Fresh[Final/unicode]

288 15 0
                                    


"ပြန်ရောက်ပါပြီ...။"

အသံပေးလို့ အခန်းတွင်းဆီဝင်လိုက်လေတော့ မီးဖိုခန်းဆီမှ အဖြူရောင်ရိပ်ကလေးက လှစ်ခနဲ‌‌ပြေးထွက်လာသည်။သစ်သားယောင်းမကြ‌ီးကိုတစ်ဖက်က ကိုင်လျှက် တစ်ဖက်ကလည်း နို့ဆီဗူးကြီးကိုင်ထားသေးသည်။

"မင်း အိမ်ပြန်နောက်ကျနေတော့ ထမင်းချက်ဖို့ ဆန်ရှာနေတာ..."

သွားလေးဖြဲပြကာ မျက်နှာချိုလေးသွေးရင်း ဆိုလာသူရဲ့ ခေါင်းထက် ကျက်ခိုးတချို့ကတွဲခိုလို့။

အိမ်ရောက်လာကတည်းက မိမိချက်ပြီးသားသာစားတတ်သူရဲ့ ဆန်ရှာဖွေရေးစွန့်စားခန်းကြီးမှာ ဆန်ကိုဘယ်နားအကြိုအကြားမှာများသွားရှာထားပါလိမ့်...

"ဒီနေ့ကညခွဲလူနာများတာရော..ဆရာက ‌အငယ်တေ‌ွကိုဆူငေါက်နေတော့ ငါတို့လည်းပြန်မလာနိုင်ဘူးလေ..အဲ့တာ‌ကြောင့်..နည်း နည်း..ငါလည်းနောက်ကျသွားတာ...။"

ခေါင်းထက်က ကျက်ခိုးလေးကိုဖယ်ချပေးရင်း နှဖူးလေးကိုအသာနမ်းတော့ မျက်လုံးလေးတွေမှေးသည်အထိ မော့မော့လေးပြုံးပြလာသည်က မူပိုင်အကျင့်ကလေး...။

အခန်းဆီ မိမိကဝင်လို့သွားတော့ နောက်ကနေကပ်လျှက်ပါလာသေးသည်။အရှုပ်လေးက တစ်ခုခုတောင်းဆိုနေချင်ပြန်ပြီထင်သည်။

"ချက်နေရင် ကြာဦးမယ်ဆိုတော့...ငါတို့အပြင်ထွက်စားကြမလား...။"

ခေါင်းကိုတရပ်စပ်ငြိမ့်ပြလာပြီး လက်ထဲကအိတ်ကိုလဲဆွဲယူကာ ရေချိုးဖို့ အကျီချွတ်နေတဲ့ ရံခကိုလည်းကူလို့ ကြယ်သီးတို့ကိုဖြုတ်ပေးလာသည်။

"ကဲ.‌ပြော...တခြား ဘာတောင်းဆိုစရာရှိသေးလို့ တောက်တဲ့ကြီးလို သွားလေရာ ကပ်နေရတာတုန်း.."

အူယားစွာ ရေချိုးခန်းတံခါးနားအထိ တံပတ်အဖြူကြီးကိုင်လို့ လိုက်လာတဲ့ အဖြူကောင်ရဲ့ လက်ထဲကတပတ်ကို လက်လွှဲယူလိုက်ရင်းက မေး‌စေ့‌လေးကိုဆွဲလှုပ်လို့ မေးလိုက်တော့ မကြိုက်ဘူးဆိုသည့်ပုံနှင့် လက်တို့ကိုဖယ်ချလာ၏။

ဒီဟာလေးက သူ့ကိုအူယားလွန်းတဲ့ပုံစံမျိုးနှင့် ကလေးလိုဆက်ဆံရင် လုံးဝကိုမကြိုက်တတ်ပေ။

Fresh [Complete]Where stories live. Discover now