episode 3

1.1K 145 2
                                    

Zawgyi

ကျနော့် ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ညီလေးကိုငေး၍သာကြည့်နေမိသည်။

ကျနော် ညီလေးရဲ့ ပါးဖောင်းဖောင်းလေး ကိုနမ်းရှိုက်နေမိတယ် ကျနော့်ရဲ့မျက်ရည်တွေ ကိုခိုးသုတ်ရင်းပေါ့

မနေ့က Omma ပြောခဲ့တဲ့ စကားတွေဟာ နားထဲမှာ အတိုင်းသား

Flask back .........

*ဒေါက် ဒေါက်*
တံခါးခေါက်သံကြားမိလို့ ကျနော်နိုးလာတယ်

ကျနော့် လက်မောင်းပေါ်မှာခေါင်းအုံးကာ အိပ်နေသော ညီလေး ကို အသာလေး မကာ တခါးဆီသို့ထွက်လာခဲ့သည်။

"Omma" တခါးဖွင့်ဖွင့်ချင်း Omma က ကျနော့် အားဆွဲဖက် ကာ ငိုတော့သည်။

ခဏအကြာမှ မျက်ရည်များသုတ်ပီး

"Omma သားလေး Omma ပြောစရာရှိလို့ ဧည့်ခန်းထဲလိုက်ခဲ့ ဒီမှာဆိုရင် မင်းညီလေးနိုးသွားမှာ စိုးလို့"

ကျနော်လည်း ခေါင်းငြိမ့် ပြကာ Omma ခေါ် ရာ ဧည်ခန်းဆီသို့ လိုက်ခဲ့သည်။

"သား Omma ပြောတာသေချာနားထောင်နော် "

"ဟုတ် Omma"

"လာမည့်အပတ် အဂါင်္နေ့ ကျရင် မင်း Appa နဲ့ အတူတူ အမေရိကား ကို လိုက်သွားပီး ဟိုမှာ ပဲ ကျောင်းဆက်တက်ရမယ် "

"ဗျာ!!!!!!
ဒါ ဒါဆို Omma နဲ ညီလေးကရော"

"Omma တို့က ဒီမှာပဲနေခဲ့ ကြမှာ"

" ဗျာ Omma ကျနော်မသွားလို့မရဘူးလား ကျနော်ညီလေးကိုလည်း မခွဲနိုင်ဘူး Ommaကို လည်းမခွဲချင်ဘူး ဟင့်ဟင့် ကျနော်မသွားပါရစေနဲ့"

" မရဘူး Kim namjoon မင်းသွားကိုသွားရမယ်

မင်းက အကြီးလေ namjoon မင်းက မင်းညီလေး အတွက် စံပြပုဂ္ဂိုလ် ဖြစ်နေရမယ်

တစ်ချိန် Omma တို့မရှိတဲ့ အချိန် Jimin လေး ကို မင်းပဲစောင့်ရှောက်ရမှာ လေ

မင်းချစ်တဲ့ညီလေးအတွက် မင်းသွားကိုသွားရမယ် namjoon "

"Omma .......

Flask end.....

<<<<<<<<<<<<<<

"ညီလေး ထတော့နော် ကိုကိုရေချိုးဖို့ရေနွေးစပ်ပေးထားမယ်

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now