☘️ချာတိတ်☘️Part 10(Z/U)

3K 215 10
                                    

ချာတိတ်  (အပိုင်း ၁၀)

"မောင်''
''ဗျာ''
''ညနေ အားလားဟင် ''
''အားတယ်လေ ပိုး ဘယ်သွားချင်လို့လဲ''
''ဘုရားသွားချင်လို ပိုးကိုလိုက်ပို့ပေးပါ့လား''
''အင်း ညနေမသွားနဲ့လေ ပိုးရဲ့ မနက်ဖန်မှသွားကြမယ်လေ ပိုးရော မောင်ရော မနက်ဖန် အတန်းချိန်က နေ့လည်မှမလား ''
''ဟုတ်ကဲ့ပါမောင် ''
''ကဲ မောင်စာကြည့်တိုက်ဘက်ခဏသွားဦးမယ်နော် ''
''နေ့လည်စာမစားဘူးလားမောင်''
''အင်း မောင်မဆာလို့ ပြီးတော့ ထမင်းဘူးပါတယ်လေ ပိုးဗိုက်ဆာရင်စားနှင့်နော် မောင့်စားပွဲပေါ်မှာ ထမင်းဘူးရှိတယ် ''
''အင်းပါမောင်ရယ် သွား  ပိုးဥက ကလေးမှမဟုတ်တာ''
''အဲ့တာဆိုသွားပြီနော်''

ကျောခိုင်းသွားတဲ့မောင့်ကို ကြည့်ရင်း
မောင်ဆိုတာ တစ်ခါတစ်လေ သိပ်လူကြီးဆန်သလို တစ်ခါတစ်လေ ကလေးတစ်ယောက်လိုပဲ  ပိုးဥကိုလည်း ဂရုစိုက်ပြီးချစ်ရှာတယ်  မောင့်လိုလူမျိုးနဲ့ဆုံခွင့်ရလို့ ကျွန်မပျော်ပါတယ် မောင်...

'''''''''''''
''ဗိုက်ဆာလိုက်တာ ဗိုက်ဆာလိုက်တာ ''

ကန်တင်းသွားတဲ့လမ်းမှာ ဗိုက်ဆာတယ်ကို အသက်မရှုပဲအော်နေတဲ့မင်းဆက်ကြောင့်  အရောင်နားကိုလက်နဲ့ပိတ်ထားလိုက်သည်။ ကြာတော့စိတ်မရှည်တော့ ဒီမှာနားကွဲတော့မယ် သူကတော့ အော်ကောင်းတုန်းပင်။

''မင်းဆက်ပိုင် မင်းပါးစပ်ပိတ်ထားနော်''
''ငါ့ဘာသာ ဗိုက်ဆာတယ်ပြောတာ ဘာဖြစ်လဲ''
''မင်းနော် ဆက်အော်နေရင် ငါမသွားတော့ဘူး ဟိုမှာ သူများတွေကြည့်နေကြပြီ ငါရှက်တယ်''

မျက်နှာလေးကို ဆူပုတ်ပြီးပြောနေတဲ့ သူငယ်ချင်လေးကို မင်းဆက်တစ်ကယ်အသည်းယားမိသည်။ငိုမဲ့မဲ့ဖြစ်နေပြီမို့ မင်ဆက်ပိုင်  ဆက်မစရဲတော့ပေ တော်ကြာထငိုနေမြှဖင့် ကိုယ့်သူငယ်ချင်းက အသေချော့ရခက်တာ ကိုယ့်အသိ။

''အေးပါကွာ မအော်တော့ဘူး လာ သွားမယ်''
''သွားရှေ့က''

ကန်တင်းနားရောက်တော့ ဆိုင်တစ်ဆိုင်ရှေ့မှာရပ်နေတဲ့ မမပိုးဥကို တွေ့တာကြောင့် အရောင် မမအနားအပြေးသွားကာ နှုတ်ဆက်လိုက်သည်။
''မမ ''
"ဟင်"

Default Title - ချာတိတ်  (Complete)Where stories live. Discover now