နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_3

323 30 0
                                    


(Zawgyi)

Singto သူမ​နေ့က​သောက်​တာများ​ပေမဲ့ သူ အားတင်းပြီးထသည်​..ပြီး​တော့..​ရေမိုးချိုးကာအပြင်​ထွက်​ရန်​ပြင်​ဆင်​သည်​..​။

အောက်​ဆင်းလာ​တော့..သားကိုမနက်​စာ ခွံ့​ကျွေး​နေ​သော..ထို​ကောင်​လေး..မျက်​လုံး​တွေကလည်းမို့​နေလိုက်​တာ..အင်း​ပေါ့သူဆုံးဖြတ်​ထားသည်​ကိုမ​နေ့ကဘာ​ပြောခဲ့သည်​ပဲ..သူကသာ ခုချိန်​ထိ ဆုံးဖြတ်​လို့မရ​သေးခဲ့တာ..ခု​သေချာ​အောင်​သွားဆုံးဖြတ်​ရန်​သူအပြင်​သွားခြင်းပင်..။

"ဦးဦး..မုန့်​လာမစားဘူးလား.."

ပလုတ်​ပ​လောင်းစား​နေသည့်​သား ကျ​တော့်​ကို​တွေ့သွား​တော့​မေးသည်​..။

"အင်း..သား..ဦးအပြင်​သွားမလို့.."

သားကို​ပြော​နေရင်း..Kitကိုကြည့်​တော့ မျက်​နှာလွှဲလိုက်​သည့်​သူ..ထားပါ..သူကျ​တော့်​ကိုကြည့်​ချင်​စိတ်​မရှိ​လောက်​..။

ကားကိုစက်​နိုးကာသာ..သူထွက်​ခဲ့လိုက်​သည်​..သူ​သေချာသည့်​အရာကိုရှာ​ဖွေရမည်​လေ..
တစ်​နေရာ​ရောက်​တော့..ကားကိုစက်​သတ်သည်​..ပြီးမှဆိုင်​ထဲဝင်​လိုက်​သည်..။

"​မောင်​..​မောင်​..မမဒီမှာ.."

အမြဲတမ်းဆွဲ​ဆောင်​မှုရှိ​အောင်​ပြင်​ဆင်​နေထိုင်​တတ်​သော..P'samကို သူချစ်​ခဲ့သည်​...သူမစကားသံ..သူမအပြုမူ​တွေက သူ့ကိုရင်​ခုန်​စေသည်​..ပြီး​တော့..သူ့အနားအမြဲရှိ​ပေးသည်​..ကိုကို ဆုံး​တော့လည်း သူမရှိ​ပေးသည်​..ပြန်​လို့မရတဲ့ အ​ခြေ​နေတုန်းကလည်းသူ့အနားရှိ​ပေးသည်​..။

"P'sam.."

သူပြုံးပြကာ..P'Sam​ရှေ့သွားထိုင်​တော့..ဘေးကနေချိုအီအီ အနံ့တစ်​ခုကိုရ​လိုက်သည်..။

"P'sam..​ရေ​မွှေးဆွတ်​လာတာလား.."

"အင်း​လေ..​မောင်​ရဲ့ အရင်​ကလည်းဆွတ်​နေကျပဲကို ခုမှအထူးအဆန်း.."

P'sam​ပြောမှ သတိထားမိသည်​..ဟုတ်​သားပဲ P'samက ချိုအီအီ အနံ့ကိုကြိုက်​တာတဲ့သူ..။

KristSingto Memo Story💕 [Z/U]Where stories live. Discover now