မ​ပြောင်းလဲ​သော.. Part_3

393 40 1
                                    

မ​ပြောင်းလဲ​သော.. Part_3

(Zawgyi)

သူP'Singနားကပြေးထွက်လာခဲ့တယ်..ဒီအခြေနေကိုသူနားမလည်တော့ဘူး...P'Sinngဘာလို့အဲ့လိုလုပ်ရတာလဲ..သူ့အတွက်ကတော့P'Singက အစ်ကို တစ်ယောက်ထက်ပိုတယ်ဆိုတာဝန်ခံပေမဲ့P'Singအတွက်ကျတော့ သူက ဘာလဲ...ဘာပဲဖြစ်ဖြစ်ပါP'Singအတွက်သူက P'အတွက်တော့ညီတစ်ယောက်တဲ့ပိုလို့ မရတဲ့လူတစ်ယောက်ပဲ..။

P'Singကိုစိတ်ဝင်စားတဲ့အချိန်ကစပြီး ကိုယ့်ကိုကိုယ်လက်ခံနိုင်ပေမဲ့သူ့ကိုတော့ယောကျာ်းချင်းသဘောကျတဲ့လူတစ်ယောက်အဖြစ်မခံနိုင်ဘူး...P'Singလိုအရာရာပြည့်စုံတဲ့လူကို ရွေးချယ်မဲ့ ကောင်မလေးတွေတစ်ပုံကြီးပဲလေ..။

သူကား​မောင်း​နေရင်း မျက်​ရည်​စီးကျ​နေခဲ့တယ်​..စာချုပ်​ကိစ္စရှိ​သေးတာ​ကြောင့်​အတတ်​နိုင်​ဆုံး​ရှောင်​မယ်​လို့သာဆုံးဖြတ်​ခဲ့တယ်​..။

"ကျ​တော့်​ကိုစိတ်​ယိုင်​အောင်​ထပ်​မလုပ်​ပါနဲ့​တော့P'Sing.."

သူ​P'Singကိုအတတ်​နိုင်​ဆုံး​ရှောင်​ခဲ့တယ်​..ပါတီပွဲပြီးတည်းက​ပေါ့..ဒါ​ပေမယ့်​အလုပ်​ကိစ္စကို​တော့ အလစ်​ဟင်းမခံဘူး..အလုပ်​ကသူ့ဘဝ​လေ..ကျောင်းမပြီးခင်​တည်းက parကိုဝင်​ကူရင်းနဲ့..လုပ်​ခဲ့ရတဲ့အလုပ်​..သူ့ဘဝတစ်​ခုလုံးအလုပ်​အတွက်​ပဲနှစ်​ထားခဲ့တာ..P'Singအ​ပေါ်ထားခဲ့စိတ်​ကို​တောင်​ချိုးနှိမ်​ပြီးအလုပ်​ပေါ် သူ့ဘဝတစ်ခုလုံးပုံ​အောခဲ့ရတာ..။

စီးပွား​ရေး​လောက ဆိုတာ တကယ်​တော့ လည်​သူစား​ကြေးပါ..ကိုယ်ကြိုးစားရင်​ကြိုးစားသ​လောက်​ဖြစ်​နိုင်​ပေမဲ့ တစ်​ခါတ​လေ ဥာဏ်​ကစားရတဲ့အခါ​တွေလည်းရှိတယ်​..။

သူတို့ကုမ္မဏီ..အခုလို နာမည်​ရလာတာလဲpar ရဲ့မိတ်​ဆွေ​တွေကောင်းမှု..သူ့ရဲ့ကြိုးစားမှု ဝန်​ထမ်း​တွေရဲ့ကြိုးစားမှု​တွေ​ကြောင့်​..ခုဆို P'Singနဲ့စာချုပ်​ကလည်းပြည့်​တော့မယ်​..။

P'Singကလည်း အရင်​ကထက်​စာရင်​ပိုပြီးနာမည်​ရလာပြီ​..ဒါ​ကြောင့်​စာချုပ်​ကို ထပ်​မချုပ်​ဖို့ဆုံးဖြတ်​ထားတယ်​..စာချုပ်​ပြည့်​ဖို့ကလည်း မလို​တော့တာ​ကြောင့်​နည်းနည်း​လောက်​ရှောင်​ရင်​ရပါပြီ..လို့သာ သူစဉ်းစားထားခဲ့သည်..။

KristSingto Memo Story💕 [Z/U]Where stories live. Discover now