မ​ပြောင်းလဲ​သော.. Part_1

1K 50 1
                                    

မ​ပြောင်းလဲ​သော.. Part_1

(Zawgyi)

မိုး​ရေစက်​တွေ​မြေပြင်​ပေါ်တရစပ်​ကျ​နေတဲ့အ​ခြေ​နေတစ်​ခု..အို့မှိုင်းလွန်းပြီး..​လေပြင်း​တွေပါတိုက်​ခိုက်​နေ​ပေမဲ့..ကားဂိတ်​တစ်​ခုရဲ့ခုံ​ပေါ်မှာ..​ခေါင်းကိုစိုက်​ကျပြီး..အရုပ်​တစ်​ရုပ်​လိုငြိမ်​သက်​နေတဲ့သက်​ရှိလူသား..Singto..။

သူရဲ့အ​နေထားကို ပုံမှန်​ရာသီဥတုဆို သိသာစွာမြင်​နိုင်​ပေမဲ့..အုံမှိုင်းပြီး​လေပြင်းပါတိုက်​နေတာ​ကြောင့်​..လူ​တော်​တော်​တော်​များများက​တော့သူ့ကို​ကျော်​ပြီး ကား​ပေါ်အလုယက်​တတ်​သူကတတ်​..သူ့​ရှေ့က ဖြတ်​သူကဖြတ်​..
သူက​တော့..ဘယ်​သူ​တွေဘာပဲလုပ်​လုပ်​..ဘာပဲဖြစ်​ဖြစ်​..​ကျောက်​ရုပ်​တစ်​ခုလိုငြိမ်​သက်​နေဆဲပင်...။

ဒါ​ပေမဲ့ သူတို့​တွေမမြင်​နိုင်​တဲ့အရာက​တော့..
သူမျက်​ဝန်းထဲက..စီးကျ​နေတဲ့မျက်​ရည်​တွေကိုပဲ..သူ့မျက်​ဝန်းထဲကမျက်​ရည်​တွေက..မိုး​ရေ​တွေနဲ့အပြိုင်​စီးကျ​နေသည်..သူ့ရင်​ဘတ်​ထဲမှာ​တော့..ရာသီဥတုနဲ့အပြိုင်​ပြိုလဲ​နေခဲ့သည်..သူ့ရဲ့စိတ်​တွေက​တော့အတိတ်​တွေဆီကိုဦးတည်​နေခဲ့သည်..။

"ကျမရှင်နဲ့လမ်းခွဲ​တော့မယ်​Singto.."

ပြော​နေတဲ့သူမကိုကြည့်​လိုက်​တော့ ဆုံးဖြတ်ချက်​တစ်​ခုကိုခိုင်​မာစွာဆုံးဖြတ်​ပြီ​ပြော​နေတဲ့မျက်​နှာထားတစ်​ခု..။

"ဘာလို့လဲ..ဘာအ​ကြောင်းပြချက်​နဲ့ငါ့ကိုမင်းလမ်းခွဲစကား​ပြောတာလဲ..အ​ကြောင်းပြချက်​ခိုင်​လုံရင်​..ငါမင်းနဲ့လမ်းခွဲမယ်​..ဆက်​မတွဲနိုင်​တော့ဘူးဆိုတဲ့အ​ကြောင်းပြချက်​တွေ..မ​ရေရာတဲ့အ​ကြောင်းပြချက်​တွေနဲ့ငါ့ကိုမင်းထားခဲ့ဖို့မစဉ်းစားနဲ့.."

ကောင်​မလေးပြောစကားကို..မ​ကျေနပ်​တဲ့မျက်​ဝန်း..​ဒေါသ သံကိုထိန်းပြီး​ပြော​နေတဲ့Singto..။

သူ့ကိုကြည့်​လိုက်​တာနဲ့သူဘယ်​လောက်​ထိ​ဒေါသထွက်​နေတယ်​ဆိုတာသိနိုင်​လောက်​တဲ့အထိသူ့ပုံကပြင်းထန်​နေတယ်​..။

"ဟုတ်​တယ်​..ရှင့်​ကိုတွဲ​နေရတာကျမစိတ်​ကုန်​နေပြီ..ပြီး​တော့ကျမ​နောက်​တစ်​ယောက်​ရ​နေပြီ..ရှင်​က..ကျမရှင်​တို့နှစ်​ယောက်​လုံးကိုပြိုင်​တူတွဲဖို့​မျှော်​လင့်​နေတာလား"..

KristSingto Memo Story💕 [Z/U]Hikayelerin yaşadığı yer. Şimdi keşfedin