Chapter - 9

1.8K 115 10
                                    

Morning.... 9 A.M. .... Saturday....

Mild - ဒီနေ့က စနေနေ့လား အဲ့ဒါဆို ငါလေး အေးအေးဆေးဆေး ဆက်အိပ်လို့ ရသေးတာပဲ

Gulf - ဘာကို အေးအေးဆေးဆေး  ဆက်အိပ်မှာလဲ မနေ့က ငါတို့ game ဆော့တာ မင်းရှုံးတယ်နော်

Mild - အေပါဟ မင်းကလည်း ငါဆက်အိပ်ချင်သေးတယ်

Gulf - ဘာကို ဆက်အိပ်မှာလည်း ဟေ့ကောင် မနက်စာ သွားဝယ်တော့ ထ မြန်မြန် အော် မြန်မြန် ထပါဆိုနေ

Mild - အေပါဟ အေပါဟ တကယ်ပါပဲ လူက အိပ်ချင်ပါတယ်ဆို

Gulf - အေ ပြန်လာမှ ကြိုက်သလောက် အိပ် ထမင်း အငတ်ခံပြီး အိပ် သေတဲ့ထိ အိပ် အဲ့ဒါဆို မင်းပြန်နိုးစရာကို မလိုတော့တာ

Mild တစ်ယောက် စနေနေ့ မနက်မို့ မနိုးတမ်း  ဆက်အိပ်ချင်သေးသော်လည်း Gulf က သူ့ မနက်စာ မရမချင်း မရပ်မနား ဆက်ရွတ်နေမည်ကို သိနေသောကြောင့် မနက်စာဝယ်ရန်သာ အမြန် ပြင်ဆင်တော့သည်

Mild - ငါသွားပြီ ဘာမှ ထပ်မမှာဘူး မလား

Gulf - အေ ထုံးစံအတိုင်းပဲနော်

Boat - ငါရော ထုံးစံအတိုင်းပဲ

Mild - အေ သွားပြီ

Mild ထွက်သွားသည်နှင့် Gulf မျက်လုံးများက Boat ဆီ ရောက်လာတော့သည်

Boat က ဘာလဲဆိုသည့် သဘောဖြင့် မေးငေါ့ပြသော်လည်း ဘာမှ မပြောပဲ စူးစိုက်၍သာ ကြည့်နေသော Gulf ကြောင့် နေရခက်လာသည်

Boat - ဘာလဲဟ Ai Gulf ငါ နေရခက်လာပြီ

Gulf - Ai No မလား

အစမရှိ အဆုံးမရှိ မေးလိုက်သော Gulf မေးခွန်းကြောင့် Boat တော်တော် ကြောင်သွားသည်

စိတ်ထဲတွင်လည်း ဒီကောင် မနက်စာ မစားရသေးလို့ အစာလွန်ပြီး ဦးနှောက်ချောင် သွားတာလားဟု တွေးနေသေးသည်

Boat - ခဏ Ai Gulf မင်း ငါ့ကို နားလည်အောင် မေးလို့ ရလား

Gulf - ငါမေးခွန်းက Ai No ဟုတ်တယ်မလား မင်းကြိုက်နေတဲ့လူက

Gulf မေးခွန်း အဆုံးတွင် Boat အချိန်တွေ စက္ကန့်ပိုင်းလောက် ရပ်သွားသည်ဟု ထင်လိုက်မိသည်

My Lovely One Место, где живут истории. Откройте их для себя