ထဲက သင်္ကန်းနှစ်စုံကို ထပ်ထုတ်လိုက်ပြီး မျက်လွှာချပြီး ကျိုးယွင်ရှန့်ကိုယ်ပေါ် ထပ်ဝတ်ပေးလိုက်တယ်။ သူက တင်းတင်းပတ်ပေးပြီး ပြောလိုက်တယ်။

"ညကျရင် အေးတယ်.. ဒကာလေး.. ဒီအ၀တ်နှစ်ထည်နဲ့ အအေးဒဏ်ကို အံတုပေးပါဦး.. မနက်ဖြန် ကိုယ်တော် ထပ်စီစဉ်ပေးပါ့မယ်.."

ကျိုးယွင်ရှန့်က ခေါင်းနောက်မှာ လက်ကိုယှက်လိုက်ပြီး တိတ်တခိုးရယ်ရင်း ပြောလိုက်တယ်။

"ဟုတ်တယ်.. အခု ညဥ့်နက်လာပြီ.. ကျွန်တော့်ကို နွေးအောင် ကူညီပေးပါဦး.."

ဇီရွှမ်ရဲ့နှလုံးသားက ရှုပ်ထွေးနေပေမယ့် သူ မလုပ်ဘဲမနေ၀ံ့ဘူး။ သွေးတွေအများကြီး ဆုံးရှုံးထားတဲ့သူက အားနည်းပြီး ခန္ဓာကိုယ်အပူချိန် နိမ့်နေသေးတယ်။ တကယ်လို့ လုံလောက်တဲ့အနွေးဓာတ်မရရင် အအေးမိပြီး သေသွားနိုင်တယ်။

ဒီလူကို ကုသပေးဖို့အတွက် သူက ဒီလိုလုပ်ရတာဖြစ်တယ်။ လူတွေကိုကယ်တင်ဖို့ ဗုဒ္ဓက အနောက်ဘက်အရပ်မှာ ပွင့်လာရသလိုပဲ သူ့စွမ်းအားကိုသုံးပြီး လူကယ်ရုံသက်သက်ပါပဲ။ ဒါ့အပြင် ဘာမှမရှိပါဘူး။

ဇီရွှမ်က သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် သူ့နဖူးပေါ်ကချွေးတွေက လေအေးကြောင့် ခြောက်သွားခဲ့တယ်။ ကျိုးယွင်ရှန့်ဆီကို လှမ်းမလာခင် သူ့ကိုယ်ထဲကအားကိုသုံးပြီး ကိုယ်ခန္ဓာကို နွေးလာစေတယ်။ ပြီးတော့မှ ကျိုးယွင်ရှန့်ဆီလာပြီး ထွေးပွေ့ထားလိုက်တယ်။

ဒီအပွေ့အဖက်က နွေးထွေးတယ်။ လုံခြုံပြီး သက်တောင့်သက်သာ မရှိပေမယ့် ဘယ်နေရာ၊ ဘယ်အချိန်မဆို မှီခိုအားကိုးလို့ရတယ်။ ကျိုးယွင်ရှန့်က ဒါကို တစ်စက်လေးမှ သံသယမ၀င်ဘူး။ သူက ဇီရွှမ်ရဲ့ရင်အုပ်ကို ပါးပြင်နဲ့ ဖွဖွထိကပ်ပြီး မကြာခင် အိပ်မောကျသွားတော့တယ်။

ဇီရွှမ်ကတော့ တစ်မှေးမှ အိပ်လို့မပျော်ခဲ့ဘူး။ ကျိုးယွင်ရှန့်ကို ထွေးပွေ့ထားတုန်း သူ့ကိုယ်က ကျောက်ခဲလို တောင့်တင်းလို့နေတယ်။ အိပ်ပျော်နေတဲ့ ကျိုးယွင်ရှန့်ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ သူ အသက်တောင် ရဲရဲမရှူဝံ့ဘူး။ သူ့ရင်ခွင်ထဲကလူငယ်လေးကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေးလို ဇီရွှမ် ထွေးပွေ့ထားမိတယ်။ သူက ဒီကောင်လေးကို ထွက်သွားခွင့်မပြုဝံ့ဘူး။ သူ့ကို ထားသွားခွင့် မပြုဘူး။ သူ့ကို စိုက်ကြည့်နေရရုံနဲ့ သူ့စိတ်တွေ အေးချမ်းငြိမ်သက်သွားခဲ့တယ်။

====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now