Fresh[unicode]ရင်းနှီးမှု

149 10 0
                                    


စာတော်တဲ့အဖြူကောင်လေးက မမှီလိုက်တဲ့စာတွေအတွက် အများကြီးပင်အချိန်မပေးလိုက်ခဲ့ရ။

မိမိထိုင်တဲ့ရှေ့ဆုံးခုံမှာ လူသုံးယောက်ထိုင်တာ‌ကြောင့် သွင်ညီ့ကိုအရှေ့ဆုံးခုံကမိမိဘေးထိုင်သာထိုင်စေလိုက်သည်။

ဖြူသွယ်သွယ်ကောင်လေးက နှစ်လယ်မှရောက်လာသည်ဆိ‌ုပေမယ့် သူငယ်တန်းကတည်းကကျောင်းမှာရှိခဲ့တဲ့ ကျောင်းကောင်စီဥက္ကဌ ရံခထက် ကောင်မလေးတွေကြားနာမည်ကြီးသည်။

အမြဲလိုလို သိသလိုလို မသိသလိုလိုနဲ့လာချောင်းကြည့်တတ်တဲ့ကောင်မလေးတွေကိုလည်း အပြုံးချိုချိုနဲ့အဖြူကောင်လေးက ပြန်နှုတ်ဆက်တတ်ပါရဲ့။

ပဲနို့နဲ့ အိမ်ကလုပ်ပေးတတ်တဲ့မုန့်လေးတွေကိုသာ ကျောပိုးအိတ်ထဲထည့်သယ်လာတတ်တဲ့ သွင်ညီက မုနိ့ဈေးတန်းလူကျပ်ကျပ်ထဲတိုးပြီးမုန့်ဝယ်စားဖို့ စိတ်ကူးလည်းမရှိဘူးထင်သည်။

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်နဲ့ ကျောင်းပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် စာစီစာကုံးနဲ့ကဗျာပြိုင်ပွဲရှိတယ်ကြားတယ်..။"

သချာ်တစ်ပုဒ်ကိုတွက်နေရင်းက မိမိဘေးနားဝင်ထိုင်လေတော့ အဖြူကောင်လေးက‌ပြောလာသည်။

"မင်းဝင်ပြိုင်မှာလား...။"

"ဒါပေါ့ ငါ့မှာလုပ်စရာဆိုလို့ဒါတွေပဲရှိတာ..။"

တခြားကျောင်းသားတွေလုပ်စရာ အားကစားတို့ ကိုယ်ကာယလေ့ကျင့်ခန်းတို့၊ဘောလုံးကစားတာတို့အများကြီး လုပ်စရာရှိပေမယ့် ဒီအဖြူကောင်လေးဟာဖြင့် သူ့မှာလုပ်စရာ စာပဲရှိပါသည်တဲ့။

"ဒုတိယနှစ်ဝက်လည်းလာတော့မယ်ကွာ...။"

ပုဒ်စာကတွက်ပြီးသွားတာ‌ကြောင့် လက်ထဲကဘောပင်ကိုချလိုက်ရင်း ကိုယ်ကိုအနောက်ကိုကိုင်းကာ အပျင်းကြောဆွဲရင်းက ဆိုသည်။

"အရင်ကတော့ အခန်းရဲ့အဆင့်တစ်ကငါနဲ့ ဟိုအလှလေးပဲတစ်လှည့်စီရနေရတာ။အခုမင်းရောက်လာတော့ ပြိုင်ဘက်တစ်ယောက်တိုးလာပြီပေါ့...။"

မိမိက‌ပြောတော့သူက ကျောပိုးအိတ်ထဲက ပါနေကျဗူးလေးကိုထုတ်ကာ ဆန်းဒဝှစ်နဲ့ပဲနို့ဗူးလေးကိုထုတ်လျှက် စားရင်းက အိတ်ထဲကအချိုရည်တစ်ဗူးကိုလည်း ပြုံးလျှက်ထုတ်ပေးလာသည်။

Fresh [Complete]Where stories live. Discover now