episode 14

918 132 23
                                    

Zawgyi

နဂို ကထဲ က အဆင် မပြေသည့်
ကျနော့် တို့ နှစ်ယောက်ကြား ယမန်နေ့က ကိစ္စကြောင့်
ပို၍ ပင် ဆိုးရွားခဲ့ရသည်။

အရင်ထဲက စကားနည်းတဲ့ Appa ကလည်း
စကားမပြောသလို

ကျနော့်ရဲ့ Omma ကလဲ ကျနော့်ကို ရှောင်နေ၏

ကိုကိုကတော့ မျက်နှာချင်းတောင်မဆိုင်ပေ

*ဟူး* တစ်အိမ်လုံးက ပြစ်ပယ် ထားသော

ခံစားချက်ကြီးက တကယ်ပင် မွန်းကြပ်လွန်းလှသည်။

ဒီနေ့လည်း အဘွားမွေးနေ့ဖြစ်တာကြောင့်
တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။

အဘွားအတွက်မွေးနေ့ လက်ဆောင်များလဲ
ပြင်ဆင်နေကြသည်

ကျနော့်ကတော့ အောက်ထပ်ကိုလဲ မဆင်းချင်
အိမ်သားတွေရဲ့ အကြည့်တွေနဲ့ ရင်မဆိုင်ချင်တာကြောင့်

အခန်းထဲဘဲ အောင်းနေလိုက်သည်။

*ဒေါက် ဒေါက်*

"Om.Omma "

ကျနော့်လက်ထဲသို့ အိင်္ကျီတစ်စုံကို ထည့်ပေးကာ

"ဒီနေ့ အဘွားမွေးနေ့ လေ အဲ့ဒါ ဝတ် "

သာမန်ထက်အေးစက်လွန်းတဲ့ အသံဖြင့်ပြောကာ
ထွက်သွားသည်။

အကြည့်လေးတစ်ချက်တောင် ကျနော့်ကို မပေးနိုင်တော့ဘူးလားOmma ရယ်...

ကျနော့်ကို မယုံကြည်မှတော့ ရှင်းပြနေလဲ အပိုပါပဲ

အခန်းတံခါးကို ပိတ်ကာ အိပ်ယာထက်ဝယ် အိပ်ပစ်လိုက်
သည်။

ဟုတ်တယ် အိပ်နေတဲ့ အချိန်က
ကျနော့်ဘဝရဲ့ အကောင်းဆုံးပဲ

အိပ်မက်ထဲကိုလည်း ကိုကိုက အမြဲ ဝင်လာ တယ်
ကိုကို နဲ့ ကျနော် နှစ်ယောက်ထဲ ရှိသည့် ကမ္ဘာက သာယာ
ပျော်ရွှင်မှု အတိဖြင့် ခြယ်မှုန်းထား သော ပန်းချီကားတစ်ချက်
လိုပင် ချိုသာတဲ့ အပြုံးတွေ နဲ့ တောက်ပနေတဲ့ ကိုကိုက
ကျနော့်ဘဝအတွက် အလုံခြုံဆုံး သူပါပဲ

~~~~~~~~~

မီးရောင်တွေနှင့် ထိန်လင်းကာ တောက်ပ နေသည့်

အိမ်တော် တစ်ခု၏ ကြီးမားလှသော ခြံဝန်းထဲ ၌

လူဂုဏ်ထံ အပေါင်း ကာ စည်းကားစွာ ရှိကြသည်။

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now