မြတ်မင်းလေးဆီက အဖြေရရချင်း ဆတ်ခနဲကောက်ပွေ့ပြီး ချီလိုက်သည်က အာကာ။
ဒီကလေး မြန်မြန်ဟိုဘက်အိမ်ရောက်မှကို ဖြစ်တော့မှာ။မနက်ဖြန်ဆိုင်ကယ်လိုက်စီးပေးမယ်ဆို
တဲ့စကားကိုလည်း သေချာအောင်ထပ်မေးသွားသည်။ယောက္ခမကြီးအိမ်ရောက်တော့ အန်တီတစ်ယောက်ထဲမို့ မြတ်မင်းကို လာပို့ပေးတာဆိုပြီး မှင်သေသေပြောကာ ထားခဲ့သည်။
အဓိကက သူနဲ့ ဒီရေ နှစ်ယောက်ထဲရှိဖို့ အရေးကြီးသည်။"ကိုကို ပြန်လာပြီလား ကျွန်တော်က အမေနဲ့စကားပြောအုံးမယ်ထင်နေတာ"
အိပ်ယာကိုသေချာဆွဲဆန့်ပြီး အာကာကိုလှမ်းမေးလိုက်သည်။
"ဟုတ်တယ် အမြန်ပြန်လာတာ အဲ့ကောင်စုတ်လေး
အိမ်ကို ရောက်ထဲက ဘာကိုမှမဘာရသေးဘူးလေ"ဒီရေ သဘောတကျနဲ့ရယ်ကာ.......
"ဘာလဲ ကိုကိုက အဘာခံချင်လို့လား"
"ကြိုးစားကြည့်လေ ဘယ်သူက အဘာခံရမလဲဆိုတာ"
မွေ့ယာပေါ်တွန်းလှဲပြီး ငုံ့မိုးလိုက်သည်။
ဖြောင့်စင်းနေသည့်နှာတံနုနုလေးကို
တတိတိ ကိုက်လိုက်တော့ တွန့်တွန့်လူးနေရှာသည်။"ကိုကို မကိုက်နဲ့ဗျာ နာတယ်"
"ဒီစကားကို အမြဲတမ်းပြောနေရတာမရိုးသေးဘူးလား"
"အဲ့တာဆို ကိုကိုမကိုက်နဲ့လေ ကျွန်တော်မပြောရတော့ဘူးပေါ့"
တစ်ကိုယ်လုံးကို ကိုက်မှာဆိုတဲ့ စကားသံအဆုံး ဒီရေရဲ့
အော်သံဟာ ခပ်တိုးတိုး ပျံ့လွင့်နေတော့သည်။************************************
"ကိုကို ကိုကို"
အခန်းတံခါးကို ရိုက်သံသဲ့သဲ့နဲ့ ခေါ်သံသဲ့သဲ့ကြောင့်
ဒီရေ စောင်ပုံထဲကနေ မနည်းနားစွင့်နေမိသည်။"ကိုကို ကိုကို ထအုံးမြတ်မင်းလေး ပြန်လာပြီထင်တယ်
တံခါး သွားဖွင့်ပေးလိုက်အုံး"ညက အကဲလွန်ပြီး မိုးလင်းခါနီးမှအိပ်စက်အနားယူကြတာမို့ နှစ်ယောက်လုံး မထချင်ပေ။နောက်ဆုံးတော့လည်း
အာကာပဲ မထချင်ထချင်နဲ့ တံခါးသွားဖွင့်ပေးရသည်။
YOU ARE READING
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)
အပိုငျး ၄၀/အပိုင်း ၄၀
Start from the beginning