Arc 1 (အပိုင်း ၉) {Z+U}

8.6K 2.2K 70
                                    

ZAWGYI

ကူကောင်ကြောင့် များလား။

ရှဲ့ချီ၏ မျက်လုံးများမှေးကျဉ်းသွားသည်။

အရည်အသွေးမြင့် ပတ်ထ် ၁.၀ သည် ဖျားနာ
ခြင်းဖြင့် ပိုင်ရှင်ကို ပြဿ      နာပေးလိမ့်မည်မ
ဟုတ်ပေ။ဤအရာသည်ကား သူမွေးလာစဉ်
ကတည်းက သူ၏မျိုးရိုးဗီဇ ဖြစ်စဉ်၌ ရေးဆွဲ
ပြီးဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်တွင်
တစ်ခုခုဖြစ်နိုင်ချေ လုံးဝမရှိပေ။

ထိုသို့ဆိုလျှင် သရဲကားထဲရှိ သရဲကြောင့်
ပင်ဖြစ်ပေလိမ့်မည်။ ဇာတ်ကြောင်း၏ လို
အပ်ချက်အရ သူ နှာခေါင်းသွေးယိုသွားရ
ခြင်းပင်။

ယန်ကျင်းက ပြောပြသည်။ " အထွေအထူး
မဟုတ်လောက်ပါဘူး။ ပူနေလို့နေမှာပါ။ ဘယ်လိုဖြစ်ဖြစ် ဒါက သရဲကားဆိုတဲ့ နည်း
နည်းပါးပါး အလုပ်လုပ်တာများသွားလို့နေ
မယ်။ နေမကောင်းဖြစ်ဖို့ လွယ်သွားတာ
ပေါ့။"

[ဒီလို အလံမျိုးက ပထမတစ်ချက်ကြည့်လိုက်
ရုံနဲ့တော့ မသိသာဘူး။ ကြည့်ရတာ သူတ
ကယ်ဖျားနေတာနေမယ်။ ဆေးရုံသွားပြီး
ဆေးစစ်ကြည့်တာကောင်းမယ်။]

■{ Note- ဒီမှာ ပြောထားတဲ့ အလံ (flag) ဆို
တာ တကယ့်အလံကိုပြောတာမဟုတ်ပါ
ဘူး။ ဥပမာ- မင်းသားကို လူဆိုးက လှောင်
တယ်ဆိုပါတော့။ အဲ့ဒါက လူဆိုးအတွက်
သေဖို့ရာ အလံထူလိုက်တာပါပဲ။ အဲ့ဒါမျိုး
ကို Death flag လို့ခေါ်ပါတယ်။ ဒီမှာလည်း
ဘာမဟုတ်တဲ့ နှာခေါင်းသွေးလေး နောက်
က ကပ်လိုက်လာမယ့် ရောဂါအကြီးကြီးတွေ
ရှိနေနိုင်တာမို့ Flag ဆိုတာကို သုံးတာ
ပါ။}■

[အဲ့ဒီ မျက်မမြင်ကောင်လေးက အရေ
တော့ ထူသားပဲ။ ရုပ်ရှင်ရိုက်နေတုန်း မူမမှန်
တာတွေအကုန် သူမဖြုံဘူး။]

[အဆိပ်ရှိတဲ့ အကောင်ကြောင့်လား။ သူ့
လက်ညှိုးသူထိုင်ကြည့်နေတာ အတော်ကြာ
နေပြီနော်။]

[မှန်းမနေနဲ့။ ဒီတိုင်း နှာခေါင်းသွေးယိုတာ
နေမှာပါ။]

ရှဲ့ချီက ခဏကြာအောင်တွေးလိုက်ပြီးမှ ဒီ
ကိစ္စကို ခဏဘေးချိတ်ထားရန် ဆုံးဖြတ်
လိုက်သည်။ ဒီအချိန်ကို သုံးပြီး လွန်ခဲ့သော
၁၈နှစ်က ဘာတွေဖြစ်ခဲ့သည်ကို စစ်ကြည့်
ရမည်။ ရှဲ့ချီသည် သရဲမပုံဆွဲထားသော စာ
ရွက်ကို ခေါက်လိုက်ကာ သူ၏အင်္ကျီအိတ်
ကပ်ထဲ ထည့်လိုက်သည်။ထို့နောက် မတ်
တပ်ထကာ ပြောလိုက်သည်။ "ငါ ဒီနားဝန်း
ကျင်က လူတွေကို ကုမ္ပဏီအကြောင်း သွား
မေးလိုက်ဦးမယ်။"

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now