Arc 3.11(final)+*system space*

Start from the beginning
                                    

ဒါကကောင်းကင်အရှင်ပေးတဲ့အပြစ်ဒဏ်ပဲ.......

"ကဲအချိန်ကျပြီ....."

ကောင်းကင်အရှင်၏စကားကြောင့် သုံးယောက်သားရဲ့အကြည့်တို့စုပြုံသွားရသည်က မိုရုဆီ....

ထို့နောက် ကောင်းကင်အရှင်က လက်တို့ဝေ့ယမ်းလိုက်ကာ မိုရုခန္ဓာကိုယ်ပေါ်တွင် အစွမ်းဖြင့်ဖျောက်ထားသော ကောင်လေး၏ ဝိဉာဉ်အငွေ့အသက်အချို့ကို ပြန်လည်လွှတ်ပေးလိုက်သည်.....

ဒီကမ္ဘာက ကောင်လေးရဲ့ဝိဉာဉ် အပိုင်းအစ ၂ခုရှိနေသည်.....ဆန့်ကျင်ဖက်နှစ်ခု.....

အားအကြီးဆုံး အပိုင်းအစ နဲ့ အားအနည်ဆုံးအပိုင်းအစ...

အကြမ်းတမ်းဆုံး အပိုင်းအစနှင့် အနူးညံ့ဆုံးအပိုင်းအစလို့ပြောရမှာပေါ့.....

အကယ်၍အကြမ်းတမ်းဆုံးဖြစ်တဲ့ ကောင်လေးရဲ့ဝိဉာဉ်သာ အရာအားလုံးနဲ့ယှဉ်ပြီး Zenကိုရွေးချယ်ခဲ့မယ်ဆိုလျှင် ကောင်လေးရဲ့အပြစ်ဒဏ်ကလုံးဝကင်းလွတ်သွားပြီ.....

မျှော်လင့်ရတာပဲ......
မင်းကိုယ်မင်းထက်Zenကို ရွေးချယ်မယ်ဆိုရင် မင်းကိုယုံပေးမယ်ကောင်လေး.....

အာရာ ခေါင်းတို့ငုံ့ကာ ရှင်းဂီကိုကြည့်နေရင်းမှ အားအလွန်ပြင်းတဲ့ ဝိဉာဉ်စွမ်းအားအချို့ကိုကိုယ်တွင်းကခံစားမိသလို.....ဒါသူ့ ကလေးငယ်ရဲ့ အငွေ့သက်ပဲ....

အာရာခေါင်းလှည့်ကြည့်လိုက်သည်တွင် ထိုအငွေ့အသက်တို့ ရနေသည်က မိုရုဆီမှ...

မဖြစ်နိုင်တာ....

သူကြည့်နေသည်ကိုသိတော့ သူ့အားတည့်တည့်ကြည့်ပြီးပြုံးပြလာသည် နာနာကျင်ကျင်နဲ့ပေါ့.....

"နှုတ်ဆက်ပါတယ်အာရာ....."

မိုရုပြောပြီးသည်နှင့် လက်ထဲကလက်နက်ကို တင်းတင်းဆုပ်ကိုင်ကာ ခန္ဓာကိုယ်တစ်ပတ်လှည့်လျက် ထိုးစိုက်လိုက်သည်က ဆာယာရဲ့ လက်တိုင်တည့်တည့်ကို......

မိုရုအား အာရာကို သတ်လိမ့်မည်ဟု အပိုင်တွက်ထားတဲ့ ဆာယာက ထိုတုံ့ပြန်မှုမျိုးကို မမျှော်လင့်ခဲ့မိ....

ဆာယာရှောင်ချိန်ပင်မရလိုက်ပါပဲ လည်ပင်းမှသွေးများပန်းထွက်လာကာ မြေပြင်ပေါ်တုံးခနဲလဲကျတာ ခဏတာအကြောဆွဲပြီးနောက်တွင် အသက်နှင့်ခန္ဓာချုပ်ငြိမ်းသွားရသည်။

Rebounding System(OC)Where stories live. Discover now