Arc 2 (အပိုင်း ၂၂) {Z+U}

8.1K 1.8K 318
                                    

ZAWGYI

            ဖုတ်သရဲ ချစ်သူ (အပိုင်း-၅)

■{ မစခင် ရှဲ့ရှင်းလန်အတွက် တစ်မိနစ်
ခန့်ငြိမ်သက်ပေးလိုက်ကြပါ 😂😂}■

လုဝမ်၏ အမူအရာက စက္ကန့်အတော်ကြာ
ကြောင်အနေပြီးမှ အမြန်ဘေးဖယ်ပေး
လိုက်သည်။ "ရတာပေါ့။ ဝင်ခဲ့လေ။"

ရှဲ့ရှင်းလန် အထဲသို့ဝင်ခွင့်ရသွားသည်။
လုဝမ်ကနောက်ကလိုက်လာပြီး စိတ်လှုပ်
ရှားလွန်းနေသောကြောင့် လက်ကချွေးစေး
ပြန်နေသည်။ သူ၏ ဘောင်းဘီကို ဆုပ်
ကိုင်ထားလိုက်မိပြီး အခန်းကို မြန်မြန်ဝေ့
ကြည့်မိသည်။ သန့်ရှင်းပြီး သပ်ရပ်သည်
ဆိုတာ သေချာမှ သက်ပြင်းချ နိုင်တော့
သည်။

ယနေ့ည ရှဲ့ချီသည်နည်းနည်းကွဲပြားနေ၏။
ဘာကကွဲပြားနေသည်ကိုဖြင့် လုဝမ်မပြော
တတ်ပေ။ သူတစ်ပါးကို အဖက်လုပ်ချင်ပုံ
မရှိသည့်ဟန်နှင့် မောက်မာသည့် လေသံ
တို့ကပင် သူ၏ နှလုံးခုန်သံကို ပို၍မြန်စေ
သည်။

[ဆွဲဆောင်မှုရှိလိုက်တာ။ ဒါသာ မိန်းကလေး
ဆိုရင် ငါတော့ ထန်ပြီးပြီ။ ညကြီးသန်းခေါင်
ယောကျာ်းလေးခန်းကို လာတံခါးခေါက်ပြီး
အဝတ်စားက သေချာမဝတ်ထားဘူး။]

[တိုးတိုးပြောမယ်။ ယောကျာ်းလေးချင်း
လည်း မဆိုးပါဘူး။ ၀၂၀၂ ကိုပဲရောက်နေ
ပြီ။]

[အကိုလု ဒီတစ်ယောက် သိပ်မဟန်တော့
ဘူး။ ဖက်ထားပေးလိုက်ရင် အဆင်ပြေ
သွားမှာပါ~]

[လုဝမ်ကို ကာကွယ်စေချင်တောတော့ မ
ဟုတ်ဘူးထင်တာပဲ။ တကယ်ကို ခိုင်းစ
ရာ တစ်ခုခုရှိလို့ လာရှာတာ။] 

[မင်းက ပျင်းစရာကောင်းလိုက်တာ။ လူ
ကောင်းဟန်ဆောင်နေတယ်။]

လုဝမ်ကပြောလိုက်သည်။ " မင်း ရေအရင်
ခပ်လိုက်။ ငါ ထိုင်လိုက်ဦးမယ်။"

ရှဲ့ရှင်းလန်က သူ့ကို ကြောင်ပြီးကြည့်လိုက်
သည်။ "ဘာ?"

သူ ပေါက်ကရတွေပြောမိနေမှန်း လုဝမ်
မြန်မြန်သိလိုက်ပြီး ရှက်သွားသည်။
" ငါပြောတာ မင်း ထိုင်နေလိုက်ဦး။ငါ ရေ
သွားခပ်ပေးမယ်လို့..."

ချက်ချင်းပင်နောက်သို့လှည့်ကာ ရေသွား
ခပ်နေဟန်ဆောင်လိုက်သည်။' ရှဲ့ချီ' က
သူ ရှက်နေသည်ကို မြင်သွားမှာ စိုးရိမ်နေ
သည့်ပုံပေါ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now