Chapter-17

1.5K 111 21
                                    

Gulf တစ်ယောက် တံခါးဖွင့်ဖွင့်ချင်း ကြမ်းပြင်ပေါ်ရှိ ပြန့်ကြဲနေသော အ၀တ်များကို မြင်လိုက်ရသောကြောင့် ကြက်သီးများပါ ထကုန်သည်

ထို့ကြောင့် ခြေသံမထွက်အောင် ဖွဖွလေး နင်း၍ လျှောက်ကာ အခန်းထဲသို့ ၀င်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် Gulf အံ့သြလွန်းကာ အသံထွက်ဖို့ မေ့သွားသည် အထိ

Gulf မြင်လိုက်ရသည်မှာ ၀ရံတာ ကပ်ရပ် ကုတင် တစ်နည်းပြောရလျှင် Boat ၏ ကုတင်ပေါ်တွင် Mild က Boat ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်စက်နေပြီး Boat ကလည်း Mild ကို တင်းကြပ်စွာ ဖက်ထားကာ အိပ်စက်နေသည်

Gulf လို အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် သူတို့ ၂ ယောက် ဘာဖြစ်ထားမှန်း သိနေသောကြောင့် ကြောင်တောင်တောင် ဖြစ်ကာ ဦးနှောက်က အလုပ်မလုပ်နိုင်သည်အထိ ရပ်တန့်သွားသည်

Gulf ဒီ ၂ ယောက်အကြောင်းကို တွေး၍ပင် မမှီနိုင်သောကြောင့် စိတ်ရှုပ်စွာဖြင့် အနီးရှိ ခုံပေါ်ထိုင်လိုက်ရာ အသံအနည်းငယ် ထွက်သွားသောကြောင့် Boat နိုးလာတော့သည်

Boat မျက်လုံးဖွင့်လာသည်နှင့် ရင်ခွင်ထဲရှိ Mild ကို အရင်ကြည့်၍ တစ်ချက်ပြုံးလိုက်သည်

Mild နှုတ်ခမ်းကို တစ်ချက်လောက် နမ်းလိုက်ချင်သော်လည်း ကုတင်ခြေရင်းတွင် မိန့်မိန့်ကြီး ထိုင်၍ ကြည့်နေသော Gulf ကြောင့် လက်လျှော့လိုက်သည်

Gulf တစ်ယောက် Boat နိုးလာသည်ကို မြင်သောအခါ တစ်ခုခုမေးရန် ပြင်လိုက်သော်လည်း Boat က Mild နိုးမည်ကို စိုးသောကြောင့် တိတ်တိတ်နေရန် အချက်ပြလိုက်သည်

Gulf လည်း ၀ရံတာတွင် စောင့်နေမည်ကို လက်ဖြင့် အချက်ပြလိုက်သည်

Gulf မိနစ် ၂၀ လောက် စောင့်ပြီးမှ Boat ထွက်လာသည်

ရေချိုးပြီးမှ ထွက်လာပုံပေါ်သော Boat ၏ ခေါင်းပေါ်ရှိ ရေများက တစ်စက်စက်ကျနေသည်

Boat နှင့် တွေ့တွေ့ချင်း ပြောလိုက်သော Gulf ၏ စကားကြောင့် Boat အနည်းငယ်ပြုံးလိုက်မိသည်

Gulf - ငါထင်တဲ့ အတိုင်း Ai Mild က တကယ်ကြီးကို အောက်ကပဲ

Boat - ha.......... မင်းမေးချင်တဲ့ ဟာက အဲ့ဟာ ဟုတ်လို့လား

My Lovely One Where stories live. Discover now