မ​ပြောင်းလဲ​သော..Part_4

392 41 2
                                    

မ​ပြောင်းလဲ​သော..Part_4

(Zawgyi)

သူဖိုးဖိုးနဲ့စကား​တွေအများကြီး​ပြော​နေခဲ့တယ်​..
ဖိုးဖိုးကိုလွမ်း​နေခဲ့တာ..Parကဖိုးဖိုးကို အိမ်​မှာလိုက်​နေဖို့​ခေါ်ခဲ့​ပေမဲ့..ဖိုးဖိုးက တိတ်​တိတ်​ဆိတ်​ဆိတ်​ပဲ​နေချင်​တယ်​ဆိုတာ​ကြောင့်​ဒီခြံ​လေးကိုParကဝယ်​ပေးခဲ့တာ..ရေ​မြေခြားမှာ​ရောက်​နေ​ပေမဲ့ ဖိုးဖိုးနဲ့အဆက်​သွယ်​မပြတ်​ခဲ့ဘူး..
ဒါ​ပေမယ့်​လည်း ခုထိ ဖိုးဖိုးကို​ပြောပြစရာမကုန်​သေးပြန်ဘူး..။

"ကဲ..ဖိုးဖိုး​ရေ..ဖိုးဖိုး​မြေးစကားနား​ထောင်​နေရင်​ဖိုးဖိုးတစ်​နေကုန်​သွားလိမ့်​မယ်​..ကျ​တော်​ဈေးသွားပြီးတစ်​ခုခုသွားဝယ်​လိုက်​အုန်းမယ်​.."

သူတို့ကိုလှမ်း​ပြောရင်း အိမ်​ပြင်​ကိုထွက်​နေတဲ့P'Singကို သူတစ်ချက်ကြည့်လိုက်သည်..။

"​နေအုန်း​မြေး..kit..ကိုပါ​ခေါ်သွား.."

"ဟင့်​အင်း​ဈေးမသွားချင်​ဘူး..ဖိုးဖိုးနဲ့ပဲ စကား​ပြောမှာ..သားခုထိ​ပြောလို့မဝ​သေးဘူး.."

"​မြေး..Singto က ဧည့်​သည်​နော်​..ဘယ်​နေရာမှာ ဘာရှိလဲ​မြေး​လောက်​သိတာမဟုတ်​ဘူး..သွား..လိုက်​သွားလိုက်​.."

ဖိုးဖိုး​ပြောလိုက်​တော့..မကြည်​မသာနဲ့ထလာတဲ့Kitကိုကြည့်ပြီး သူပြုံးလိုက်သည်..​Kitရဲ့ခုလိုပုံစံ​လေးကိုတစ်​ခါမှမမြင်​ဖူးဘူးမဟုတ်လား..။

"လာ..သွားမယ်​.."

သူတို့အတူတူဈေးကို ထွက်လာခဲ့ကြသည်..ဒါပေမဲ့​ဈေး​ရောက်​တော့..လူ​တောင်​ရှင်း​နေပြီ..သူတို့လည်း ရတဲ့အသားငါ​လေး​တွေဝယ်​နေတုန်း.အ​ဒေါ်ကြီး​တွေရဲ့ စတဲ့စကား​တွေ​ကြောင့်​ နှစ်ယောက်သား ရှက်​ခဲ့ရသေးတယ်​..။

"​ကောင်​လေးတို့က အတွဲ​တွေလား..​တော်​တော်​လိုက်​တယ်​နော်​..တစ်​ခါမှ မမြင်​ဖူးဘူး..ချစ်​စရာ​လေး​တွေ..တဲ့.."

အ​ဒေါ်​တွေရဲ့စကား​တွေကြားပြီး Kitက​ရှက်​ပြီးခေါင်းငုံ့​နေတယ်​..သူလည်းပိုက်​ဆံမြန်​မြန်​ရှင်းပြီးထွက်​ခဲ့လိုက်​တယ်​..သူကိုယ်တိုင်လည်း မျက်နှာပူတယ်လေ..။

KristSingto Memo Story💕 [Z/U]Where stories live. Discover now