episode 22

2.1K 172 18
                                    

Zawgyi

မနက်ခင်း၏ နေရောင်ခြည် အနွေးဓာတ်သည် ပြတင်းပေါက်မှ
တစ်ဆင့် တိုးဝင်လာသည်။
တစ်ကျီကျီအော်နေသော ငှက်များသည်လည်း
မနက်ပို်င်းတာဝန်လုပ်ဆောင်နေသည်ဟု အသိပေးနေကြသည်။
စောင်ပုံထဲရစ်ထွေးနေသော လူနှစ်ယောက်မှာ မနိုးနိုင်ဘဲရှိနေ၏။

*အွန်းနွေးတယ် အရမ်းနွေးတဲ့ နေရာတစ်ခုရောက်နေသလိုပဲ
အနွေးဓာတ်ကို ပိုလိုချင်တာကြောင့် ပို၍တိုးကပ်လိုက်သည်။
ပို၍တိုးကာ ဖက်ထားလိုက်သည်။

လေးလံလှသောမျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်မိတော့ ရင်ခွင်တစ်စုံကို ဦးစွာမြင်ရ၏။
ကျယ်ဝန်းလှသည့် ရင်ခွင်ပေါ်မှ ရင်အုံများကို
လက်ညှိုးလေးဖြင့်ထိုးနေမိသည်။
အဟိ သဘေဘာကျတယ်
မော့ကြည့် မိတော့ အိမ်မောကျနေသော ကိုကို့ကို မြင်ရသည်။

ချောလိုက်တာကိုကိုက အယ် ခန့်တယ်ပေါ့နော်
လက်ညှိုးလေးကို ကိုကိုမျက်နှာနားသို့ကပ်ကာ
ပြေပြစ်တဲ့နဖူးပြင် နဲ့ ရှည်သွယ်၍အဆုံး၌လုံးသော နှာတံ
သေသပ်ပိရိသော နှုတ်ခမ်းများ အရာအားလုံ အပေါ်တွင်
ထိကြည့်နေမိသည်။
အယ် တစ်ခုပျောက်နေတာ အဲ့တာ ကျနော် အရမ်းနှစ်သက်ရတဲ့ ကိုကို့ရဲ့ ပါးချိုင့်လေး
ပြုံးလိုက်ရင် ပေါ်လာသော လခြမ်းသဏ္ဌာန်ရှိတဲ့ ပါးချိုင့်လေး

နှစ်သက်ရာ ပါးချိုင့်လေးရှိသော ပါးပြင်သို့ လက်ညှိုးကို ပို့ဆောင်နေချိန်ပင် ပွင့်လာသောမျက်လုံးတစ်စုံကြောင့် လန့်သွားသည်။

လက်ကို အမြန်ပြန်ရုပ်ချိန်မှာပင် ကိုကိုက ဆွဲဖမ်းလိုက်သည်။

"ကိုင်လို့ ဝပြီလား"

"အယ် ဟို ကိုကို နှိုးပြီးလား"

"ကြာပေါ့ jimin ရင်ဘတ်ထဲ အတင်းတိုးနေထဲက နှိုးတာ"

"ဟီးးဟီးးး
ထတော့လေ ကိုကို"

"Omm"
ကျနော့်ဘေးမှ ထသွားသော ကလေးငယ်
လှုပ်စိလှုပ်စိနဲ့ လမ်းလျှောက်နေပုံလေးက
တကယ့်အသဲယားစရာပင်
jimin ထွက်သွားပြီးတော့ ကျနော်လဲ အိပ်ယာမှ ထကာ
မျက်နှာသစ်ဖို့အပြင် ထွက်လာလိုက်သည်
          
                 ~~~~~~~~~~~~~~~~

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Hikayelerin yaşadığı yer. Şimdi keşfedin