Chapter - 11

1.7K 126 21
                                    

Gulf တစ်ယောက် မနက် နိုးလာသည်နှင့် ခါတိုင်းလို ပျင်းကြောဆန့် မနေတော့ပဲ ချက်ချင်း ထကာ မျက်နှာသစ်ပြီး အဝတ်အစား အမြန်လှဲတော့သည်

ထို့နောက် Boat နှင့် Mild ကိုတောင် မစောင့်တော့ပဲ ပျောက်နေသော phone ကို ရှာရန်အတွက် မနေ့က ဆရာနှင့် ထိုင်ခဲ့သော cafe သို့ ပြေးတော့သည်

Mild လည်း Gulf ၏ မိမိတို့ကို စောင့်မှာ မဟုတ်ကြောင်း သိသာနေသော ပုံစံကြောင့် Gulf ကို တားတော့သည်

Mild - ဟေ့ကောင် Ai Gulf စောင့်ဦးဟ

Gulf - မစောင့်တော့ဘူး မင်း Ai Boat နဲ့ တူတူလာခဲ့လိုက် ငါ အလျင်လိုနေတယ်

Mild - ဒါပေမဲ့ Senior က ငါတို့ကို မနက်ခင်း ဘောလုံးလေ့ကျင့်ဖို့..........................

Mild စကားမဆုံးခင် Gulf ကတော့ phone ရှာရန် လျင်မြန်စွာ ထွက်သွားလိုက်ပြီ ဖြစ်သည်

Mild - ချီး ဒီကောင်ကတော့ စကားတောင် မဆုံးသေးဘူး ဘာလို့ ခုမှ အဲ့လောက် အလျင်လိုနေတာလဲ မနေ့ကတော့ သွားရှာလိုက်ပါ ပျောက်နေမယ် ဆိုပြီး သွားရှာခိုင်းတာတောင် မအားသေးဘူး အိပ်ချင်တယ် ဆိုပြီး အေးဆေးလုပ်နေတာကို

Boat - Phone နဲ့ တစ်ညလောက် ခွဲရတော့ လွမ်းနေပြီနေမှာပေါ့

Mild - အင်းးးးးးး ထားပါတော့ အဲ့ဒါဆိုရင်လဲ မင်း နဲ့ ငါ ပဲ သွားကျတာပေါ့ ဟိုစောက်ကျင့် မကောင်းတဲ့ ကောင်ကို ထားလိုက်တော့

Boat - Omm သွားရအောင်

စကားကို သံရှည်ဆွဲကာ နှုတ်ခမ်းဆူပြီး ချစ်စရာကောင်းအောင် ပြောနေသော Mild ကြောင့် Boat အရမ်း အသဲယားနေပေမဲ့ သူငယ်ချင်းဆိုသည့် သန်မာသော စည်းပါးပါးလေးကြောင့် ခံစားချက်တွေကို သေချာလေးခေါက်ကာ သိမ်းထားလိုက်သည်

တစ်ဘက်တွင်လည်း Gulf တစ်ယောက် အဆောင်က အထွက်တွင် အလျင်လိုနေသလောက် အဆောင်ပြင်ရောက်မှ ခြေလှမ်းတွေကို နှေးလိုက်ကာ အေးဆေးလျှောက်နေလိုက်သည်

အမှန်တော့ Gulf အကောင်းဖြင့် Boat နှင့် Mild ကို အတူတူရှိနေစေချင်သောကြောင့် ဖြစ်သည် 

Gulf - အခု ငါလေးတတ်နိုင်တာက အဲ့ ၂ ယောက်ကို ၂ ယောက်တည်း နေဖို့ အချိန်အများကြီး ရှာပေးရမှာပဲ အဲ့အချိန်မှာ Boat သာ Mild ကို ကောင်းကောင်း ဂရုစိုက်နိုင်ရင် ဟိုကောင် ကြွေလောက်တယ် တော်လိုက်တာ ငါလေးက

My Lovely One Tempat cerita menjadi hidup. Temukan sekarang