Fresh [unicode]ခွဲခွာခြင်း

118 11 0
                                    

ရွက်ဝါတွေကလည်းနေရာအနှံ့ကမြင်လေရာမှာ ဝါဝါတောက်လို့နေသလို ခြွေယူသွားတဲ့ မြောက်လေရဲ့ လေပွေထဲမှလည်း နေသားတကျနဲ့ မြေပြင်ဆီ ဆင်းသက်သည်။

နွေဦး လေရူးကတသုန်သုန် ဆိုသည့်အတိုင်း နွေလေရူးနဲ့အတူ ရံခအတွေးတို့ကလည်း တောင်စဉ်ရေမရ တွေးလိုရာရောက်တတ်ရာရာ။

လွမ်းသလိုလို ခံစားချက်ကြီး‌ကြောင့်လွမ်းချင်ပေမယ့် မိမိမှာ နာမည်တပ်ပြီးလွမ်းစရာလူရယ်လို့မရှိ။

အမြဲတမ်းလိုလို မဖိတ်ခေါ်ပါဘဲရောက်လာတ်တဲ့ တစ်ယောက်သောသူရဲ့အ‌ကြောင်းစဉ်းစားတိုင်း တင်းကြပ်လာတဲ့ ဘယ်ဘက်ရင်အုံရဲ့ ထိုးနှက်မှုက နည်းနည်းမှကိုမသက်သာရ။

သွင်ညီ..အဆက်များ‌ပြေရဲ့လား..။တစ်ခုခုများဖြစ်နေလေသလား...။အများကြီး မသိစိတ်ကမေးမိပေမယ့် အသိစိတ်မှာတော့ ဒီအဖြူကောင် စာတွေအတင်းတွေလုပ်နေလို့ ငါ့ကိုဘာအ‌ကြောင်းမှမပြန်တာဟုသာ အတင်းကျိတ်မှိတ်ကာ တွေးထားမိသည်။တွေးလိုက်တဲ့အခိုက်အတန့်လေးမှာ‌တော့ ကိုယ့်ရင်ဘတ်ရဲ့ ပြင်းထန်စွာ တင်းကြပ်မှုက အနည်းအကျဉ်းများလျော့လိုလျော့ဌား။

"ရံခ မင်းသူငယ်ချင်းဆီကဖုန်းလာသေးတယ်..ဖေဖေလဲ ခရီးသည်တစ်ယောက်ကိုပို့နေတာနဲ့ ညမြှပန်ခေါ်လိုက်လို့ မှာလိုက်တယ်..။"

အိမ်ရှေ့ကွပ်ပစ်မှာ မြန်မာစာအုပ်ကြီးကိုင်ပြီး အတွေးထဲမြောနေစဉ် ဖေဖေ့ကားပြန်ရောက်လာပြီး ဖေဖေကကားပေါ်မှဆင်းလာကာ မိမိနားဝင်ထိုင်၍‌ပြောသည်။

လှိုက်တက်လာတဲ့ ပျော်ရွှင်မှုက ပျားရည်ကန်ကြီးထဲ ခုန်ဆင်းလိုက်သလို..။ပြုံးတက်လာတဲ့ နှုတ်ခမ်းတစ်စုံနဲ့အတူ ပျော်လွန်းသွားသလိုပုံစံကိုမိမိကိုယ်တိုင်ပင် သတိမချပ်မိခဲ့။

"ဆက်တာက ကောင်လေးကွ..မင်းဟာက ကျောင်းကရည်းစားဆတ်တယ်မှတ်‌နေတာလား..မျက်နှာကြီးက စန္ဒာလကြီးလိုဝင်းပသွားရအောင်..။"

ခပ်ဟဟရယ်ရင်းဖေဖေက ရံခခေါင်းကို အသာဖွကာ *စာကျက်တော့ စာကျက်တော့*လို့‌ပြောပြီး အထဲဝင်သွားလေတော့သည်အထိ အဖေ့ကျောပြင်ကြီးကို အရူးလိုငေးရင်း ပြုံးနေလျှက်သား။

Fresh [Complete]Where stories live. Discover now