Arc 1 (အပိုင်း ၈) {Z+U}

8.8K 2K 140
                                    

ZAWGYI

ကျိုးဝမ်က မော့ကြည့်မည်ကြံကာရှိသေး သူ
၏ ပခုံးနောက်ဖက်မှ အလွန်အမင်းနာကျင်
မှုကို ခံစားလိုက်ရသည်။သူ အော်ဟစ်လိုက်
ပြီး ညာဖက်လက်ဖြင့် ဘယ်ဖက်ပခုံးကို မရ
ရအောင် ကိုင်ကြည့်လိုက်သောအခါ ....မျက်
လုံး သဏ္ဍန်ဖြင့်တစ်ခုခုရှိနေသည်ကို ခံစားလိုက်ရသည်။

သူ၏ဘယ်ဖက်ပခုံးပေါ်ရှိ မျက်လုံးသည်
မျက်တောင်ခတ်ပြလိုက်ပြီး မျက်တောင်
များက ကျိုးဝမ်၏ လက်ဖဝါးနှင့် လျှပ်ထိ
သွားလေရာ ကြောက်မက်ဖွယ် ယားယံ
သည့် ခံစားချက်ကြီးကို ပေးစွမ်းလေ၏။

သူ၏ ကျောထက်တွင် မျက်လုံးတစ်လုံးရှိ
နေလေသည်။

"စေတန့်မျက်လုံး!" ကျိုးဝမ်က ရုတ်တရက်
သဘောပေါက်သွားပြီး အော်လိုက်သည်။
မျက်လုံးကို အားကြိုးမာန်တက် ဆွဲထုတ်သည့်
နောက် အရေပြားများ ပြဲလန်ကာပါလာ
သည်။ သူ၏ကျောဖက်တွင် သွေးများ စီးကျ
လာသော်ငြား မျက်လုံးကဖြင့် အသားထဲ၌
နစ်ကျန်ရစ်နေခဲ့လေသည်။

ခပ်နွေးနွေးနှင့် စေးကပ်ကပ် နောက်ထပ်
ရေတစ်စက်က ဓာတ်လှေကားခေါင်မိုးမှ
ကျလာပြန်သည်။

ထိုအခါမှ ကျိုးဝမ်သည် ရှဲ့ချီပြောခဲ့သည်ကို
သတိရပြီး ဖြည်းဖြည်းနှင့် တောင့်တင်းစွာ
သူ့ခေါင်းကို မော့လိုက်သည်။ ထို့နောက်
အေးစက်ဖြူဖတ်နေသော လက်များက ဓာတ်
လှေကားခေါင်မိုးထက်မှ တွဲလောင်းကျလာ
ပြီး သူ၏ လည်ပင်းကိုညှစ်ကိုင်လိုက်သည်။
ထိုလက်များက သူ့ကိုမြှောက်တင်လိုက်ပြီး
ကျိုးဝမ် လေထဲ၌ တန်းလန်းဖြစ်သွားသည်။

ရှဲ့ချီသည် ကျိုးဝမ်၏ ရစ်ဝေနေသော မျက်လုံး
များကို စိုက်ကြည့်ရင်း ပြုံးနေခဲ့သည်။ ပြီး
နောက် သူ၏ခေါင်းကိုမော့လိုက်သည်။

သရဲမ၏ ပုံစံကို အောင်မြင်စွာ မြင်လိုက်ရ
နိုင်လေပြီ။

သရဲမသည် ဓာတ်လှေကားခေါင်မိုးထက်မှ
တွဲလောင်းကျနေသည်။သူမ၏ နီရဲတောက်
နေသည့်ဂါဝန်သည် သွေးများပေနေကာ ဗိုက်သားများက ပျော့တွဲကျနေသည်။ ကမာ
ခွံတစ်ခုအား ခွဲဖွင့်ထားသကဲ့သို့ဖြစ်နေပြီး
အူကလီစာတစ်ဝက်လောက်က အခုချက်
ချင်းပင် ထွက်ကျတော့မည့်အတိုင်း လေထဲ
တွင် တွဲလောင်းကျနေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now