Chapter - 2

3.3K 137 7
                                    

Gulf - ဘုရား တရား သံဃာ တော်သေးတာပေါ့ ကျောင်းတံခါး ပိတ်တော့မို့

Mild - ဟူး မောလိုက်တာ မာရသွန် ဝင်ပြိုင်ရင် ငါတို့ 1 2 3 ရပြီး နိုင်လောက်တယ် အား သေတော့မှာပဲ

Boat - ဟျောင့်တွေ စိတ်ချမ်းသာ မနေနဲ့ဦး ကျောင်းထဲပဲ ရောက်သေးတာ အတန်းထဲ မရောက်သေးဘူး ငါတို့ အဆောင်ရောက်ဖို့ ထပ်ပြေးရဦးမှာ

Mild - ချီးပဲ မောနေပြီပါဆို ချွေးတွေလည်း ရွှဲနေပြီ ငါဘာကြောင့် ရေချိုးခဲ့မှန်းတောင် မသိတော့ဘူး ရေမချိုးရင်တောင် အေးဆေးမှီဦးမယ်

Gulf - စောက်စကား များမနေကျနဲ့တော့ အဲ့စောက်စကား များနေရင်လည်း အချိန်ကုန်တယ်  မြန်မြန်ပြေးရအောင် ဒီနေ့ ငါတို့ uni ပထမဆုံး တက်ရမဲ့ နေ့ဆိုတာ မမေ့နဲ့ဦး

Boat - အေ မြန်မြန် ပြေးရအောင် ပြေး

Mild - ဟာ ဟို ၂ ကောင် စောင့်ဦးလေ ချီးပဲ

ဤသို့ဖြင့် Boat Mild Gulf မှာ မလျှော့သော အရှိန်ဖြင့် အတန်းဆီသို့ ထပ်ကာ ပြေးသွားကျတော့သည်

....................................................................

Mew တစ်ယောက် ကျောင်းစဖွင့်သော နေ့တွင် 1st year တန်းကို ဝင်ရမည် ဆိုသောကြောင့် သင်ရိုး စာအုပ်များကို သယ်ကာ 1st year ဆောင်သို့ လျှောက်လာလိုက်သည်

ထိုစဉ် ခြေသံများကို ကြား၍ နောက်လှည့်ကြည့်လိုက်သောအခါ ကျောင်းသား ၃ ယောက် နောက်မှ ခွေးလိုက်သလို ဝရုန်းသုန်းကား ပြေးလာနေသည်ကို မြင်လိုက်ရသည်

Mew မှာလည်း မိမိမှ မရှောင်လျှင် ဝင်ကို တိုက်သွာတော့မည်ဟု ထင်ရသော ကျောင်းသား၏ ပုံစံကြောင့် ဘေးကို ရှောင်ပေးလိုက်သည်

ဟိုကလေးတွေက ရွဲ့တာလား ဘာလားတော့ မသိပေမဲ့ ကျေးဇူးတောင် တင်လိုက်သေးသည်

Boat - ကျေးဇူးပဲဗျ

Mild - ကျေးဇူးတင်ပါတယ် ဆရာ

Gulf - တောင်းပန်ပါတယ်ဗျ

Mew - ဘုရားရေ အခုခေတ် ကလေးတွေများ မျောက်နဲ့ စပ်မွေးထားသလား ထင်ရတယ် ငါ့အတန်းထဲကတော့ မဟုတ်လောက်............

My Lovely One Where stories live. Discover now