Arc 1 (အပိုင်း ၂) {Z+U}

16.6K 2.3K 519
                                    

UNICODE
ဝေးလံခေါင်းပါးသည့် ဆင်ခြေဖုံးရပ်တွင်း ဘေးပတ်လည်၌ တိုက်ပုလေးများသာ ရှိနေစဉ်တွင်သူတို့ရှေ့ရှိ အဆောက် အဦးကြီး ကတော့ ထူးထူးခြားခြား မြင့်လွန်းလှသည်။

အချင်းချင်းစကားစမြည်ပြောနေကြသော လူ လေးငါးယောက်လောက်က အဆောက်အဦး ၏ ဆုံလည်တံခါးရှေ့တွင်ရပ်နေကြသည်။
ရှဲ့ချီ နှင့်အတူ ပါဝင်ကြသည့် သရုပ်ဆောင်
များပင်ဖြစ်လိမ့်မည်။

ရှဲ့ချီကတော့ ထိုနေရာကိုသွားဖို့ရာ စိတ်လောမနေခဲ့။ သူ့ဖုန်းကို စစ်ကြည့်ဖို့ရာ ဖွင့်လိုက်တော့ ခြောက်ခြားဖွယ် ဇာတ်ကား သရုပ်ဆောင် App မှလွဲ၍ ကျန်ရှိသမျှ functionအားလုံးသုံးမရပေ။ စည်းမျဉ်းများ၏ အသေးစိတ် မိတ်ဆက်ကို ပို့ထားသည်။ ရှဲ့ချီ ခပ်မြန်မြန်ပင် ကြည့်လိုက်ပြီး တစ်ချို့အချက် များကိုမှတ်ထားလိုက်သည်။

အရင်ဆုံး App ထဲရှိ ခြောက်ခြားစရာ ဇာတ်
ကားများအားလုံးသည် အစမှအဆုံးတိုင်
'ပရိသတ်' များကတိုက်ရိုက် ကြည့်ရှုကြ သည့်  ရုပ်ရှင်ကားများဖြစ်သည်။ ကြည့်
နေစဉ်ကာလအတွင်း 'ပရိသတ်'က သရုပ်
ဆောင်တစ်ယောက်ကို follow ၍ရပြီး သူတို့
အကြိုက်နှင့် သရုပ်ဆောင်၏ ကြိုးစားအား
ထုတ်မှုပေါ် မူတည်ကာ ထိုသရုပ်ဆောင်
၏ fan ဖြစ်လာနိုင်သည်။

ခြောက်ခြားဖွယ် ဇာတ်ကားတွင် သရုပ်
ဆောင်၏ fan အရေအတွက်က အချိုးအဆ
ပေါ်မူတည်ပြီး အမှတ်များအဖြစ် ပြောင်းနိုင်
သည်။ အမှတ်များသည် လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့သာမက သရုပ်ဆောင်၏ ဂုဏ်ပုဒ်ကိုပါ ဆုံးဖြတ်ပေးသည်။

ရှဲ့ချီက သူ၏ကိုယ်ပိုင် အကြောင်းအရာ ပန်နယ်ကို ဖွင့်ပြီး ကြည့်လိုက်သည်။ လက်
ရှိမှာတော့ သူ့တွင် အဖြူရောင်မွဲမွဲနှင့် ခေါင်းစည်း ရှိနေသည်။ [လူမသိသူမသိ အဆင့် ၁၈]

■{တရုတ်မှာက သရုပ်ဆောင်တွေကို အဆင့်သတ်မှတ်ချက်ရှိပါတယ်။ အဆင့် ၁၈ (18thTier)ဆိုတာ အနိမ့်ဆုံးအဆင့်ပါ။ အမြင့်ဆုံးကတော့ ဧကရာဇ် အဆင့်ပေါ့။}■

ခေါင်းစည်း၏အောက်တွင်တော့  အကဲဖြတ်
ထားသည့် စာကြောင်းလေးရှိနေသည်။ : သင်က အခုမှရောက်လာတဲ့ လူသစ်တစ် ယောက်ဖြစ်ပြီး ပရိသတ်အပေါ် ဘယ်လို အမှတ်အသားမှ မထင်ကျန်ရစ်နိုင်ခဲ့သလို ကိုယ်စားပြု  အထင်ကရဇာတ်ကားများလည်း မရှိသေးပါဘူး။ ခေါင်းစည်းအား အမှတ်တိုး လာသည်နှင့်အမျှ အဆင့်မြှင့်တင် နိုင်ပါသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now