အပိုင်း (၁) {Z+U}

46.9K 2.8K 553
                                    

UNICODE

လွန်ခဲ့သော ဆယ့်နှစ်နှစ်၊ ချင့်ယန်မြို့ ။

နွေရာသီနှောင်းပိုင်းကာလသည္းသည္းမည္းမည္း ရွာနေသည့် မိုးသံက စွန့်ပစ် စက်ရုံဝန်းထဲမှ ဆဲဆို သံများကို ဖုံးလွှမ်းထားသည်။

"လခွမ်းထဲမှပဲ။ အဲ့ဒီ ငါ -ိုးမသားက သူ့သား
သေသေရှင်ရှင် စောက်ဂရုမစိုက်တာမို့ စောက်ဆံတစ်ပြားမှ မပေးနိုင်ဘူး တဲ့။ ပြီးတော့ ဖုန်းချသွားတယ်။"

ပြန်ပေးသမားသည် ဒေါသအလွန်ထွက်သွား
ပြီး ဖုန်းကို လွှင့်ပစ်လိုက်သည်။

" ဘာပြောတယ်။" သူ့အဖော်သည်လည်း အံ့
သြသွားပြီး မတ်တပ်ထလိုက်သည်။ " ငါတို့
တောင်းတာလည်းအဲ့လောက်မများပါဘူး။သူ့
သားရဲ့အသက်က ငါးသန်းလောက်တောင် မ
တန်ဘူးပေါ့။ အဲ့လောက် ချမ်းသာနေတာကို
တောင်..."

" ချီးမို့ သိမလားကွ" ပြန်ပေးသမားကတံတွေး ထွေးလ်ိုက်ပြီး သူ့အဖော်ကို မသာမယာ
ပုံစံဖြင့် ကြည့်လိုက်သည်။ " အဲ့ဒါ သူ့သား
ရှဲ့ချီ ဆိုတာကော သေချာရဲ့လား။"

" သူ့သားပဲ။ သေချာတယ်။"

"အဲ့ဒါဆိုရင်..." ပြန်ပေးသမားက အမှောင်
ထဲ ပျောက်နေသော သံလှောင်အိမ်ကို ကြည့်
လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ " မင်း မိဘတွေကိုက ပိုက်ဆံမပေးချင်ဘူးဆိုတော့
လည်း အခုမှ ငါတို့ အဆိုးမဆိုနဲ့။ "

မှောင်မိုက်နေသော စက်ရုံကို လင်းသွားစေ
ပြီး ပြန်ပေးသမားလက်ထဲရှိ ဓားသွားပေါ်နှင့်
ရှဲ့ချီရှိနေသည့် လှောင်အိမ်ကို အရောင်လဲ့သွားစေသည့် လျှပ်စီးတစ်ခု လက်သွားသည်။

ရှဲ့ချီ လေးသည် အဖြူ ရောင်ကျောင်းဝတ်စုံကို
ဝတ်ထားသည်။ မျက်နှာလေးက ရှင်းနေပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စိတ်ထားလေးက
အင်မတန် နူးညံ့လှသည်။သို့သော် အမှောင်ထဲတွင် မမြင်ရသည့် သူ၏မျက်နှာ တစ်ဝက်ကတော့ဖြင့် အုံ့မှိုင်းနေပြီး သူ၏ မျက်ဝန်းများထဲတွင် ရက်စက်မှုက တစ်စတစ်စ ပျံ့နှံ့လာနေသည်။

လျှပ်စီးလက်သွားပြီးနောက် စက်ရုံတစ်ခုလုံး
လုံးဝ အမှောင်ကျ သွားပြန်သည်။သို့သော်
ကြံရာပါဖြစ်သူကတော့ရှဲ့ချီ ရဲ့ ပုံစံကို ခုဏက လျှပ်စီးအလက်တွင် သတိထားမိလိုက်ပြီး
သူ့စိတ်ထဲတွင်ဖြင့် ရှင်းပြမရနိုင်သည့် ထိတ်
လန့်မှု နည်းနည်းကို ခံစားလိုက်ရသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now