Chapter-14

1.8K 132 10
                                    

စနေနေ့ မနက်သို့ ရောက်သောအခါ Gulf တစ်ယောက် ဆန်းကျယ်စွာ အစောကြီး နိုးနေမိသည်

တကယ်တော့ တစ်ရေးမှ မအိပ်ရသေးဘူးဟု ပြောလျှင် ပိုမှန်မည်

Gulf တစ်ယောက် Mew ၏ မိဘများနှင့် တွေ့ရမည့် ကိစ္စကို တစ်ညလုံး တွေးနေသောကြောင့် အိပ်ရေးပျက်ကာ မျက်ကွင်းများပါ ညိုနေသည်

မနက် နိုးလာသည် အထိ လူနှင့် စိတ် မကပ်သေးသော Gulf အား Mild က ပုခုံး ၂ ဖက်ကို ကိုင်ကာ လှုပ်ခါလိုက်သည်

Mild - ဟေ့ကောင် Ai Gulf မှိုင် မနေနဲ့ ယောက္ခမတွေနဲ့ သွားတွေ့ရမှာ တက်တက်ကြွကြွ နေဦး

Gulf - ချီးကို ယောက္ခမ ပါလား စိတ်ညစ်နေတယ် ပါဆို မင်းက တစ်မှောင့်

Mild - ညစ်မနေနဲ့ ညစ်နေလည်း ဘာမှ မထူးခြားလာဘူး အဲ့ဒီကို ရောက်ရင် အမှား မလုပ်မိအောင်သာ သတိကို ကပ်ထား

Mild ပြောနေရင်း Gulf သတိကပ်လာအောင် Gulf ၏ ပါး ၂ ဖက်ကို အားနှင့် ဆွဲလိုက်သည်

Gulf က Mild ၏ လက် ၂ ဖက်ကို ရိုက်လိုက်ကာ အနည်းငယ် နီနေသော မိမိပါးကို ကိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်

Gulf - အေပါဟ ဒါနဲ့ ................... Ai Mild

Mild - ဘာလဲ

Gulf - ငါ...................မသွားချင်ဘူး

Mild Gulf ကို သနားသော အကြည့်ဖြင့် ကြည့်သာ ကြည့်နေလိုက်သည်

ဒီ သူငယ်ချင်းကို ကူညီချင်ပေမဲ့ သူလည်း ဘာမှ မတတ်နိုင် အစားထိုး သွားရအောင်လည်း ဟိုအမကြီး ဆိုတဲ့ တစ်ယောက်က Gulf ကို တွေ့ပြီးသား ဖြစ်နေသည်

ထို့ကြောင့် Mild Gulf ဘေးနားသို့ တိတ်တဆိတ် သွားထိုင်ကာ ပုခုံးသာ ပုတ်ပေးလိုက်သည်

Boat တစ်ယောက် ရေချိုးပြီး ရေချိုးခန်းမှ အထွက် အခန်းကြီးက တိတ်ဆိတ်ကာ Gulf တစ်သက်လုံး ပြန်မလာရတော့မည့် အတိုင်း လုပ်နေသော  Mild ကြောင့် ရေပဲ ပြန်ဝင်ချိုး ရမလား အပြင် ထွက်ပြီးပဲ အဝတ်လှဲ ရမလား ဝေခွဲမရဖြစ်သွားသည်

Boat - ဟေ့ကောင်တွေ တစ်သက်လုံး ပြန်မလာရမဲ့ အတိုင်း လုပ်မနေနဲ့

Mild - မင်းကလည်း Ai Gulf က ဝမ်းနည်း နေတာကို

Boat - အဲ့တိုင်းလုပ်မှ တလွဲတွေ လုပ်မိနေဦးမယ် ဒီမှာ Ai Gulf သူငယ်ချင်း မင်း လုပ်ရမှာက ဆရာပြောတဲ့ အတိုင်း follow လိုက်ရုံလေး ကျန်တာ ဆရာ ကြည့်ရှင်းမှာပဲကို အရမ်းကြီး တွေးမနေနဲ့ အရမ်းတွေးမှ အများကြီး လွဲနေမယ်

My Lovely One Where stories live. Discover now