First Love Part_1

538 24 0
                                    

First Love  Part_1

(Zawgyi)

ဆောင်းဉီးနေ့အစပိုင်းကစပြီး သူ့ရင်ထဲအချစ်ဆိုတာရောက်လာခဲ့၏..အချစ်ဉီး..အချစ်ဉီးလို့ဆိုလို့ရပေမဲ့ သူ့ရဲ့အချစ်ဉီးကတော့ သူများတွေလို လွမ်းတမောမောပြောပြနေစရာမလို..အင်း သူ့အချစ်တွေက သူ့အတွက်သာမက သူ့ပတ်ဝန်းကျင်အတွက်ပါ ဖြစ်နိုင်ဖွယ်မရှိ..သူချစ်မိခဲ့သည့် အချစ်ဉီးက...။

"Kit..Kit.."

ခြံရှေ့ကနေအော်ခေါ်နေသည့် P'Singကြောင့် သူ ချက်ခြင်းအိပ်ခန်းထဲကထကာခြံရှေ့ကိုထွက်လာလိုက်သည်...။

"P'sing..ဘာကိစ္စရှိလို့လဲ.."

"Kit..အန်တီတို့နယ်ဘက်ခရီးထွက်သွားတယ်ဆို.."

"အင်းလေ..ဒီမနက်ကပဲ..ဘာဖြစ်လို့လဲ.."

"ဘာလို့ကိုယ့်ကိုမပြောတာလဲ.."

"ဘာလို့ကျတော်ကပြောရမှာလဲ..Maeတို့Porတို့နယ်ဘက်သွားတယ်ဆိုတာပုံမှန်ပဲလေ.."

"Kit..အဲ့တာဆိုအခုတစ်ယောက်တည်းပေါ့..ဟုတ်လား.."

"အင်းလေ..ကျတော်တစ်ယောက်တစ်ယောက်တည်းပေါ့..P'singဘာတွေလာပြောနေတာလဲ..."

ထူးဆန်းသည့်စကားတွေမို့..သူ့စိတ်တွေညစ်ချင်လာသည်..Maeနဲ့Porကအရင်လည်းဒီလိုသွားနေကြ..ပြီးတော့သူလည်းအမြဲတစ်ယောက်တည်းနေနေကျ..ဒါကိုအထူးအဆန်းလိုလာပြောနေသည့်P'sing..ပြီးတော့ P'singပုံစံကတစ်မျိုး..။

"Kit..ကိုယ့်ကိုအိမ်ထဲပေးမ၀င်တော့ဘူးလား.."

"ပြောစရာမှမရှိတော့တာကို..၀င်အုန်းမလို့လား..ကျတော်စာလုပ်ရအုန်းမယ်..ကျတော်သွားတော့မယ်.."

"နေ..နေအုန်းလေ..Kit..Kit.."

သူ့ရှေ့ကထွက်သွားသည့်Kitကိုကြည့်ပြီးသက်ပြင်းချလိုက်သည်...။

တစ်ဖြေးဖြေးစိမ်းသက်လာသည့်စကားတွေ..အပြုအမူတွေက သူသိခဲ့သည့်Kitနှင့်လားလားမှမတူ..သူသိသည့်Kitဆိုတာ..အပြုံးချိုလေးနဲ့သူ့ကိုအမြဲဆိုးချင်နေသည့် ကောင်လေးတစ်ယောက်..သူ့နားအမြဲတမ်းကပ်ချင်နေသည့်ကောင်လေးတစ်ယောက်..။

အခုKitက..လူကြီးဆန်ကာ သူ့ကို အမြဲသူစိမ်းဆန်သည့်စကားတွေချည်းရွေးပြောသည်..သူစိမ်းဆန်သည့်အပြုအမူတွေကိုသာရွေးလုပ်နေသလို..အခုလည်း သူ့ကို ခြံထဲတောင်ပေးမ၀င်သည့်ကောင်လေးက သူစိမ်းဆန်စွာပင် သူ့ကိုထားသွားခဲ့ပြန်ပြီ...။

KristSingto Memo Story💕 [Z/U]Where stories live. Discover now