Arc 2.10 (part-2)

Start from the beginning
                                    

ကလေးငယ်။

သူနဲ့ရှဲ့ဖန်းချင် ယှဉ်လာရင် ကလေးငယ်ဘယ်သူ့ကိုပိုပြီး အလေးထားရွေးချယ်မလဲ သူတကယ်သိချင်သည်။

ကလေးငယ်က သူ့ချစ်သလို သူ့ကိုပြန်ချစ်တန်ကောင်းပါရဲ့။

မပြောနိုင်ဘူးလေ။

ကလေးငယ်ကို သူက မနေ့တနေ့ကမှ ဂရုစိုက်တာ။
ရှဲ့ဖန်းချင်ကတော့ ကလေးငယ်အရင်က နှိပ်စက်ခံခဲ့ရတဲ့အချိန်က ဂရုစိုက်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူ။ ကလေးငယ်ကို မုဖေးယွဲ့နှိပ်စက်တဲ့အကြောင်းကို ရှဲ့ဖန်းချင်မသိပေမဲ့လည်းပေါ့။

ဘာပဲဖြစ်ဖြစ်လေ ကလေးငယ်က သူ့အစားရှဲ့ဖန်းချင်ကိုရွေးလည်း သူ့အနေနဲ့ အပြစ်ပြောလို့မရဘူး။ ဒီ့အတွက် သူက ကလေးငယ်ကို ယခုထက်ပို ဂရုစိုက်ပေးရမှာ။

"ခန်းအော်......"

စာသင်ဆောင်သို့ လိုက်ပို့ပြီးပြန်ခါနီး ကလေးငယ်ကိုခေါ်လိုက်တော့။
သူ့အားကြည့်လာသည့် ကလေးငယ်။

ကလေးလေးသာ ငါ့ကိုမရွေးခဲ့ရင် ငါတကယ်စိတ်မကောင်းဖြစ်ရလိမ့်မယ်ထင်တယ်။

"ခမည်းတော်......ဒီနေ့ အပြန်ကြရင် လာမကြိုနိုင်ဘူး"

"ဘာဖြစ်လို့လဲဟင်........."

"ခမည်းတော်ကို လူတစ်ယောက်လာတွေ့မယ်ဆိုလို့.........အပြန်ကြရင် ထျန်းရှလာကြိုလိမ့်မယ် ပြီးရင် အနောက်ဖက်ဥယျာဉ်ထဲလိုက်လာခဲ့နော်.......သားတော်တွေ့ချင်လောက်တဲ့ လူတစ်ယောက်လာလိမ့်မယ်"

"ဦးရီးတော်လား......"

ဘယ်လောက်များမျှော်နေခဲ့တာလဲ......

ကလေးငယ်က တစ်ခါထဲနဲ့တောင် ချက်ချင်းခန့်မှန်းနိုင်တယ်။

သူ့ကလေးလေးကတော်လိုက်တာ။

အံ့သြနေတဲ့မျက်လုံးလေးတွေက ဝမ်းသာနေတဲ့အရိပ်တွေကိုဖုံးမရပါလား။

ခံရခက်လိုက်တာ။

ကလေးငယ်ကို ပျော်အောင်လုပ်ပေးနိုင်မဲ့လူက ဒီကမ္ဘာမှာသူတစ်ယောက်ထဲရှိလိမ့်မယ် ထင်နေခဲ့တာ။

ဒီလိုကလေးငယ်က လူတစ်ယောက်နာမည်ကြားရုံနဲ့ ဒီလောက်ပျော်သွားတယ်ဆိုတော့ ကြည့်ရတာ ကလေးငယ်ရဲ့ အဖြေကို သူမှန်းမကြည့်တောင်သိသင့်ပြီ။

Rebounding System(OC)Where stories live. Discover now