episode 20

1.1K 138 17
                                    

Zawgyi

ဆောင်းလေရူးများ က တသုန်သုန်တိုက်ခတ်လို့နေသည်။ လေနီကြမ်းများ၏ သွေးဆော် တိုက်ခတ်ခြင်းသည် စိတ်အစဉ်တို့အား ကပြောင်းကပြန် ဖြစ်အောင်ပင် အားပြင်းလှသည်။

ပင်လယ်ကမ်းခြေ ဒေသဖြစ်သောကြောင့် လာရောက်လည်ပတ်သူမှာ  များပြားသည်။ပင်လယ်ကို အမှီသဟဲ
ပြုကာ လုပ်ကိုင်စားသောက် ကြသော လူအနည်းစုလည်း
ရှိပေသည်။ကမ်းခြေ နံဘေး တွင် စားသောက်ဆိုင်များ/
အုန်းရည်ဆိုင်များ စသဖြင့် အလွန်စည်ကားလှသည်။

စားသောက်ဆိုင်ကြီးများမှ စီတန်းလျက်ရှိသည်။ပင်လယ်ဒေသဖြစ်သည့် အလျောက် ပင်လယ်စာ မျိုးစုံကို ဈေးတန်တန်ဖြင့် ဝယ်ယူစားသုံးနိုင်ပေသည်။ စားသောက်ဆိုင်များသည် ပင်လယ်ဘက်သို့ မျက်နှာမူကာ တည်ဆောက်ထားသဖြင့်
ပင်လယ်၏ အလှတရားကိုလည်း ခံစားနိုင်ပေသည်။

ထိုအထဲများတွင် တောင်ဘက်စွန်းစွန်းတစ်ခုတွင် တည်ရှိနေသော စားသောက်ဆိုင်သည် အနုစိတ်လက်ရာများဖြစ်
ဆောက်လုပ်ထားသည်။ထိုင်ခုံများအား သစ်သားများဖြင့်ထုထွင်းကာ ကနုတ် အလှအပများနှင့်ဆင်ထားသည်။စားပွဲဝိုင်းများလည်း သစ်သားဖြင့်သာလှပစွာ ထွင်းထုထားပြန်သည်။
သဘာဝ၏ သဘော သာဘာဝ၏အလှ ဟု ဆိုထိုက်သော
အစိမ်းရောင် များဖြင့် အလှဆင်ထားသည်။ နေမင်း၏အပူရှိန်ကိုကာကွယ်ရန် အုန်းပင်များစွာကိုစိုက်ထားသည်။

အချိန်ကား ညနေ5နာရီပင် ရှိခြေပြီ။
ဆိုင်ငယ်အတွင်း ၌ စားသုံးသူများ နည်းပါလာကာ မိမိတည်ခိုးရာနေရာ သို့ပြန်သွားကြသည်။ ထိုအချိန်တွင် အသံစူးစူးရှိသော အမျိုးသမီး၏ အသံသည်ထွက်ပေါ်လာသည်။

"ကလေးတို့ ပင်ပန်းသွားကြပြီလား ဒီနေ့ဆိုင်ကို လူတအားကျတာပဲ"
ထိုအမျိုးသမီးသည် ဆိုင်ရှင် အမျိုးသမီးသာဖြစ်ပေသည်။

"Arjima ကလည်း အပိုကပြောပြန်ပြီ ဒီနေ့လူကျတယ် ဆိုတော့ လူမကျတဲ့နေ့ရှိတာကျလို့ "
ပန်းကန်ခွက်ယောက် များကို သိမ်းဆည်းနေသော
ကောင်လေးတစ်ယောက်ကပြောလာသည်။

"တယ် ဒီကလေး ငါလုပ်လိုက်ရ တခါတခါ လူမကျတဲ့နေ့တွေရှိပါတယ် အရူးလေးရဲ့"
arjima က လက်ရွယ်ကာ ရိုက်ရန်ပြင်လိုက်သည်။

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now