Fresh[Unicode]တွေ့ဆုံခြင်း

349 17 0
                                    

အဖြူအစိမ်းကျောင်းဝတ်စုံနဲ့ သန့်ပြန့်လှစွာသော ယောကျာ်းလေးမိန်းကလေးများက တစ်နေရာထဲတွင် မာန်တစ်မျိုးစီဖြင့် ဝင့်ကြွားလျှက်။

တပြုံးပြုံးနဲ့ ဂုဏ်ယူဝံ့ကြွားဟန်ရှိနေသော မိဘတို့ကလည်းကိုယ့်သားသမီးရဲ့ဘေး အစီအရီ လိုရာလုပ်ပေးကြဖို့အသင့်။

အ.ထ.က (၃၀)ဆိုတဲ့ စာလုံးလေးကိုမော့ကြည့်ရင်း စီးလာတဲ့စက်ဘီးကို အသာတွန်းကာ ဘီးစတင်းရှိတဲ့နေရာဆီ ကျောင်းသားတစ်ယောက်ကိုမေးလိုကိပြီး စက်ဘီးထားလို့ ခုနကလူစုကြားနေရာလွတ်တစ်ခုရှာကာ ဝင်ထိုင်လိုက်သည်။

ဖြေရမှာက မြန်မာစာစွမ်းရည်မို့ ပြန်ပြီးစာကြည့်ရန်မလို။

စာလုံးပေါင်းသတ်ပုံအမှန်ရွေးနဲ့ အခြားကဗျာတွေပေးကာ ထင်မြင်ချက်နဲ့ စကား‌ပြေတွေရေးခိုင်းမည်ပဲလေ။

တစ်ခါတစ်လေတော့ သူများမိဘတွေနဲ့ မိမ်ရဲ့မိဘတွေကိုယှဉ်မိတိုင်း ဝန်းရံခဆိုသည့်သူ သိမ်ငယ်မိသည်။

ဝမ်းနည်းစိတ်တွေဝင်လာမိသည်။

ရံခမိဘတွေက ဆင်းရဲကြသည့်အထဲမပါပေမယ့် ငွေကိုပေါပေါသီသီသုံးနိုင်ကြသည့်အထဲ မပါခဲ့။

အမေက အလယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး အဖေက ယာဉ်မောင်းတစ်ဦးဖြစ်တာ‌ကြောင့် ငွေရေး‌ကြေးရေး ချောင်ချောင်ချိချိ သုံးန်ုင်တဲ့အထဲပါသည်။

ချွေတာသုံးစွဲပြီး စည်းစနစ်ကျတဲ့မေမေ့‌ကြောင့် အားလုံးကလည်းစည်းစနစ်ကျကြသည်။

ဝန်းရံခတို့ကမောင်နှမငါးယောက်ရှိကာ ယောကျာ်းလေးသုံးယောက် မိန်းကလေးကနှစ်ယောက်။

ရံခရဲ့အထက်တွင် အကိုကြီးတစ်ယောက်နှင့်အမတစ်ယောက်ရှိပြီး ရန်ခရဲ့အောက်တွင်လည်း ညီမလေးနှင့်မောင်လေးရှိသည်။

ရံခကအလတ်ဖြစ်တာ‌ကြောင့်အမြဲလိုလို လစ်လပ်နေလားမသိပေမယ့် မေမေက အကိုအကြီးဆုံးကို သားအကြီးဆုံးမို့စိတ်ပူသလို အမကြီးကိုလည်း သမီးဦးလေးမို့အကဲပိုသည်။

အငယ်ဆုံးလေးကို အထွေးလေးမို့အချစ်ပိုကာ နို့ညှာလေးကိုလည်း ချူချာသူမို့ အလိုလိုက်ပေးသည်။

Fresh [Complete]Where stories live. Discover now