Chapter - 15

1.6K 143 19
                                    

Gulf တစ်ယောက် Mew တို့ အိမ်၏ ခြံပြင် မှ ခြံထဲ ခြံထဲ မှ အိမ်ရှေ့ ရောက်သည် အထိ ပါးစပ် ဟ၍သာ လိုက်ကြည့်နေမိသည်

Mew တို့၏ မိသားစုက အရမ်းချမ်းသာသည်ကို Gulf သိပေမဲ့ ဒီလောက်ထိ ရူးရူးမူးမူး ချမ်းသာမည်ဟု Gulf ဘယ်တုန်းကမှ မတွေးဖူးသောကြောင့်လည်း ဖြစ်နိုင်သည်

ဒီလိုတွေ့တော့လည်း Mew ၏ ဦးလေး အမွေလိုချင်နေသည်မှာ နည်းနည်းလေးမှ မထူးဆန်းဘူးဟု ခံစားလိုက်မိသည်

တကယ် သောက်ကျိုးနဲ ကြီးကို ချမ်းသာသော မိသားစုပင် Mew တို့၏ တစ်ခြံလုံးက အခန်းပေါင်း ၁၀၀ ရှိသည့် Gulf တို့၏ restaurant ရဲ့ ခြံနီးနီးကို ကြီးသည်

ဒါတောင် အိမ်ထဲ မဝင်ရသေးပေ အိမ်ထဲ ဝင်ရင် Gulf အံ့သြစရာတွေ များလွန်းလို့ ပါးစပ်တောင် စိနိုင်မှာ မဟုတ်လောက်ဘူးဟု တွေးလိုက်မိသည်

Gulf ထင်သည့် အတိုင်းပင် အိမ်ထဲ ရောက်သည်နှင့် Gulf အံ့သြလွန်းသောကြောင့် ပါးစပ်ဟရပြန်သည်

သို့သော် ဒီတခါ အံ့သြရခြင်း အကြောင်းရင်းက အိမ်ကြီး၏ ခန်းနားမှုကြောင့် မဟုတ်ပဲ ဆရာ Tong နှင့် အတူရပ်နေသော မိမိတို့၏ ဌာနမှ တတိယနှစ် Star မမကြောင့် ဖြစ်သည်

Gulf တော်တော်လေးကို အံ့သြသွားပေမဲ့ စိတ်ကို ငြိမ်အောင် ထားပြီ ပြန်တွေးကြည့်လိုက်တော့ ဘာမှ မထူးဆန်းဘူးဟု ထပ်မံ ခံစားလိုက်ရသည်

ဒီ ၂ ယောက်က အသက် အနည်းငယ် ကွာပေမဲ့ ကြည့်လိုက်လျှင် အသက်ကွာနေမှန်းတောင် လုံးဝ မသိသာပဲ အလွန်ကို လိုက်ဖက်သော အတွဲဖြစ်သည်

ဆရာ Tong လို တည်ကြည်ဖြောင့်မတ်သော ယောက်ျားကောင်း တစ်ယောက်နှင့် Senior Kim လို ပြိုင်ဖက်ကင်း လှကာ ဘက်စုံတော်သော မိန်းကလေး တစ်ယောက် သူတို့ ၂ ယောက်မှ မလိုက်ဖက်လျှင် ဒီကမ္ဘာပေါ်မှာ လိုက်ဖက်သည် ဟူသော အတွဲများလည်း မရှိလောက်တော့ပေ

ဒါကြောင့် Senior Kim က ဘယ်သူပဲ သူ့ကို ဘယ်လောက် လိုက်လိုက် အကုန်ငြင်းနေတာကိုး Gulf တောင် Senior Kim ကို လိုက်ဖို့ စဉ်းစားဖူးသေးသည်

Senior Kim က ဌာန၏ Star တင် မဟုတ်ပဲ ကျောင်း၏ Star ရာထူးကို ရထားသူဖြစ်သည်

My Lovely One Where stories live. Discover now