နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_2

295 34 0
                                    


(Zawgyi)

"သားသား..Papaတို့ထွက်​ပြေးကြမလား..ဟိုဦးဦးလူဆိုးဆီက.."

သားသားကိုတိုးတိုး​လေးကပ်​ပြော​နေရင်း​..အင်္ကျီ လဲ​ပေး​နေ​သောသူ..။

"သားသားတို့ဘယ်​ထွက်​ပြေးကြမလဲ..Papa.."

တိုးတိုး​လေးနှင့်​သူ​ပြောသည့်​အတိုင်းလိုက်​ပြော​နေ​သော သားသားကိုကြည့်​ရင်းရယ်​လိုက်​သည်..။

ရေချိုးပြီးကာစမို့ အသား​လေး​တွေ​အေး​နေကာလုံးအိ​နေ​သော..သားသားကိုlotion​လေးလိမ်း​ပေးကာ​မွှေးကြူလိုက်​သည်​..။

"အ့..Papaယားတယ်​.."

"ဟုတ်​လား..ယားလား.."

"ခစ်​ခစ်​..Papa..ယားတယ်​..Papaရဲ့ ခစ်​ခစ်​.."

သားသားကလိထိုး​နေရင်း​မွှေးကြူ​နေ​တော့..သားသား​လေးသ​ဘောကျရယ်​နေသည်​..။

"အဲ့တာ..ဘာဖြစ်​နေတာလဲ.."

အသံကြားရာသားသားနှင့်​အတူကြည့်​လိုက်​တော့..တံခါး​ဘောင်​ကိုမှီကာ..လက်​ပိုက်​ရင်း..သူ​တို့သားအဖကိုကြည့်​နေ​သော..ထိုလူ..Singto Prachaya..။

"သားသားနဲ့​ဆော့​နေတာ​လေ.."

နှုတ်​ခမ်း​ထော်​ကာ..ရန်​လုပ်​လိုက်​သောထို​ကောင်​လေးနည်းတူ..မျက်​စောင်းထိုးကာ..ထပ်​ပြောလိုက်​သော..သား..။

"ဟုတ်​တယ်​..Papaနဲ့​ဆော့​နေတာ.."

နှုတ်​ခမ်းတ​ထော်​ထော်​နဲ့ရန်​လုပ်​နေ​သော ထိုသားအဖကို သူဘယ်​လိုလုပ်​ရမည်​နည်း..။

သားက​တော့ငယ်​သေးလို့ထားပါ​တော့..သူကပါ..ဘာလို့နှုတ်​ခမ်း​ထော်​နေရတာလဲ..သူ့မှာ..သားနှုတ်​ခမ်း​ထော်​တာ​လေးကိုချစ်​ဖို့​ကောင်းလိုက်​တာလို့မြင်​သည့်​နည်းတူ..သူ့ကိုပါချစ်​စရာ​ကောင်​သည်​ဟုမြင်​လာသည်​မှာ..ခဏခဏ..။

"​ဆော့​နေတာ​တော့သိတာ​ပေါ့..Kit..မင်း..သားကို..​ရေအကြာကြီးစိမ်​ချိုး​ပေးပြန်​ပြီလား..ကိုယ်​က​တော့​အောက်​မှာ ထမင်းစားမလို့​စောင့်​နေရတာ..မင်းတို့သားအဖက​ရေချိုးမယ်​ဆိုပြီးတတ်​သွားလိုက်​တာ..ကိုယ့်​ကို​တောင်​သတိရ​သေးရဲ့လား.."

KristSingto Memo Story💕 [Z/U]Where stories live. Discover now