Chapter - 13

1.6K 124 24
                                    

အဆောင်ပြန်ရောက်မှ ပြောမည်ဟု ပြောလိုက်သည့် Gulf ကြောင့် Mild က အဆောင် ပြန်ရောက်သည်နှင့် Gulf မပြောမချင်း ဆက်တိုက်မေးတော့သည်

Gulf ကလည်း နားပူလွန်းသောကြောင့် အမှန်အတိုင်း တစ်လုံးမကျန် ပြန်ပြောလိုက်ရာ Mild တစ်ယောက် shock ရသွားတော့သည်

အစ ကနေ အဆုံး ထိ ငြိမ်ငြိမ်လေးသာ ထိုင်နားထောင်နေသည့် Boat ကလည်း အိပ်မက်လား လက်တွေ့လား သေချာအောင် ကိုယ့်ပါးကို ပြန်ရိုက်နေသည်

Mild - အဲ့ဒါဆို မင်း နဲ့ အဲ့ ဆရာက တွဲနေတာလား ခုက

Mild ရဲ့ ရူးကြောင်ကြောင် မေးခွန်းကြောင့် Gulf သောက်နေသည့် ရေပါ သီးသွားသည်

Gulf - ရူးနေလား ဒီတိုင်းပဲ အဲ့ အမကြီး ကို လိမ်လိုက်တာ ပါဆို

Mild - သူတို့ ဆက်ဆံရေးက မင်းပြောတဲ့ အတိုင်းသာဆို အဲ့ အမကြီး ဆိုတဲ့ တစ်ယောက်က ဆရာရဲ့ မိဘတွေနဲ့ သိတာ သေချာတယ် တကယ်ကြီး ပြန်တိုင်နေရင်ရော

Gulf - ဟင်................. Umm............ အဲ့ဒါက ဆရာ ရှင်းရမဲ့ အပိုင်းလေ

Mild မေးခွန်းကြောင့် Gulf အနည်းငယ် တွေဝေသွားပေမဲ့ စိတ်ထဲမှာ ရှိတဲ့ အတိုင်းပဲ ဖြေလိုက်သည်

ထိုအခါမှ အတန်ကြာအောင် တိတ်နေသည့် Boat ဆီမှ အသံထွက်လာတော့သည်

ထွက်လာသည့် စကားလုံးများကလည်း Gulf ကို shock ရစေသည့် စကားလုံးများသာ

Boat - ခဏ ခဏလေး မဟုတ်သေးဘူး Ai Gulf

Gulf - ဘာကို မဟုတ်သေးတာလဲ

Boat - တကယ်လို့ ဆရာရဲ့ မိဘတွေက မင်းနဲ့ တွေ့ချင်တယ် ဆိုရင်ရော

Gulf - မအားသေးဘူးတွေ ဘာတွေ ဂျင်းရမှာပဲ သွားတွေ့ဖို့မှ မဖြစ်နိုင်တာ

Mild - ဘာလို့လဲ

Gulf - ငါ နဲ့ ဆရာ နဲ့ တကယ် တွဲနေတာ မဟုတ်လို့ပေါ့ဟ

Boat - ကျောင်းထိ လာရှာရင်ရော

Gulf , Mild - ဟင်??

Boat - သူတို့ရဲ့ နာမည်ကြီး သားချောလေးက ရည်းစားရှိပြီ ဆိုရုံနဲ့တင် သူတို့ ဘယ်သူလဲ ဆိုတာ သိချင်နေလောက်ပြီ ခုက ယောကျာ်းလေးတောင် ဆိုတော့ သူတို့ မင်းကို တွေ့ချင်နေရင် မထူးဆန်းဘူးမလား

My Lovely One Where stories live. Discover now