မ​ပြောင်းလဲ​သော..Part_4

Start from the beginning
                                    

"Kit..ခုနအ​ဒေါ်​တွေ​ပြောတာ​လေ..တကယ်​ဖြစ်​ရင်​ကောင်းမယ်​နော်​.."

"ဘာကိုတစ်ကယ်ဖြစ်ရင်ကောင်းမှာလဲ.."

ခပ်စူစူဖြစ်ချင်နေသည့် Kitကိုကြည့်ပြီး သက်ပြင်းချလိုက်သည်..။

"Kit..အရာရာတိုင်းမှ အချိန်​ဆိုတာရှိတယ်​သိလားKit..ကိုယ်တို့ဟိုးအရင်​တည်းက​တွေ့ဆုံခဲ့ကြတယ်​..ကိုယ်ကသတိမထားခဲ့​ပေမဲ့ kitက ကိုယ့်ကိုသတိထားခဲ့တယ်​..ကိုယ့်ကို စိတ်​ပူတဲ့ပုံ​လေးနဲ့ လာ​မေးတဲ့မင်းရဲ့မျက်​လုံးက ကိုယ့်ကိုနွေး​ထွေးမှု​ပေးခဲ့တယ်​ဆိုတာ ယုံလား..ကိုယ့်ကို ယုံပါလို့ အတင်းမ​ပြောဘူး ကိုယ့်ရဲ့လုပ်​ရပ်​က Kitကို ဘယ်​လောက်​သ​ဘောကျတဲ့ဆိုတာကိုသာ လက်​ခံ​ပေးပါ​လား..နော်.."

P'Singရဲ့အကြည့်တွေကို သေချာကြည့်နေခဲ့သည်..အဲ့အကြည့်​တွေကို သူမေ့မရခဲ့တာ..
နေ့တိုင်းနီးပါးသတိရခဲ့တာ..။

" မြန်​မြန်​လာ..ဖိုးဖိုးဗိုက်​ဆာ​နေပြီ.."လို့သာ​ပြောပြီး ခပ်​သွက်​သွက်​လျှောက်​ခဲ့လိုက်​တယ်​..
တော်​ကြာ သူ့ရဲ့ရင်​ခုန်​သံကို ဘေးကလူကြားသွားလိမ့်​မယ်​..။

ပြန်​ရောက်​တော့ ချက်​ပြုတ်​ပြီးစား​သောက်​ခဲ့ကြတယ်​..သူကတော့တစ်​နေ့ခင်းလုံးဖိုးဖိုးအနားမှာပဲ အချိန်​ဖြုန်းခဲ့တယ်​..ည​နေ​ရောက်​တော့..
ဖိုးဖိုးက​နောက်​နေ့မှ ပြန်​ဖို့​ပြောတာ​ကြောင့်​သူတို့ညစာစားပြီးဖိုးဖိုးအိမ်​မှာ ညအိပ်​ဖို့ဖြစ်​လာခဲ့ပြန်တယ်..​..။

"Kit..​ရေမချိုးဘူးလား.."

"P'Singအရင်​ချိုးလိုက်​လေ ကျ​တော်​ပြီးမှ ချိုးလိုက်​မယ်​.."

"ဟင့်​အင်း kitအရင်​ချိုး..ဟိုတစ်​ခါက ကိုယ် အရင်​ချိုးတာဆို​တော့ ခု Kitအရင်​ချိုး.."

"အင်း..အဲ့တာဆို ကျ​တော်​အရင်​ချိုးလိုက်​မယ်​.."

ပြောပြီးတာနဲ့ ဗီဒိုထဲက အဝတ်​ယူပြီး​ရေချိုးခန်းထဲဝင်​ကာ​ရေချိုးလိုက်​တယ်​..​ပြန်​ထွက်​လာ​တော့..ကုတင်​ကိုပြန်​ဆန့်​နေတဲ့P'Singကသူ့ကိုပြုံးပြတယ်..။

"Kit ပြီးပြီလား..ကုတင်​ကဖုံနည်းနည်းရှိလို့ သုတ်​နေတာ..ကို​ယ်ရေချိုး​တော့မယ်​Kitအိပ်​ချင်​အိပ်​နှင့်​နော်​.."

KristSingto Memo Story💕 [Z/U]Where stories live. Discover now