Arc 1 (အပိုင်း ၁၅) {Z+U}

8.9K 1.9K 54
                                    

ZAWGYI

ကုမ္ပဏီအဆောက်အဦး၏အပြင်ဖက်တွင်
မိုးကြိုးများပစ်နေပြီး မိုးသည်းထန်နေသည်။

ရှဲ့ရှင်းလန်သည် သူ့ကိုယ်သူထိန်းရန် မြေ
ပြင်၌စိုက်ထားသည့် ဓားမြှောင်ကို ဆွဲနှုတ်
လိုက်သည်။ အမျိုးသမီးဘော့စ်သည် ကျီ
စယ်ရသည်မှာ လုံလောက်ပြီဖြစ်၍ သူဖြည်း
ဖြည်းချင်း သဘောကျပြုမူနေသော သား
ကောင်အား သတ်ရန်အသင့်ဖြစ်နေလေ
သည်။ ထို့နောက်တွင်ကား သူမ၏ သား
ကောင်သည် ပြုံးလိုက်ပြီး ဒေါင်လိုက် ခုန်
လိုက်သည်။ အမျိုးသမီးဘော့စ်၏ မျက်လုံး
ထဲတွင် လူသားဆန်သည့်အရိပ်ယောင်
တစမခုပေါ်လာသည်။ သူမ သားကောင်
၏ အသက်ရှင်နိုင်စွမ်းနှင့် ရည်ရွယ်ချက်
ကို လျှော့တွက်မိခဲ့ခြင်းပင်။

[အား ရှောင်ကောကော အခုထိတိုက်နိုင်သေး
တယ်။]

[အရမ်း ခန့်တယ်]

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။"
အမျိုးသမီးဘော့စ်က ဒေါသထွက်သွား
သည်။

ဓားမြှောင်က အလွန်နီးကပ်သွားသည်။
အမျိုးသမီးဘော့စ်သည် ပင့်ကူခြေထောက်
ဖြင့် ကာလိုက်သောကြောင့် နှစ်ခုတိုက်မိ
ကာ ကြည်လင်ကာ ကြမ်းတမ်းသည့် သံ
ထည်နှစ်ခု တိုက်မိသံထွက်ပေါ်လာသည်။

ရှဲ့ရှင်းလန်၏ နှုတ်ခမ်းက ကွေးညွတ်သွား
ပြီး နောက်သို့ပြန်မဆုတ်ပေ။ အမျိုးသမီး
ဘော့စ်သည် အင်မတန်သန်စွမ်းသည့် ခုန်
ပျံနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး မည်သည့်နံရံ
ကိုမဆို တွယ်ကပ်ကာ သူ့အားခုန်အုပ်နိုင်
သည်။ အဝေးမှနေ၍ သူဘယ်လိုမှ နိုင်နိုင်
ခြေမရှိပေ။ သို့သော် သူမထံတွင် အလွန်
ကြီးမားသည့် ခြေလက်များရှိသောကြောင့်
ပြန်တုံ့ပြန်ရန် အချိန်လိုလေသည်။ သူမ၏
သွက်လက်ဖြတ်လတ်နှုန်းက အလွန်ကို
နည်းပါးပြီး ထိုအရာကပင် သူ့အတွက်
အားသာချက်ဖြစ်လာသည်။

ရှဲ့ရှင်းလန်သည် ဤအကြောင်းကို အချိန်တို
လေးအတွင်းမှာတင် ဆန်းစစ်လိုက်ခြင်းဖြစ်
သည်။ ထို့နောက် လှောင်ပြုံးပြုံးလိုက်ကာ
သူ၏မျက်လုံးထဲတွင် စစ်ပွဲအတွက် လိုအင်
အပြည့်နှင့် ရှေ့သို့တိုးလာခဲ့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now