ချုံးသာ့ဖန်းဟာ ဘီယာဘူးကို သေချာ စေ့စေ့စပ်စပ် ကြည့်ပြီးသည့်နောက် စားပွဲခုံပေါ် ဒုန်းခနဲဆောင့်ချလိုက်တယ်။
"မင်းဘိုးအေတဲ့မှ.....အရသာက စုတ်ချာလွန်းလို့ ဘီယာသောက်မိတာလား သေးသောက်မိတာလားတောင် မကွဲတော့ဘူး! ကျန်းရှောင်ချီး.... မင်းဒီလို အပေါစား အတုအယောင်တွေကို ဘယ်ဆိုင်ကဝယ်လာတာလဲ?"
ကျန်းရှောင်ချီးဟာ ထိုစကားကိုကြားလိုက်ရချိန်တွင် အိုဗာတင်းဖျော်နေရာမှ ချုံးသာ့ဖန်းလက်ထဲက ဘီယာဘူးကိုလှမ်းယူလိုက်တယ်။ "ဘာကို အပေါစားအတုအယောင်လဲ? ဒီဘီယာက Tsingtaoဘီယာထက် 1.2$ သက်သာတယ်။ မင်းမသောက်ချင်နေ.... ကောင်းပြီ ခေါင်းကိုက်စရာကိစ္စတွေ အကုန်လွင့်ကုန်အောင် ငါပဲသောက်လိုက်တော့မယ်။"
ချုံးသာ့ဖန်းဟာ ကျန်းရှောင်ချီးကို 'သံကိုသံမဏိမဖြစ်ရကောင်းလားဆိုပြီး မုန်းနေတဲ့' လူတစ်ယောက်လို စိုက်ကြည့်နေမိတယ်။
(တိုးတက်မှုရှိမလာတဲ့အပေါ် စိတ်မရှည်တော့ဘဲ အားမလိုအားမရဖြစ်တာကိုပြောတာပါ)"မင်းဆိုသည်မှာလဲ... အမြဲတမ်း မင်းနဲ့တွဲသမျှလူတိုင်းကို ဒုက္ခတွေပေးနေတာ။ အဲ့မှာသူတို့ကို ခြောက်လှန့်နေလိုက်! ဟိုကထားသွားတာ အဆန်းတော့မဟုတ်ဘူး။ ပြီးခဲ့တဲ့ဟိုတစ်ခေါက်တုန်းကကော....? ဘယ်သူလဲ....အဲ့တစ်ယောက်ကိုသဘောကျတယ်ဆိုပြီး မင်းရေမြောင်းဖောက်သေးတယ်လေ!? အဆုံးသတ်ကျ မင်းသူ့ဆီပို့လိုက်တဲ့ ရက်လွန်နေတဲ့ဟာတွေစားမိပြီး သုံးရက်လောက်ဆေးရုံတက်လိုက်ရပါလေရော! ပြီးတော့အရှေ့ကတစ်ယောက်.. အဲ့အရှေ့ရဲ့အရှေ့ကတစ်ယောက်ကော.... အားလပ်ရက် အပျော်ခရီးတိုလေးသွားမယ်ဆိုပြီး..... လမ်းလျှောက်ပြီးသွားလိုက်ကြတာ ဟိုကခြေထောက်တွေ သွေးကျပြီး ချိချင်သလိုတောင် ဖြစ်သွားတယ်! အဲ့taxiခနည်းနည်းလေး သက်သာဖို့အတွက်..."
ရှောင်ရှောင်ဟာ မျက်ရည်တွေသုတ်ပစ်လိုက်ပြီး သူ့ကိုယ်သူ အယူခံဝင်လိုက်တယ်။ "ငါ အဲ့ကိစ္စတွေအကုန်လုံး တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမှမဟုတ်တာ! အဲ့တုန်းက သူ့အတွက်ထမင်းဘူးကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တာပဲ.... ရေခဲသေတ္တာပျက်နေမယ်လို့ ဘယ်သူကထင်မှာလဲ! ပြီးတော့ အဲ့ခရီးကိစ္စ.... အစိုးရbusကားလိုင်းတွေ လမ်းကြောင်းပြောင်းသွားတာ ငါမှမသိလိုက်တာ....အု...အု...အု....ငါ့မှာလည်း နာကျည်းချက်တွေနဲ့"
YOU ARE READING
The Generous Poor With Really Stingy (MM Translation)
סיפור קצרCompleted✔✔ 📌 This is my second work of Translation.Not for money! Not my own story! I just want to share this beautiful story with my local ppl. All the credit goes to original author and publishers. If you're author or publishers and you don't l...