episode 4

1.1K 152 4
                                    

Zawgyi

မိုးကောင်းကံ တိမ်ယံ မှာကြည်လင် လို့နေသည်။
ကုတင်ပေါ် တွင် အေးချမ်းစွာ အိပ်စက်နေသည့် ကောင်လေး တစ်ယောက်လည်း ရှိပေသည်။နှုတ်ခမ်း လေးများ မှာ စူ၍ တစ်ခုခု ကို အလိုမကျသည့်ဟန်ဖြင့်

*တီ တီ တီ တီ*

"ဟာကွာ အိပ်လို့ကောင်းပီဆို ဒီနာရီ ကြီး က တမျိုး"

အိပ်ယာ ထဲက မထဘဲ လက်ဖြင့်သာ လှမ်းပိတ် ၍ ပြန်အိပ်ဖို့ ကြိုးစား စဉ်

*ဝုန်း*

ကုတင်ပေါ်မှာ ကုန်းထ၍

"ဟုတ်တယ် ကိုကိုဒီနေ့ လာမှာပဲ ကိုကို့ ကို သွားကြိုရအုံးမယ် မေ့နေလိုက်တာ "ဟုဆိုကာ ရေချိုးခန်းထဲသို့အပြေးဝင်ရတော့သည်။

ကျနော်လည်းနောက်ကျ နေပီ မို့ ပေါ့ပါး မည့်ဝတ်စုံ ကိုသာ ရွေးဝတ်လိုက်သည်။

" Omma သားသွားတော့မယ်"

"aa သားငယ် ဂရုစိုက်သွားနော်"

Omma ကို လှမ်းအော်ပြောကာ အမြန်သွားတော့သည် ကျနော် သိပ်ချစ်ရတဲ့ ကိုကိုနဲ့ တွေ့ရမည် မဟုတ်လား

Taxi တစ်စီး ငှားကာ အမြန်ထွက်လာခဲ့သည်။

ပြောရအုံးမယ် Taxi ဆိုလို jiminလေး အား အထင်မသေးပါနဲ့နော် ကျနော် က ကားမမောင်းတတ် လို့ပါ  အ့ကြောင့် အိမ်မှာကားလည်းမဝယ်ထားဘူးလေ
နော့် စီးမှမစီးတတ်ပဲ ဝယ်ထားလည်းအပိုပေါ့ ဟုတ်ဘူးလား

At the airport

*ဟိုက်
အ့မှသေတာပဲ Jimin လေး ကိုကို့ပုံ မှ မမြင်ဘူးတာ လောလောနဲ့ထွက်လာတာ Omma ကိုမေးဖို့လည်းမေ့သွားပီ မသိဘူး ကွာ ထားလိုက်တော့ ကိုကို့နာမည် ကို ကိုင်ထားတာပဲ ကိုကို သိမှာပါလေ*

လေယာဉ် တောင်ဆင်းလာပြီ ကျနော်မှာ ကိုကို ပါလား ခြေဖျားထောက်ပီးတောင် ကြည့်နေရတယ်

အရှေ့က လူကြီးကလည်း ဂလန်ဂလား နဲ့

ဆင်းလာကျတဲ့ လူအုပ်ထဲ ကျနော် ရဲ့အာရုံကို ဖမ်းစား ထားတဲ့ သူ

အိကျီ်အဖြူနှင့် ဘောင်းဘီအမဲ အားဝတ်ဆင်ကာ long coart အားထပ်မံ ဝတ်ဆင် ထားသည့်သူ့ပုံစံမှာ
ယောကျာ်းပီသ၍ တည်ကြည် လွန်းနေသည်

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now