First Love Part_4 Final

663 37 2
                                    

First Love  Part_4 Final

(Zawgyi)

လက်ထပ်ပွဲနေ့...

Kitနှင့်သူ့ရဲ့လက်ထပ်ပွဲ...သူကိုင်တိုင်စီစဉ်ခဲ့သည့်ပွဲလေးက ခမ်းခမ်းနားနားမဟုတ်ပေမဲ့..လာသူတိုင်းအံ့သြရသည့် အပြင်ဆင်လေး...နှစ်ဖက်စလုံးရဲ့အသိတွေချည်းဖိတ်ကြားထားသည်မို့ ပွဲလေးကစည်စည်ကားကား..။

သူတို့ကိုသဘောတူသည့်ဆွေမျိုးမိတ်တွေများရှိကြသလို..ရှေ့မှာတော့ပြုံးပြပြီးနောက်ကွယ်ကျ အတင်းပြောသည့်မိတ်ဆွေရပ်မျိုးတွေလည်းပါကြသည်..ဘာပဲဖြစ်ဖြစ်..သူဂရုမစိုက်ပါ..သူဂရုစိုက်တာဆိုလို့..သူ့ကလေးတစ်ယောက်သာ...။

"အာ..Kit.."

သူ့ရဲ့သတို့သားလောင်းလေးကိုတွေ့ချင်ဇောနဲ့ သတိုးသားလေးရှိရာအလြှပင်ခန်းသို့ မပြေးရုံတမယ်သွားလိုက်သည်..။

ထိုကောင်လေးကိုဘာလို့လက်ထပ်လဲဆိုတဲ့အဖြေက..အဖြေကချစ်လို့..သူKitကိုချစ်ခဲ့လို့..သူ့စိတ်ကိုသိပြီးနောက် သူKitကို ပိုင်ဆိုင်ဖို့ကြိုးစားခဲ့သည်.. အချစ်..အချစ်အကြောင်းပြောလို့ဘယ်သူကနားလည်ပါ့မလဲ..သူ့ပတ်ဝန်းကျင်မှာ တည်ဆောက်ခဲ့ကြသည့် အိမ်ထောင်ရေးတွေက စီးပွါးရေးသာသာ....။

"Kit..."

"ဟင်.."

သူတံခါးကိုဖွင့်လိုက်တော့မြင်လိုက်ရသည့် သတို့သားလေးကြောင့် သူရင်တွေခုန်လာခဲ့သည်...။

"ချစ်ဖို့ကောင်းလိုက်တာကွာ..."

အဖြူရောင်အနောက်တိုင်းဝတ်စုံလေးနှင့်ဖြူသန့်နေသည့် သူသတို့သားလေး..ကြည့်အုန်းလေပြင်ထားသည့်သူ့သတို့သားလေးကို..

ဆံပင်လေးကိုမို့မို့လေးပြင်ထားပေးတာမှိုလုံးလေးအလား..ဝိုင်းစက်နေတဲ့မျက်ဝန်းလေးကို အမဲရောင်လေးနဲ့ပိုပြီးဝိုင်းနေအောင်ခြယ်ထားပေးသေးတယ်..ပြီးတော့..နှုတ်ခမ်းလေးကိုလည်း..အရောင်လေးခြယ်ထားလိုက်တာ..သူ့အကြည့်တွေက နီဖူးဖူးနှုတ်ခမ်းသားလေးတွေဆီ..
တစ်ကိုယ်လုံးခြုံကြည့်လိုက်ရင် သူ့ ကလေးလေးက အသက်မပြည့်သေးတဲ့ ကလေးလေးတစ်ယောက်လို..။

"ချစ်ဖို့ကောင်းလိုက်တာကွာ..."

Kit..သူ့ကိုစိုက်ကြည့်နေသည့်P'singကြောင့် သူ့ကိုယ်သူမလုံ..။

KristSingto Memo Story💕 [Z/U]Where stories live. Discover now