Chapter - 12

1.5K 116 24
                                    

Gulf တစ်ယောက် Mew နောက်သို့ လိုက်ရင်း Cafe သို့ နောက်တစ်ခါ ရောက်သွားသည်

Cafe မှ Waiter ကတော့ ထွက်သွားတာ တစ်နာရီတောင် မကြာသေးပဲ နောက်တစ်ခေါက် ပြန်ရောက်လာသော Gulf ကို ကြောင်တောင်တောင်လေး ကြည့်နေသည်

Gulf လည်း Waiter ကို ကြောင်တောင်တောင်လေး ပြန်ပြုံးပြ လိုက်သည်

Mew - Gulf ဘာစားဦးမလဲ

Gulf - ကျွန်တော်လား Chocolate cake နဲ့ Ice Americano

ဆရာ နှင့် ကျောင်းသားမို့ ဆရာ ကို အားနာသင့်သည် ဆိုပေမဲ့ Mew က သူ့နာမည်ကို သုံးပြီး မိန်းကလေး တစ်ယောက်ကို ငြင်းလိုက်တာမို့ Gulf အားနာ မနေတော့ပဲ ဖြစ်သွားသော ကိစ္စနှင့် တန်အောင် မှာလိုက်သည်

ထို့နောက် Mew ကို ကြည့်ကာ စိတ်ထဲမှလည်း Mew သည် လူကြီးတစ်ယောက် ဖြစ်သည့်တိုင် သောက်သည့် Coffee က အစ လူကြီး ဆန်သည်ဟု Gulf တွေးနေလိုက်သေးသည်

Mew - သူပြောတဲ့ အတိုင်းပေးပါ ကျွန်တော်ကတော့ black coffee တစ်ခွက်

Waiter - ဟုတ်ကဲ့ ခဏစောင့်ပေးပါ

ထို့နောက် Mew  Gulf ကို ခေါ်ကာ ဆိုင်၏ ထောင့်ကျသော နေရာတွင် ထိုင်လိုက်သည်

Gulf လည်း စကားတစ်ခွန်းမှ မဆိုပဲ Mew နှင့် အတူ လိုက်ထိုင် လိုက်သည်

သို့သော် အချိန်တော်ကြာတဲ့ အထိ ဘာမှ မပြောသည့် Mew ကြောင့် Gulf နည်းနည်းလေး စိတ်ရှုပ်လာသည်

နောက် ၅ မိနစ်လောက် ကြာပြီးမှ Waiter က မှာထားသော မုန့်များကို လာချပေးသည်

ထိုအခါမှ Mew က Coffee ကို တစ်ငုံလောက် သောက်၍ စကားစပြောတော့သည်

Mew - အမှန်တော့ WaWa က ကိုယ့်ရဲ့ ညီမ တစ်ဝမ်းကွဲ

Gulf - Humm

ပြောတော့လည်း အစမရှိ အဆုံးမရှိ ပြောချင်သည့် နေရာက ဖောက်ပြောလိုက်သည့် Mew ကြောင့် Gulf စားနေသည့် Cake ပင် နှင်သွားသည်

Mew Gulf တစ်ယောက် Cake နှင်ပြီး Coffee ကို ကမန်းကတမ်း သောက်လိုက်သည်ကို မြင်မှ မိမိ စကား မှားနေမှန်း သိလိုက်သည်

Mew - Sorry ကိုယ်ပြောချင်တာက WaWa က ကိုယ့်ရဲ့ ဦးလေး နဲ့ အန်တီ ရဲ့ မွေးစားသမီး ကိုယ်နဲ့ဆိုရင် သွေးသားမစပ်ပေမဲ့ ဆွေမျိုးအရဆိုရင်တော့ ကိုယ့် ညီမပေါ့

My Lovely One Where stories live. Discover now