Fresh [unicode]အမြဲတမ်းအတူရှိမယ်

151 15 0
                                    

"မင်းက ဘယ်လိုလူမျိုးကိုသဘောကျတာလဲ...။"

"မင်းလို....နွေးထွေးတဲ့သူမျိုး...။"

ဘာရယ်မဟုတ်ပါဘဲ မေးမိပေမယ့် ဖြေလာတဲ့အဖြေက ရင်ကိုလှုပ်ခတ်စေသည်။

"မင်းကို ပြစရာရှိလို့ခေါ်လာတာ..."

"အာ...ပြစရာရှိတယ်ဆိုတာထက် တွေ့‌ပေးချင်တာလေးရှိလို့။"

မိမိကို ပြုံးပြုံးလေးစောင်းငဲ့ကြည့်လာတဲ့ ကောင်လေး‌ကြောင့် ရင်‌ခုန်သံ‌ေတွမြန်လာမိသလို စကား‌တွေတောင် ‌ပြောချင်တာတစ်မျိုး ထွက်သွားတာတစ်မျိုးဖြစ်သွားရသည်။

မနက်ဖြန်မှာ ခွဲခန်းဝင်ရတော့မယ့်အဖြူကောင့်ကို ဒီနေ့ညနေခြောက်နာရီထိ အစာစားခွင့်ပေးထားတာမို့ စားချင်တာစားရအောင်ရော၊စိတ်လွတ်လပ်စေဖို့အတွက်ပါ အခုလိုအပြင်ကိုခေါ်ထုတ်ပေးလာခဲ့ခြင်းဖြစ်ပါ၏။

အဖြူကောင်လေးနဲ့ တည့်တာတွေရော မတည့်တာတွေရော သူစားချင်တာ အားရှိမယ့်၊ခံတွင်းတွေ့တာတွေ နေရာအနှံ့ပတ်စားအပြီးအခုလို ကန်ဘောင်ဘေးကို စိတ် relaxဖြစ်စေဖို့ ခေါ်လာခဲ့တာပင်။

တဟူးဟူး တိုက်ခတ်နေတဲ့လေရဲ့အားက ခပ်ပြင်းပြင်းမို့ ဘေးနားယဲ့ယဲ့လေးရှိနေတဲ့ အဖြူကောင်လွင့်ပါသွားလေမလားဟု ခပ်နောက်‌နောက်တွေးပြီး ပြုံးမိပေမယ့် အဖြူကောင်ကတော့ ပြုံးနေတဲ့မျက်နှာဖြီးကြီးနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းလို့  လေတိုက်ခံနေသည်မှာ တစ်လောကလုံးသူတစ်ယောက်ထဲရှိတော့သည့်အတိုင်း။

မိုးကမနက်ကတည်းက အုံ့နွေးနွေးဖြစ်နေသည်မို့ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း နေရောင်မဲ့လျှက်သား။

အရမ်းတိုးတဲ့လေနဲ့ အုံ့တုံ့တုံ့ရာသီဥတု‌အပြင် shirtအပါးလက်ရှည်လေးသာ တလွင့်လွင့်နဲ့ဝတ်လာသော သွင်ညီ့ကြောင့် ရံခ ကားထဲမှာ သူဆောင်ထားတတ်သည့် အကျီအထူကိုပြန်ယူလို့ အဖြူကောင်ရဲ့ခေါင်းမှစွပ်ချပေးလိုက်သည်။

Hoodie အဝါထူထူပွပွကြား နစ်မြုပ်နေတဲ့အဖြူကောင်က တကယ်ကိုဖက်လို့ပင်အားမရချင်စွာ သေးသေးလေး။အဝါရောင်ဖြစ်တာ‌ကြောင့် ဖြူဥနေတဲ့အသားရေက အရောင်ပိုလို့ထွက်ကာ နှာခေါင်းချွန်ချွန်တို့ကလည်း လေတိုက်တာ‌ကြောင့် ထိပ်ဖျားတို့ရဲတက်လို့။

Fresh [Complete]Where stories live. Discover now