Chapter - 16

1.6K 123 14
                                    

Gulf Mew နောက်သို့ လိုက်ရင်း Mew တို့ ချိန်းဆိုရာ အရက်ဆိုင်သို့ ရောက်သောအခါ Hiter နှင့် Kaownah အပြင် အထက်တန်း ကျောင်းသားဟု ထင်ရသော ကလေး ၂ ယောက်ကိုပါ တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားကာ ဒီဆိုင်က အသက်မပြည့်လည်း ပေးဝင်တာလားဟု တွေးမိသွားသည်

သို့သော် ထိုအံ့သြမှုက Mew ၏ နှုတ်ဆက်စကား အပြီးတွင် ပို၍ ကြီးပွားလာသည်

ဆရာ ၂ ယောက်၏ ညီဖြစ်မည်ဟု Gulf ထင်ထားသော ကလေး ၂ ယောက်မှာ ညီမဟုတ်ပဲ ထိုထက်ပိုသော ဆက်ဆံရေး ရှိကြောင်း သိလိုက်ရခြင်းကြောင့် ဖြစ်သည်

Mew - မင်းတို့ကွာ မင်းတို့ရဲ့ အသက်မပြည့်သေးတဲ့ ကောင်လေးတွေကို အရက်ဆိုင် ခေါ်လာပြန်ပြီလား

Hiter - haha ငါတို့ကို အဲ့တိုင်းပြောနေရအောင် မင်းကောင်လေးကလည်း 1st year ဆိုတော့ အသက်ပြည့်ပြီးတာ သိပ်မကြာလောက်သေးပါဘူး

Kaownah - အေလေ ငါရဲ့ Bo လေးလည်း ပြည့်တော့မှာပါ နောက် ၂ နှစ်လောက်ပဲ လိုတော့တာ

Turbo ရဲ့ ဆံပင်ကို ဆွဲဆောင်မှု ရှိရှိ ပွတ်သပ်ကာ ပြောနေသော Kaownah ကို ကြည့်ရင်း Gulf စိတ်ထဲတွင် ဒီဆရာတွေ Jail မကြောက် ဘာမကြောက်နဲ့ တော်တော် စွန့်စားရဲကျတာပဲဟု တွေးလိုက်မိသည်

Gulf ဒီနေ့အဖို့တော့ မနက် အိပ်ယာနိုးသည်မှ စ၍ ယခုချိန်ထိ အံ့သြစရာတွေ များလွန်းသောကြောင့် အိပ်မက် မက်နေသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိသည်

Gulf ငြိမ်နေသည်ကို သတိထားမိသော Mew က Gulf ကို လက်ဖြင့် တို့လိုက်ကာ အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်

Mew - ကဲ ကဲ စမနေနဲ့တော့ ဒီကလေးက ငါ မင်းတို့ကို ပြောပြတဲ့ ငါအကူအညီ တောင်းထားတဲ့ ကလေး

Kaownah - အဲ့တော့ မင်းရဲ့ ဦးလေး နဲ့ အန်တီက ယုံလားတဲ့

Mew - မဆိုးဘူး P Tong ပါ ဝင်ပြောပေးတော့ အေးဆေးပြီးသွားတယ်

Hiter - သူတို့ ဒီလောက်နဲ့ ရပ်သွားမယ်လို့ မင်းထင်လား

Kaownah - ငါတော့ မထင်ဘူး

Mew - ရတဲ့ နည်းနဲ့ လိုက်ခွဲမယ် ထင်တယ် အဲ့ဒီလိုသာ ဆိုရင် P Tong မှာ အန္တာရာယ် အများဆုံးပဲ WaWa က အစတည်းက P ကို ကြိုက်နေတာဆိုတော့ P ဘက် ပြန်လှည့်သွားနိုင်တယ်

My Lovely One حيث تعيش القصص. اكتشف الآن