episode 7

1K 116 3
                                    

Zawgyi

"Jimin ရေ သားငယ် မထသေးဘူးလား

ဒီကလေး ပိတ်ရက်ဆိုပြီ အိပ် နေ တော့တာ ပဲ"

မီးဖိုချောင်တွင် မနက်စာ ပြင် ကာ jimin အား
လှမ်းနှိုးနေသည်။

ဒီလို ပါပဲ ဒါမနက်တိုင်း ကြားရ တဲ့ Omma ရဲ့ အသံ

"သားကြီး တောင် ဆင်းလာပြီ မင်းညီလေး ကို တော့
နေ့တိုင်းနှိုးနေရတာပဲ ကြည့်"

"😊😊😊😊😊"

" သားရော အလုပ် လုပ်ရတာ တွေ အဆင် ပြေ ရဲ့ လား"

"ပြေပါတယ် Omma

အရင်က တော့ စလုပ် ခါစ ဆိုတော့

နည်းနည်း အခက်တွေ့နေရတာ ပေါ့

အခုတော့ အဆင်ပြေသွားပါပီ"

"a a ကောင်းတယ် မင်း Appa ကတော့ အခုချိန်ထိ
ပြန်မလာနိုင်သေးဘူး

jimin ကို သွားနှိုး ပါအုံး ကွယ် မထသေးဘူး"

"ဟုတ်ကဲ့ Omma "

ကျနော်လည်း ညီတော်မောင် ကို နှိုး ဖို့ သွားရတော့ သည်။

အခန်းထဲဝင် တော့ စောင်ပုံတွေနဲ့ လုံးထွေးကာ
အိပ်နေတဲ့ ညီလေး

ငယ်ငယ် က အကြောင်းတွေ တောင် ပြန်သတိ ရမိတယ်

အရင် က ကျနော် ပဲ သူ့ကိုနှိုးနေကျလေ

ကျနော်မနှိုးရင် လုံးဝ မထတတ်တဲ့ အကျင့်ရှိသည်။

အခုတော့ဒီတာဝန်တွေ က Omma ဆီမှာ

"Jimin ရေ ထတော့ ညီလေး

ဘယ်အချိန်ထိ အိပ်မှာ
လည်း 8နာရီ ခွဲ နေပီ"

အနားသို့ လျှောက် သွားက လှုပ်၍ နှိုးလိုက် သည်။

"ကိုကို လား ?????

မျက်လုံးနှစ်ဖက် ကို ပွတ်သပ်ကာ
အိပ်ချင် မူးတူးနှင့် ပြောလာသည်။

"ဟုတ်တယ် ကိုကို

ထတော့ တော်ကြာ Omma တုတ်နဲ့ လာနေမယ်နော်"

ထိုအခါမှာ ပြူးကျယ် သွားသော မျက်လုံးတစ်စုံ

ငေါက်ခနဲ့ ထ ထိုင် ကာ

ပါးပေါ် လက်နှစ်ဖက် နဲ့ ပွတ်သတ်နေသည်။

ဆံပင်တွေ ကို လက်နဲ့ ဖိချနေသည်။

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now