Fresh [unicode]

117 9 0
                                    

"အမေ‌ပြောနေတာ ဆယ်တန်းမှာဂုဏ်ထူးတွေနဲ့အောင် အောင်ဖြေနိုင်ဖို့ မိုတီပေးတဲ့အနေနဲ့ ငါတို့နှစ်ယောက်ကို လက်ဆောင်ပေးစရာရှိတယ်တဲ့။"

Bioပုံတွေဆွဲနေရင်းက ပုံဆွဲမပျက်စေဘဲ ‌ပြောလာသူကို တစ်ချက်ကြည့်မိသည်။

"အန်တီက မင်းကြိုက်တဲ့ပဲနို့တွေကဒ်လိုက် လက်ဆောင်ပေးလိမ့်မယ်လို့ပဲထင်တယ်။"

ရယ်ကျဲကျဲ‌နဲ့ မိမိက‌ပြောတော့ သူကအတည်‌ပြောနေတာ ဟာသမလုပ်နဲ့ဆိုသည့်ပုံမျိုးဖြင့်ခပ်စူစူလေး လှမ်းကြည့်သည်။

"ဒါနဲ့..နေ့လယ်ထမင်းစားပြီးတိုင်း မင်းသောက်သောက်နေတဲ့ဆေးတွေက ဘာဆေးတွေလဲဟင်..ဘာဖြစ်လို့သောက်ရတာလဲ...။"

နေ့လယ် ထမင်းစားပြီးတုန်းက ကျောပိုးအိတ်ထဲရ ဆေးကန့်လေးထဲက ဆေးတွေထုတ်ကာသူသောက်သည်ကိုမြင်လိုက်ပြီး သတိတရနဲ့မေးမိတာပင်။အမြဲလိုလို ကျောင်းတွင်လည်း သူ‌သောက်နေတာတွေ့မိပေမယ့် အမှုမဲ့အမှတ်မဲ့။

"အာ...ဒီတိုင်းပါ...ငါကအားနည်းတတ်တော့..အားဆေး..။"

မျက်ဆံလေးတွေ ဟိုသည်ကစားသွားကာ အမြန်ပဲပြန်ဖြေလာသည်။

"အားဆေးတွေက အဲ့လောက်အများကြီးလား...။"

"မင်းတွက်နေတဲ့ သချာ်ပု စ္စာကမှားနေတယ်...။"

"အယ်..ဟုတ်လား..ဘယ်နားမှာမှားတာလဲ..စကားများနေတာနဲ့ဆိုတော့ အမှားကိုသတိမထားမိလိုက်ဘူး"

"စကားမများပဲ ကိုယ့်ဟာကိုယ်သာပြန်စစ်...။"

သွင်ညီ့စကား‌ကြောင့် ဆက်မမေးတော့ဘဲ တွက်ထားတာကိုပြန်စစ်မိသည်။

*ဘယ်နေရာမှလည်းမမှားဘဲနဲ့ ဒီဟာလေးကတော့..*

ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ

"မင်းနင်းကြည့်ချင်လား.."

"ငါလား.."

"အွန်း...။"

"အိုကေလေ..စမ်းကြည့်ကြတာပေါ့..ဒါပေမယ့်...ငါကစင်ဘီးမနင်းတတ်ဘူးရယ်.."

လယ်ကွင်းတွေရဲ့ဘေးက မြက်အရှည်တို့ပေါက်ကာ မြက်ပန်းပွင့်အလွန်တို့က ဖွေးဖြူလို့...။

Fresh [Complete]Where stories live. Discover now