episode 5

1.1K 138 5
                                    

Zawgyi

ကိုကိုနဲ့ မတွေ့ ရ သည်မှာ တစ်ပတ်ပင် ကျော်ခဲ့ပြီ

ကျနော် အိပ်ယာထတဲ့ အချိန် ကိုကို က မရှိတော့ဘူး

ညဆိုလည်း ကျနော် အိပ်ပျော်မှ ကိုကို က ပြန်ရောက်တတ်တယ် နီးနီးလေး နေနေ ရပေမယ့် ဝေးကွာနေသလိုပဲ ကိုကို

ကျနော် ရင်ထဲမှာ စို့ကြပ်နေတယ် ဒီခံစားချက်ကို မကြိုက်ဘူး

ဘာတွေ ဖြစ်နေလည်း ကို့ဟာကိုလည်း နားမလည်နိုင်ဘူး

ကျနော်ငယ်ငယ်က Omma က Appa ကို သတိရလို့ ဆိုပြီးငိုတာမြင်ဘူးတယ်

Ommaက ပြောတယ်
မင်းAppa က သိပ်ကို အလုပ်များတယ်တဲ့
သူ့စိတ်ထဲမှာ အလုပ်ကလွဲ လို့ ကျန်တာ စိတ်မဝင်းစားသလို မိသားစုဆိုတဲ့ နွေးထွေးမှုလည်း မရှိဘူး တဲ့လေ

အ့ကြောင့် Omma က ကျနော့်ကို အမြဲဆုံးမတယ်
ကိုယ်ဝါသနာ တာ လုပ်ဖို့ အမြဲလည်း တိုက်တွန်းခဲ့ တယ်

ကျနော် ငယ်သေးတော့ Omma ပြောတာတွေ သိပ်နားမလည် ခဲ့ဘူး

ဒါပေမယ့် အခုတော့နားလည်စပြုလာပီ

ဟုတ်ပါတယ် ကျနော် ငယ်ငယ်က Omma ရဲ့ မေတ္တာ

အကိုတစ်ယောက်ရဲ့မေတ္တာ ကို အပြည့်အဝ ရခဲ့ပေမယ့်

Appa ရဲ့ မေတ္တာနဲ့ နွေးထွေးမှုကို တော့ မရခဲ့ဘူး

Appaနဲ့ တွေ့တဲ့ အချိန်ဆိုတာ အရမ်းလည်း နည်းခဲ့ပါတယ်

အခုတော့ ကိုကို ကလည်း
Appa လမ်း စဉ် ကို လျှောက်နေပီ

စက်ရုပ်လို အလုပ်တွေ ပဲ လုပ်ပီး
ဘဝရဲ့ အနှစ်သာရ ပျော်ရွှင်မှု ဆိုတာ တွေ ကို
ကိုကို မေ့နေမှာ ကျနော်စိုးရိမ်မိတယ်

Omma ကတော့ ပြောပါတယ်
ကိုကို က အသက်ငယ်ငယ်နဲ့

လုပ်ငန်းကို စတင် ဦးစီး တာကြောင့်
အခက်အခဲ တွေ အများကြီး ရင်ဆိုင်နေရလို့ ကျနော့် အတွက်အချိန်မပေးနိုင်တာတဲ့

ဟုတ်တယ် ကျနော်လည်း အ့လိုပဲ ယုံကြည်တယ်

ကိုကို က ကျနော့်ကို မချစ်တော့လို့ မဟုတ်ဘူး

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Wo Geschichten leben. Entdecke jetzt